spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ကျောင်းသားများ တက္ကသိုလ်ဝင်စာမေးပွဲ ၂၅ ရာခိုင်နှုန်းကျော် အောင်မြင်

    မွန်ကျောင်းသားများ တက္ကသိုလ်ဝင်စာမေးပွဲ ၂၅ ရာခိုင်နှုန်းကျော် အောင်မြင်

    -

    မွန်အမျိုးသားကျောင်း-အထက၊ အံဒင်
    မွန်အမျိုးသားကျောင်း-အထက၊ အံဒင်
    ဂျူရီချိုင်း – ပြီးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မွန်ပြည်သစ်ပါတီလက်အောက်ရှိ မွန်အမျိုးသားပညာရေးဌာန ကျောင်းသူ/သားများ အစိုးရတက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုရာ ၂၅ ဒသမ ၅၈ ရာခိုင်နှုန်း အောင်ချက်ရရှိကြောင်း သိရသည်။

    မွန်အမျိုးသားပညာရေးဌာန အထက်တန်းကျောင်း ၃ ကျောင်းမှ ၁၀ တန်းကျောင်းသူ/သားများ ၈၆ ဦး ဝင်ရောက်ဖြေဆိုင်ရာတွင် ၂၂ ဦး အောင်မြင်ခဲ့သည်ဟု မွန်အမျိုးသာပညာရေးကော်မတီဝင် နိုင်အိုင်းကွန်းက IMNA သို့ ပြောသည်။

    နိုင်အိုင်းကွန်းက “ဒီနှစ်မှာကျနော်တို့ကျောင်းသားတွေ အောင်ချက်နည်းနည်းတက်လာတယ်၊ မွန်ကျောင်းသားတွေအနေနဲ့ မြန်မာစာကို ဖြေဆိုရတာသိပ်ခက်ခဲတယ်လို့ ဆိုကြတယ်၊ ကျန်တဲ့ဘာသာရပ်တွေမှာ အခက်အခဲသိပ်မရှိပါဘူး” ဟု ပြောသည်။

    မွန်အမျိုးသားကျောင်းများသည် မူလတန်း၊ အလယ်တန်းများတွင် မွန်စာပေအဓိကဖြင့် ဘာသာရပ်များကို သင်ကြားခဲ့သော်လည်း အထက်တန်းပညာရပ်သင်ကြားရာ၌ အစိုးရပညာရေးဌာန၏ ပြဌာန်းချက်အတိုင်း သင်ကြားဆည်းပူး၍ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုရခြင်းဖြစ်သည်ဟု ဆိုသည်။

    ရေးမြို့နယ်၊ အံဒင်ကျေးရွာ မွန်ပညာရေးအထက်တန်းကျောင်းမှ ကျောင်းသား ၃၄ ဦး ဝင်ရောက်ဖြေဆိုရာတွင် ၈ ဦး အောင်ချက်ရရှိခဲ့သည်ဟု ကျောင်းအုပ်ဆရာမကြီး မိလဝီဟံ ကပြောသည်။

    “ကျမတို့ကျောင်မှာ ဒီနှစ်အောက်ချက်ပိုကောင်းလာတယ်၊ ဒီနှစ်ကျောင်းသားတွေ အပျောအပါးနဲ့ပက်သက်တာသိပ်မတွေ့မိဘူး၊ ကျောင်းစာကိုပဲ အဓိကကြိုးစားကြတယ်၊ ဘာပဲဖြစ်ဖြစ် ကျမတို့ ဆရာတွေအနေနဲ့ကတော့ ကျောင်းသားအားလုံးကိုအောင်စေချင်တယ်” ဟု ၎င်းက ပြောသည်။

    မွန်အမျိုးသားပညာရေးဌာန လက်အောက်တွင် အထက်တန်းကျောင်း ၃ ကျောင်းရှိရာ “ညီစားစခန်း” အထက် တန်းကျောင်းနှင့် “အံဒင်ရွာ”အထက်တန်းကျောင်းသားများသည် ရေးမြို့စာစစ်ဌာနတွင်လည်းကောင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ “ဝင်္ဂဘာရွာ”အထက်တန်းကျောင်းသားများသည် သံဖြူဇရပ်မြို့ စာစစ်ဌာနတွင်လည်းကောင်း တက္ကသိုလ်ဝင်စားမေးပွဲဝင်ရောက်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

    မွန်ပြည်သစ်ပါတီနှင့် နဝတအစိုးရတို့ ၁၉၉၅ ခုနှစ်တွင် အပစ်ရပ်စဲခဲ့အပြီး မွန်အမျိုးသားပညာရေးဌာန လက်အောက်ရှိ ၁၀ တန်းကျောင်းသားများ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ရရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

    မွန်ပညာရေးဌာနမှ ၂၀၁၃-၂၀၁၄ စာရင်းအရ မွန်အမျိုးသားကျောင်း ၁၅၆ ကျောင်းနှင့် အစိုးရကျောင်းများတွင် မွန်စာပေပူးတွဲသင်ကြားခွင့်ရရှိသည့်စာသင်ကျောင်း ၁၁၆ ကျောင်းရှိသည်။

    လက်ရှိမွန်အမျိုးသားကျောင်းသားဦးရေ တစ်သောင်းခွဲခန့်ရှိပြီး အစိုးရနှင့်ပူးတွဲသင်ကြားသောကျောင်းများ၌ ကျောင်းသားဦးရေတစ်သောင်းခြောက်ထောင်ကျော်ရှိသည်။

    ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းအောင်ချက်တွင် မွန်ပြည်နယ်သည် ၄၇ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ အမြင့်ဆုံးအောင်ချက်ရရှိခဲ့သည်ဟု ပညာရေးဌာနစာရင်းအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks