spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းပုဒ်မ ၄၃၆ ပြင်ဆင်ရေး မော်လမြိုင်မြို့တွင်လူထုဟောပြောပွဲကျင်းပခဲ့

    ပုဒ်မ ၄၃၆ ပြင်ဆင်ရေး မော်လမြိုင်မြို့တွင်လူထုဟောပြောပွဲကျင်းပခဲ့

    -

    10371923_10203920148102908_9138446178335276348_nအေမီအောင် -၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲကို မော်လမြိုင်မြို့၊ သံလွင်ဥယျာဉ်ရှိ New Sky ခန်းမတွင် ကျင်းပခဲ့သည်ဟု အခမ်းအနားတက်ရောက်ခဲ့သူ မွန်အမျိုးသားပါတီ MNP ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်စိုးမြင့် က လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    မွန်အမျိုးသားပါတီ (MNP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ၈၈ မျိုးဆက်ပွင့်လင်းလူအဖွဲ့အစည်းနှင့် ကရင်တိုင်းရင်းသားကိုယ်စားလှယ်များ အင်အားတစ်ထောင်ခန့် အဆိုပါလူထုဟောပြောပွဲသို့ တက်ရောက် လက်မှတ်ရေးထိုးခဲ့သည်ဟု နိုင်စိုးမြင့်က ပြောသည်။

    သူက ” ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ကိုဌေးကြွယ်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဥပဒေပညာရှင် ဒေါ်ခင်ဌေးကြွယ်က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ဟောပြောသွားတယ်” ဟုပြောသည်။

    ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို၄င်း၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒဖော်ထုတ် လက်မှတ်ရေးထိုးရခြင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မွန်ပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်က၄င်း ဟောပြောပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ကိုဇော်မင်း အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

    ကိုဌေးကြွယ်က ” ပုဒ်မ ၄၃၆ ကိုပြင်ဖို့အတွက် သန်းချီရှိနေတဲ့ ပြည်သူတွေရဲ့ အသံ၊ ဆန္ဒတွေကို လိုက်လံစုဆောင်းနေတယ်၊ ဒီအသံတွေ၊ လက်မှတ်တွေနဲ့အတူ လွှတ်တော်ထဲကို တင်ပို့မယ်”ဟုပြောသည်။

    မြို့နယ်အသီးသီးကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များတို့အနေဖြင့် မိမိတို့မဲဆန္ဒရှင်ပြည်သူများ၏ အသံများအား မကြာမီကြားသိရပါလိမ့်မည်ဟု သူကဆက်ပြောသည်။

    ယင်းလူထုဟောပြောပွဲကို မော်လမြိုင်မြို့၊ ကျိုက္ခမီလမ်းရှိ ဟုန်စံစီဘုံကျောင်း၌ မူလကကျင်းပရန် စီစဉ်ထားသော်လည်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၏ ဖိအားကြောင့် New Sky ခန်းမသို့ ပြောင်းရွေ့ခဲ့ရသည်ဟု သိရသည်။

    အခမ်းအနားကျင်းပရာတွင်လည်း ခန်းမအတွင်း၌သာကျင်းပရန်၊ အဝင်လမ်းနှစ်ဖက်တွင် ဆိုင်းဘုတ်တင်ခြင်း၊ ပန်းခြံလမ်းတစ်လျှောက် အလံတိုင်စိုက်ထူခြင်း မပြုလုပ်ရန် မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့နယ်အုပ်ချုပ်ရေးမှူးထံမှတဆင့် အကြံပြုစာပေးပို့ထားသည်ဟု အခမ်းအနားစီစဉ်သူများထံမှသိရသည်။

    ပုဒ်မ ၄၃၆ အရ ပြဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ မဲဆန္ဒပေးပိုင်ခွင့်ရှိသူအားလုံး၏ ဆန္ဒမဲဖြင့်သာပြင်ဆင်ရမည်ဟု (၂၀ဝ၈) ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks