spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်လွှတ်တော်သစ် ဆောက်လုပ်မည်

    မွန်ပြည်နယ်လွှတ်တော်သစ် ဆောက်လုပ်မည်

    -

    လက်ရှိမွန်ပြည်နယ်လွှတ်တော်(RFA)
    လက်ရှိမွန်ပြည်နယ်လွှတ်တော်(RFA)
    အေမီအောင် – မွန်ပြည်နယ် လွှတ်တော်သစ်ကို မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ သံလွင်ဥယျာဉ် ပန်းခြံဘေးလစ်လပ်နေသော တရုတ်သင်းချိုင်း မြေနေရာဟောင်းတွင် ဆောက်လုပ်မည်ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ဇွန်လ ၃၀ ရက်နေ့တွင် လွတ်လပ်သော မွန်သတင်းအေဂျင်စီ (IMNA) သို့ ပြောသည်။

    ဒေါက်တာအောင်နိုင်ဦးက ” ဇူလိုင်လ ပထမ အပတ်မှာ ပန္နက်ချမယ်၊ တစ်နှစ်အတွင်း အပြီး ဆောက်လုပ်သွားဖို့ ကုမ္ပဏီနဲ့ သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်တယ်” ဟုပြောသည်။

    အဆိုပါ လွှတ်တော်တည်ဆောက်ရေး လေလံအနိုင်ရရှိခဲ့သည့် TRINE TOP ကုမ္ပဏီက မြေ ၂ ဒသမ ၈၀ ဧက နေရာတွင် အလျားပေ ၂၀ဝ၊ အနံပေ ၈၀ သုံးထပ်အဆောက်အအုံကို ကျပ်သိန်း တစ်သောင်းကျော်သတ်မှတ် လျာထားခဲ့သော်လည်း ဘတ်ဂျက်ငွေ မလုံလောက်မှုကြောင့် အလျားပေ ၁၀ဝ အနံပေ ၈၀ ရှိလွှတ်တော် ပင်မအဆောက်အအုံကို စတင်ဆောက်လုပ်မည်ဟု သူကဆိုသည်။

    ထို့နောက် လမ်းပိုင်းဆိုင်ရာ၊ တည်းခိုဆောင်၊ လုံခြုံရေးဂိတ်၊ ခြံစည်းရိုးများ ဆောက်လုပ်ရန် လာမည့်နှစ်ဝက်တွင် ဖြည့်စွက်ရန်ပုံငွေ ကျပ်သိန်းခြောက်ထောင်ကို ဆက်ပြီး တောင်းခံမည်ဟုလည်း မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

    သတင်းဆောင်းပါးရှင် သံလွင်အေးက ” လွှတ်တော်က မွန်ပြည်နယ်မှာရှိနေတဲ့ လူတွေအားလုံး ဂုဏ်ယူဝံ့ကြွားနိုင်တဲ့ နေရာဖြစ်တဲ့အတွက် မွန်ယဉ်ကျေးမှု ဒီဇိုင်း ပုံစံမျိုးဆောက်လုပ်စေချင်တယ်” ဟု ပြောသည်။

    ထို့အပြင် လွှတ်တော်သည် ပြည်သူများ၏ ဆန္ဒလိုအပ်ချက်၊ တောင်းဆိုချက်များကို မျက်နှာချင်းဆိုင်ဆွေးနွေးရသည့်နေရာဖြစ်သည့်အလျှောက် နိုင်ငံတကာများနှင့်နည်းတူ ပြည်သူများ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ရန် သီးသန့်နေရာ ထားရှိသင့်သည်ဟုလည်း သူကဆိုသည်။

    လက်ရှိမွန်ပြည်နယ်လွှတ်တော်သည် ပြည်နယ် အစိုးရအဖွဲ့ရုံးဝင်း အနောက်ဘက်ရှိ ဧည့်ခန်းဆောင်ခန်းမကို လွှတ်တော်အဖြစ် အသုံးပြုလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts