spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းပုဒ်မ ၄၃၆ ပြင်ဆင်ရေး မွန်ပြည်နယ်တွင် စတင်လှုပ်ရှားတော့မည်

    ပုဒ်မ ၄၃၆ ပြင်ဆင်ရေး မွန်ပြည်နယ်တွင် စတင်လှုပ်ရှားတော့မည်

    -

    ပုဒ်မ ၄၃၆ ပြင်ဆင်ရေးပိုစတာ(Copy)
    ပုဒ်မ ၄၃၆ ပြင်ဆင်ရေးပိုစတာ(Copy)
    ခတ္တာနန်း – လာမည့်မေလ ၁၄ ရက်နေ့တွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလူထုဟောပြောပွဲနှင့် ဆန္ဒပြုလက်မှတ်ရေးထိုးမည့်အစီအစဉ်ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ပြုလုပ်သွားမည်ဟု သိရသည်။

    ယင်းအစီအစဉ်တွင် မော်လမြိုင်ခရိုင် NLD ပါတီ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ မွန်အမျိုးသားပါတီ၊ မွန်ပြည်နယ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၊ မော်လမြိုင်အခြေစိုက် လူမှုအဖွဲ့အစည်းများ အားလုံးပါဝင်လှုပ်ရှားသွာမည်ဖြစ်ကြောင်း ဧည့်ခံကြိုဆိုရေး တာဝန်ခံ ကိုကြည်ဇော်လွင်က ပြောသည်။

    ကိုကြည်ဇော်လွင်က “အဲဒီမှာ ပူပေါင်းကော်မတီကနေပြီး ၄၃၆ ပြင်ဆင်ရေးမှာ ဘယ်လို ပြင်ဆင်သင့်လည်း ဆိုတာနဲ့ပတ်သက်ပြီး မော်လမြိုင်မှာရော မွန်ပြည်နယ်တစ်ခုလုံးအနေနဲ့ပါ ဟောပြောပွဲတွေလုပ်သွားမှာပါ” ဟုပြောသည်။

    ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အစီအစဉ်များကို ၁၀ မြို့နယ်မှ ကိုယ်စားလှယ်များပါဝင်သည့် ပူပေါင်းကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းခဲ့ပြီး ထိုကော်မတီမှ ဦးဆောင်၍ ဟောပြောပွဲများ၊ ဖိတ်စာများ၊ လက်ကမ်းစာဆောင်ဖြန့်ဝေခြင်း၊ လက်မှတ်ရေးထိုးအစီအစဉ်အကောင်အထည်ဖော်သွားမည်ဟု သိရသည်။

    ကိုကြည်ဇော်လွင်က “လက်မှတ်ထိုး လှုပ်ရှားမှုနဲ့ပတ်သက်ပြီး MNP ပါတီကတော့ မြို့နယ်တိုင်းမှာရှိတဲ့ သူတို့ရဲ့ အဖွဲ့ဝင်တွေကနေပြီး ဆန္ဒပြုလက်မှတ်ရေးထိုးမယ့်အစီအစဉ်တွေကို ဝိုင်းလုပ်ပေးဖို့ ရှိတယ်လို့ သိထားပါတယ်” ဟု ဆိုသည်။

    အဆိုပါလူထုဟောပြောပွဲသို့ ၈၈ မျိုးဆက်ကျောင်းသား ကိုဌေးကြွယ်၊ NLD ပါတီခေါင်းဆောင် ဦးဉာဏ်ဝင်းနှင့် ဒေါ်ခင်ဌေးကြွယ်တို့ တက်ရောက်မည်ဟု သိရသည်။

    ပုဒ်မ ၄၃၆ ပြင်ဆင်ရေး NLD ၏ ကမ်းလှမ်းချက်ကို လက်တွဲဆောင်ရွက်သွားရန် မွန်အမျိုးသားပါတီ MNP ဆုံးဖြတ်ထားပြီး ဖြစ်သည်ဟု MNP တွဲဖက်အတွင်းရေးမှူး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    ဒေါက်တာမင်းကြည်ဝင်းက “၂၀ဝ၈ ဖွဲ့စည်ပုံအခြေခံဥပဒေကို ပြင်မယ်ဆိုရင် ကျနော်တို့ပါတီက ထောက်ခံပြီးသားပဲ၊ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးဖို့အတွက်ကို NLD နဲ့ ပူပေါင်းသွားမှာပါ” ဟု ပြောသည်။

    အလားတူ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအား တိုင်းနှင့်ပြည်နယ်အများစုတွင် လူထုဟောပြောပွဲနှင့် လက်မှတ်ရေးထိုးသည့်အစီအစဉ်များ ဆက်လက်လှုပ်ရှားလျှက်ရှိသည်။

    ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိင်ရန်အတွက် ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပြီးမှသာလျှင် ကျန်သည့် ပုဒ်မများကို ပြင်ဆင်ရန်လွယ်ကူကြောင်း၊ ပုဒ်မ ၄၃၆ ပြဋ္ဌာန်းချက်အရ အခြေခံဥပဒေ ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် သဘောတူမှသာလျှင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီး ဆန္ဒမဲထက်ဝက်ကျော်ရရှိမှသာလျှင် ပြင်ဆင်နိုင်မည်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks