spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းတားမြစ်ဓါတုပစ္စည်းပါ အလှကုန်များကို မြဝတီမြို့တွင်လိုက်လံသိမ်းဆည်း

    တားမြစ်ဓါတုပစ္စည်းပါ အလှကုန်များကို မြဝတီမြို့တွင်လိုက်လံသိမ်းဆည်း

    -

    မင်းသုတ – ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ဈေးဆိုင်နှင့် စတိုးဆိုင်များ၌ တားမြစ်ဓါတုပစ္စည်းပါ အလှကုန်ပစ္စည်းအများအပြားကိ်ု မြန်မာအာဏာပိုင်များက ဇူလိုင်လ ၁ ရက်နေ့တွင် စတင် ရှာဖွေသိမ်းဆည်းခဲ့သည်။

    ထိုင်းနိုင်ငံမှထုတ်လုပ်သော အမျိုးသမီးမျက်နှာလိမ်း အလှကုန်ပစ္စည်း ၉ မျိုး၌ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ဓါတ်ခွဲစမ်းသပ်ချက်အရ ၄င်းပစ္စည်းများသည် မှတ်ပုံတင်ထားခြင်းမရှိသည့်အပြင် ဘေးအန္တရယ်ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်းများပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိသဖြင့် ရှာဖွေသိမ်းဆည်းသွားမည် ဖြစ်ကြောင်း မြဝတီမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးအရာရှိ ဒေါက်တာမင်းဝင်းအောင်က ပြောသည်။

    ဒေါက်တာမင်းဝင်းအောင်က “ဒီမျက်နှာလိမ်းအလှကုန်ပစ္စည်းတွေဟာ လူတွေကိုဘယ်လိုအန္တရာယ်မျိုးတွေ ဖြစ်စေတဲ့အကြောင်း ရောင်းချနေတဲ့ ဈေးဆိုင်တွေ စတိုးဆိုင်တွေကို ပညာပေးရှင်းပြတယ်၊ နောင်မှာမရောင်းချဖို့ကိုလည်း ခံဝန်ကတိလက်မှတ်ထိုးခိုင်းတယ်၊ အဖမ်းအဆီးတော့ မလုပ်သေးဘူး” ဟု ပြောသည်။

    ယင်းတားမြစ်ဓါတုပစ္စည်းများပါဝင်သော အလှကုန်ပစ္စည်းအသုံးပြုသူများအနေဖြင့် အရေပြားကင်ဆာနှင့် ယာနားဝေဒနာများ ခံစားရလိမ့်မည်ဟု သိရသည်။

    အဆိုပါ မျက်နှာလိမ်းအလှကုန်အမျိုးအမည်များမှာ ၁-Mellano Cream No.1(7g), ၂-Mellano Night Cream No.2 (7g) ၃-Mellano Faceial Nourshing Cream No.3(7g), ၄-Polla Gold-Super White Perfects Cream(10g) ၅-Polla Anti Melasma Cream(New Night Cream)(5g) ၆-Polla Platinum Crystal White Nourishing Face Cream(10g) ၇-Baschi-Day Cream(Whitening Cream)(5ml) ၈-Baschi-Night Cream(Whitening Cream)(5ml) ၉-Nineteen Nano 19-Whitening Nano Night Repair Cream များဖြစ်ကြောင်း ကရင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးရုံး၏ အကြောင်းကြားစာအရ သိရသည်။

    မြဝတီမြို့ခရိုင် ဆရာဝန်ကြီးဦးစီး၍ ကျန်းမာရေးဌာန၊ စည်ပင်သာယာရေး၊ လဝက၊ ရဲများနှင့် ဌာနဆိုင်ရာအာဏာပိုင်များပါဝင်သော အထူးအဖွဲ့က အဆိုပါ မျက်နှာလိမ်းအလှကုန် ဓါတုတားမြစ်ကုန်ပစ္စည်းများကို လိုက်လံသိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။

    “ဒီမျက်နှာလိမ်းကျွတ်ခရင်(မ်)တွေက တစ်ဗူးကို ဘတ် ၃၀- ၄၀ ဝန်းကျင်၊ မြန်မာငွေတစ်ထောင်ဝန်းကျင်ကျော်ပဲ ရှိတယ်၊ သုံးပြီးရင် မျက်နှာတွေလည်း ဖြူလာတယ်ဆိုတော့ ကျမတို့အမျိုးသမီးတွေအကြိုက်ပေါ့” ဟု မြဝတီမြို့ခံ မိယဉ်ချိုင်းက ပြောသည်။

    သို့ရာတွင် အဆိုပါအလှကုန်ပစ္စည်းမျိုး အသုံးပြုသူ အမျိုးသမီးအချို့ မျက်နှာအရေပြားပေါ် အဖုများပေါက်ပြီး ယားနာဖြစ်ကာ ဓါတ်မတည့်ရောဂါဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိခဲ့ဘူးကြောင်း သူမက ဆက်ပြောသည်။

    အဆိုပါ အလှကုန်ပစ္စည်းများတွင်ပါရှိခဲ့သော တံဆိပ်နှင့် ကုမ္ပဏီအမည်တို့တွင် ထိုင်းနိုင်ငံမှထုတ်လုပ်သည်ဟုရေးသားထားသော်လည်း အင်တာနက် ဝဘ်ဆိုက်များတွင်ရှာမတွေ့နိုင်ပေ။

    အလားတူ ပြည်တွင်း စားသောက်ကုန် ဈေးကွက်သို့ ဈေးနှုန်းချိုသာ၍ ထုပ်ပိုးမှုပုံစံလှပသော ၊ အသင့် အစားအစာ (Instant Food) ၊ အမြန်အစားအစာ (Fast Food) နှင့် အမှိုက်စာ (Junk Food)၊ ပေါင်မုန့်၊ ကိတ်မုန့်၊ အချိုရည် အစရှိသည့် (Processed Food) တို့ အိမ်နီးချင်းနိုင်ငံများမှ ဝင်ရောက်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts