spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်လူငယ်များ ကွန်ဖရင့် မော်လမြိုင်မြို့တွင် ကျင်းပမည်

    မွန်လူငယ်များ ကွန်ဖရင့် မော်လမြိုင်မြို့တွင် ကျင်းပမည်

    -

    ဘုရားသုံးဆူနယ်စပ်ရှိ မွန်လူငယ်များဆိုင်းဘုတ်တင်နေစဉ်(Facebook)
    ဘုရားသုံးဆူနယ်စပ်ရှိ မွန်လူငယ်များဆိုင်းဘုတ်တင်နေစဉ်(Facebook)
    ဂျူရီချိုင်း – မွန်လူငယ်ဖိုရမ် Mon Youth Forum(MYF)မှကြီးမှူး၍ ပထမအကြိမ် မွန်လူငယ်များကွန်ဖရင့် Mon Youth Conference ကို လာမည့် မေလ ၁ ရက်နေ့မှ စတင်၍ မွန်ပြည်နယ်၊ မော်လမြိုင်မြို့

    ပေါ်ရှိ သာသနာတော် (၂၅၀ဝ)ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

    ယင်းကွန်ဖရင့်ကို မေလ ၁ ရက်တွင် စတင်၍ သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဟု မွန်လူငယ်ဖိုရမ် တာဝန်ခံ မင်းဉာဏ်စိုက်ရာမာန်က ပြောသည်။

    မင်းဉာဏ်စိုက်ရာမာန်က “အခုကွန်ဖရင့်ဟာ ပထမဦးဆုံးဖြစ်တဲ့အတွက် အနာဂတ် မွန် အမျိုးသားလှုပ်ရှားရေးမှာ မွန်လူငယ်တွေ ဘယ်ပုံဘယ် နည်းနဲ့ ဘယ်လိုပါဝင်လုပ်သွားဖို့ဆိုတာ လူ ငယ်တွေသိဖို့ နားလည်ဖို့ ရည်ရွယ်ပြုလုပ်ရတာဖြစ်တယ်” ဟု ပြောသည်။

    အဆိုပါကွန်ဖရင့်တွင် လူငယ်နှင့် နိုင်ငံရေး၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ် နှင့် မွန်စာပေယဉ်ကျေးမှုအပါအဝင် လူငယ်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကြောင်းအရာများကို အဓိကထားပြီး ဆွေးနွေးသွားမည်ဟု သိရသည်။

    အစည်းအဝေးသို့ မွန်ပြည်နယ်မှ မြို့နယ်တစ်မြို့နယ်မှ ဖြစ်မြောက်ရေးကော်မတီကိုယ်စားလှယ် ၅ ဦး နှင့် လူငယ်ကိုယ်စားလှယ် ၁၅ ဦးနှင့် လေ့လာသူများကိုလည်း ဖိတ်ကြားထားသည်ဟု မင်းဉာဏ်စိုက်ရာမာန်က ဆက်ပြောသည်။

    “အစည်းအဝေးတက်ရောက်ဖို့ ကျနော်တို့မြို့နယ်က လူငယ်တွေစုစည်းပြီးအစည်းအဝေးလုပ်ခဲ့တယ်၊ ကွန်ဖရင့်တက်ရောက်မယ့် လူငယ်တွေကို ကျနော်တို့စာရင်းပြုစုပြီးပြီ ” ဟု သံဖြူဇရပ်မြို့နယ်၊ ဖောင်စိန် ကျေးရွာမှ မွန်လူငယ်တစ်ဦးက ပြောသည်။

    မွန်လူငယ်များကွန်ဖရင့်သို့ တက်ရောက်နိုင်မည့်လူငယ်များကို အသက် ၄၀ နှစ်အောက် သတ်မှတ် ပိုင်းခြားထားပြီး အသက် ၄၀ အထက်ရှိသူများအား လေ့လာသူအဖြစ် တက်ရောက်နိုင်ကြောင်း သိရသည်။

    မွန်လူငယ်များကွန်ဖရင့်ပြုလုပ်ရန်အတွက် လွန်ခဲ့သည့်မတ်လမှစတင်၍ မွန်ပြည်နယ်ရှိ မြို့နယ်ဒေသများတွင် ပထမအကြိမ် မွန်လူငယ်များကွန်ဖရင့်ကျင်းပသည့် ပိုစတာများစိုက်ထူပြီ သက်ဆိုင်ရာဒေသအလိုက် လူငယ်များအား ရှင်းလင်းပွဲပြုလုပ်ခဲ့ပြီးဖြစ်သည်။

    မွန်လူငယ်များတွင် နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများ၊ စာပေယဉ်ကျေးမှုအဖွဲ့၊ ဘာသာရေးအဖွဲ့အစည်းများ စသည့်နယ်ပယ်အသီးသီးမှ လူငယ်အရေးလှုပ်ရှားသူများ ပါဝင်တက်ရောက်ကြမည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks