spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူမြို့တွင် အိမ်ထောင်စုစာရင်းမရှိသူအချို့ကို သန်းခေါင်စာရင်းမကောက်ခဲ့

    ဘုရားသုံးဆူမြို့တွင် အိမ်ထောင်စုစာရင်းမရှိသူအချို့ကို သန်းခေါင်စာရင်းမကောက်ခဲ့

    -

    သန်းခေါင်စာရင်း နှိုးဆော်ချက်(Internet)
    သန်းခေါင်စာရင်း နှိုးဆော်ချက်(Internet)
    ခတ္တာနန်း – ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုတွင် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၌ အိမ်ထောင်စုစာရင်း မရှိသည့် မိသားစုအချို့ကို သန်းခေါင်စာရင်း မကောက်ယူခဲ့ကြောင်း သိရသည်။

    ဘုရားသုံးဆူမြို့ခံတစ်ဦးဖြစ်သူ နိုင်သိန်းဇော်က “ အိမ်ထောင်စုစာရင်းမရှိတဲ့ မိသားစုတွေကို စာရင်း မကောက်ဘူး၊ လူဦးရေ စစ်တမ်း သန်းခေါင်စာရင်းကောက်တာ အိမ်ထောင်စု စာရင်းမလိုဘူးလို ့ ကျနော်တို့ သိထားတာပါ” ဟု ပြောသည်။

    အိမ်ထောင်စုစာရင်းတွင် မပါဝင်ခဲ့သည့် မိသားစုဝင်များနှင့် အိမ်ထောင်စု စာရင်းမရှိသည့် မိသားစုဝင်များ၊ နိုင်ငံခြားရောက် မိသားစုဝင်များအား သန်းခေါင်စာရင်းကောက်ခံသွားမည်ဟုလည်း မိမိတို့သိထားကြောင်း နိုင်သိန်းဇော်က ဆက်ပြောသည်။

    “ဒါပေမယ့် အခု ကျနော်တို့အိမ်မှာ အိမ်ထောင်စု စာရင်းမရှိတဲ့ လူတွေကို စာရင်းမထည့်ခဲ့ရဘူး၊” ဟု နိုင်သိန်းဇော်က ဆက်ပြောသည်။

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်ကျေးရွာရှိ ရွာခံတစ်ဦးက “ဒီမှာတော့ အိမ်ထောင်စု စာရင်းမရှိလို့ စာရင်းမကောက်တာတော့ မကြားရသေဘူး၊ သန်းခေါင်စရင်းကောက်တာကလည်း အိမ်ထောင်စုစာရင်း ရှိမရှိနဲ့ မဆိုင်ပါဘူး” ဟု ပြောသည်။

    မိသားစုဝင်အတွင် နိုင်ငံခြားရောက်နေသည့် သူများကို သီးခြားစာရွက်တွင် မှတ်တမ်းပြု ရေးထည့်ထားကြောင်း ၎င်း ကဆက်ပြောသည်။

    လူဦးရေ စာရင်းမှန်ရရှိရေးအတွက် ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်ထောင်စု စာရင်းရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ၊ ခရီးသွားဧည့်သည်ဖြစ်စေ စာရင်းကောက်ယူသွားမည်ဟု သန်းခေါင်စာရင်းကောက်ယူရေး ကြေငြာချက်များတွင် ရေးသားဖေါ်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks