spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီခေါင်းဆောင်များ လူထုတွေ့ဆုံရှင်းလင်းပွဲပြုလုပ်

    မွန်ပြည်သစ်ပါတီခေါင်းဆောင်များ လူထုတွေ့ဆုံရှင်းလင်းပွဲပြုလုပ်

    -

    ဂျပန်ရေတွင်း လူထုတွေ့ဆုံပွဲ(IMNA)
    ဂျပန်ရေတွင်း လူထုတွေ့ဆုံပွဲ(IMNA)
    မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်များက ဇူလိုင်လအတွင်း လူထုတွေ့ဆုံပွဲ ရှင်းလင်းပွဲများကို နယ်မြေ ၄ ခုတွင် ပြုလုပ်လျက်ရှိသည်။

    မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ဒေသတွင် ဒုဥက္ကဌ နိုင်ဟံသာ၊ ထားဝယ်ခရိုင်တွင် အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်း၊ သထုံခရိုင်တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဝင်းလှ၊ ဗဟိုဌာနနှင့်ပတ်ဝန်းကျင်ဒေသတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အေးမွန် အပါအဝင် သက်ဆိုင်ရာခရိုင်ဥက္ကဌနှင့် စစ်ကော်မတီတို့ပါဝင်၍ လူထုရှင်းလင်းပွဲများ ပြုလုပ်ခြင်း ဖြစ်သည်။
    ထိုင်း-မြန်မာနယ်စပ် ဘုရားသုံး ဆူမြို့နယ်၊ ဂျပန်ရေတွင်းကျေးရွာတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သော လူထုရှင်းလင်းပွဲသို့ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အေးမွန်ခေါင်းဆောင်၍ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အမှတ်(၅) ဒုတပ်ရင်းမှူး ဗိုလ်မှူးချမ်းလွန်၊ ဒေသခံများ၊ မွန်လူငယ်အဖွဲ့၊ မွန်အမျိုးသမီးအဖွဲ့ဝင်များနှင့် ဒေသခံ စုစုပေါင်း ၁၀ဝ ဦးခန့် တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

    နိုင်အေးမွန်က “၁၉၉၅ ခုနှစ်မှာတစ်ကြိမ် ၁၅ နှစ်ကျော် အပစ်ရပ်စဲခဲ့တဲ့ကာလတွေမှာ မွန်ပြည်သစ်ပါတီဝင်အင်အား ထက်ဝက်လောက် ဆုံးရှုံးခဲ့တယ်၊ အခုလည်း ၂၀၁၂ ကစပြီး အပစ်ရပ်စဲတဲ့လက်မှတ် ထိုးပြန်တယ်၊ ဒီကာလမှာ မွန်ပြည်သစ်ပါတီအနေနဲ့ ဘယ်လိုကိစ္စတွေကို ဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတဲ့ အကြံဉာဏ်တွေကို မိဘပြည်သူတွေဆီက တောင်းခံပါတယ်” ဟု ရှင်းလင်းပွဲမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ယနေ့မြန်မာ့နိုင်ငံရေးအခြေနေ၊ မွန်ပြည်သစ်ပါတီနှင့်အစိုးအရအကြား တွေ့ဆုံဆွေးနွေးသည့်ဖြစ်စဉ်များ၊ ပါတီ၏လက်ရှိဆောင်ရွက်ချက်များကို နိုင်အေးမွန်က မိနစ် ၅၀ ကြာခန့် ဒေသခံလူထုများအား ရှင်းလင်းပြောကြားခဲ့သည်။

    ကြံတောရွာသား နိုင်ကျော်က “လာမယ့်၂၀၁၅ ရွေးကောက်ပွဲမှာ မွန်နိုင်ငံရေးပါတီ ၂ ပါတီကို ၁ ပါတီတည်းဖြစ်ဖို့လုပ်ဆောင်ပေးပါ” ဟု တောင်းဆိုခဲ့သည်ကို တွေ့ရသည်။

    အလားတူ ကြာအင်းဆိပ်ကြီး၊ မုဒုံ၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသခံများအား တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်ဟု မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။

    နိုင်ဟံသာက “မွန်ပြည်သစ်ပါတီဆိုတာ မွန်တစ်မျိုးသားလုံးရဲ့ပါတီဖြစ်တဲ့အတွက် ပါတီက ဘာတွေ လုပ်နေတာလဲ၊ မြန်မာအစိုးရနဲ့ ဆွေးနွေးတဲ့အခါမှာလဲ ဘာတွေထပ်ဖြည့်ဖို့လိုလဲ၊ ဘယ်ဟာကိုသဘော မကျတာရှိလဲ စတာတွေ မွန်ပြည်သူတွေ သိထားသင့်တယ် ၊ သူတို့အနေနဲ့လဲ အကြံညာဏ် ပေးလို့ရ အောင် ပါတီကလည်း သူတို့ရဲ့သဘောထားတွေ သိချင်တဲ့အနေနဲ့ ရည်ရွယ်ပြီးတော့ ဒီရှင်းလင်းပွဲကို နှစ်တိုင်းလုပ်တာပါ” ဟု ပြောသည်။

    အလားတူ တွေ့ဆုံရှင်းလင်းပွဲများကို မော်လမြိုင်၊ ကျိုက်မေရော၊ ပေါင်၊ ကော့ကရိတ်၊ ဖားအံ၊ ရေး၊ ရေဖြူ၊ ဘုရားသုံးဆူမြို့ နယ်နှင့် မွန်ပြည်သစ် ဗဟိုဌာနထိန်းချုပ်ရာပတ်ဝန်းကျင်ဒေသတို့တွင် ပြုလုပ် နေဆဲဖြစ်သည်ဟု သိရသည်။

    မွန်ပြည်သစ်ပါတီနှင့် မြန်မာအစိုးရတို့သည် ၂၀၁၂ ဖေဖော်ဝါရီလ (၂၅)ရက်နေ့တွင် ပြည်ထောင် စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီးနောက် နိုင်ငံလုံးဆိုင်အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းနေသည်ကို တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks