spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ဒီမိုကရေစီပါတီအား မွန်အမျိုးသားပါတီ အမည်သို့ ပြောင်းလဲခွင့်ပြု

    မွန်ဒီမိုကရေစီပါတီအား မွန်အမျိုးသားပါတီ အမည်သို့ ပြောင်းလဲခွင့်ပြု

    -

    မွန်အမျိုးသားပါတီ ပြောင်းလဲခွင့်ပြု သတင်းစာ ဖြတ်ပိုင်း(Copy)
    မွန်အမျိုးသားပါတီ ပြောင်းလဲခွင့်ပြု သတင်းစာ ဖြတ်ပိုင်း(Copy)
    ဂျူရီချိုင်း – ပြည်ထောင်စု ရွေးကော်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ မွန်ဒီမိုကရေစီပါတီ MDP အား မွန်အမျိုးသားပါတီ MNP အမည်သို့ ပြောင်းလဲခွင့်ပြုလိုက် ပြီဖြစ်ကြောင်း သိရသည်။

    မွန်အမျိုးသားပါတီ Mon National Party အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် နေပြည်တော် ကြေညာချက်အမှတ် (၁၀/၂၀၁၄) ၁၃၇၅ ခုနှစ်၊ တပေါင်း လပြည့် ကျော် ၁၃ ရက် (၂၀၁၄ ခုနှစ်၊ မတ်လ ၂၈ ရက်) နေ့စွဲဖြင့် ပြောင်းလဲခွင့် လိုက်ခြင်း ဖြစ်သည်။

    ဗဟိုအလုပ်အမှုဆောင် နိုင်စိုးမြင့်က “အခု ကျနော်တို့ လျှောက်ထားတဲ့ပါတီအသစ် ကျလာပြီးဆိုတော့ ဒီပါတီအသစ်ပြောင်းလဲလိုက်တဲ့အကျိုးအကြောင်းတွေကို မြို့နယ်မှာတာဝန်ကျနေတဲ့ အဖွဲ့ဝင်တွေကို ရှင်းပြရမယ် ပြီးတော့ နယ်ဒေသက မွန်ပြည်သူတွေအားလုံ သိဖို့ကိုလည်း မြို့နယ်အလိုက် သွားရောက် ရှင်းပြဖို့ ကျနော်တို့ စီစဉ်ထားတာရှိတယ်” ဟု ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဥက္ကဌဟောင်း နိုင်ငွေသိန်း ဦးဆောင်သော ဗဟိုကော်မတီဝင်ဟောင်း ၂၁ ဦးနှင့် မွန်ဒီမိုကရေစီပါတီဗဟိုကော်မတီဝင် ၂၁ ဦးတို့ လာမည့်ဧပြီလ ၅ ရက်နေ့တွင် ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ပြုလုပ်မည်ဟုသိရပြီး မွန် ၂ ပါတီဗဟိုကော်မတီဝင် ၄၂ ဦးတို့က
    မွန်အမျိုးသားပါတီကို ဆက်လက်ဦးဆောင်သွားမည် ဖြစ်သည်။

    ထို့အပြင် မွန်ဒီမိုကရေစီပါတီ Mon Democratic Party ဆိုင်းဘုတ်များကို မွန်အမျိုးသားပါတီ Mon National Party ဆိုင်းဘုတ်အသစ်တင်ခြင်း၊ ခရိုင်နှင့် မြို့နယ်အသီးသီးရှိ တာဝန်ကျသူများကို ပြန်လည် ရွေးချယ်သွားမည်ဟု နိုင်စိုးမြင့်က ဆက်ပြောသည်။

    မွန်အမျိုးသားပါတီ အမည်သစ်ပြောင်းလဲသတ်မှတ်ရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက် နေ့စွဲဖြင့် နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ သွားရောက်တင်ပြခဲ့ခြင်း ဖြစ်သည်။

    ကရင်ပြည်နယ်အစိုးရ မွန်တိုင်းရင်းသားရေးရာဝန်ကြီး နိုင်ချစ်ဦးက “ရွေးကောက်ပွဲဝင်တဲ့အခါမှာ တစ်ခြား ပါတီနဲ့ဝင်ပြိုင်ရင် မွန်ပါတီပါလို့ ပေါ်ပေါ်လွင်လွင်သိရှိနိုင်ဖို့ဆိုပြီး ဒီမွန်အမျိုးသားပါတီကို ရွေးချယ်လိုက်တာပါ” ဟု ပြောသည်။

    ယင်းပါတီပြောင်းလဲခြင်းကို ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၉ ရက်နေ့တွင် ကျင်းပသော မော်လမြိုင်ရုံးချုပ် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး အမှတ်စဉ်(၂/၂၀ဝ၄)၌ မွန်ဒီမိုကရေစီပါတီအား မွန်အမျိုး သားပါတီ Mon National Party သို့ ပြောင်းလဲရန် သဘောတူဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

    မွန် ၂ ပါတီပေါင်းစည်းနိုင်ရေးအတွက် ၂၀၁၂ ခုနှစ်မှစတင်၍ မွန်သံဃာတော်များဦး ဆောင်လှုပ်ရှား ခဲ့ရာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် နောက်ဆုံးထားပေါင်းစည်းရန် သ ဘောတူညီချက် ရရှိခဲ့ကြသည်။

    မွန်အမျိုးသားပါတီတွင် မွန်ဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိမ်း၊ ဒုဥက္ကဌ(၁)နိုင်သက်လွင်၊ ဒုဥက္ကဌ (၂) နိုင်တင်အောင်၊ အတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်း၊ တွဲဖက်အတွင်းရေးမှူး(၁) ဒေါက်တာ မင်း ကြည်ဝင်း၊ တွဲဖက်အတွင်းရေးမှူး(၂) မွန်ရာဇာတို့ ဦးအောင်သော ဗဟိုအလုပ်အမှုဆောင် ၂၁ ဦးနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP မှ ပူးပေါင်းလိုသူများအဖွဲ့တွင် ဥက္ကဌ နိုင်ငွေသိန်း၊ အတွင်း ရေးမှူး နိုင်အောက်စာ (အောင်ဗလ)၊ တွဲဖက်အတွင်းရေးမှူး(၁) နိုင်တင့်လွင်၊ တွဲဖက်အတွင်း ရေးမှူး(၂) နိုင်စောနွန်တို့ဦးဆောင်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၂၁ ဦး စုစုပေါင်း ၄၂ ဦးတို့ ပါဝင်သည်။

    သို့ရာတွင် တရားဝင်မွန်တိုင်းရင်းသားပါတီအနေဖြင့် မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီတို့ ၂ ပါတီဆက်လက်တည်ရှိနေမည် ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks