spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်း၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မော်လမြိုင်တွင် လမ်းလျှောက် ဆန္ဒထုတ်ဖေါ်

    ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မော်လမြိုင်တွင် လမ်းလျှောက် ဆန္ဒထုတ်ဖေါ်

    -

    မော်လမြိုင်တွင်လမ်းလျှောက်ဆန္ဒထုတ်ဖေါ်နေစဉ်(Facebook)
    မော်လမြိုင်တွင်လမ်းလျှောက်ဆန္ဒထုတ်ဖေါ်နေစဉ်(Facebook)
    မင်းလုံး – ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ အမှတ် ၄ တံတားမှ သံလွင်ဈေးအထိ မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် မြို့သူ၊ မြို့သားများ လမ်းလျှောက်ဆန္ဒထုတ်ဖေါ်ခဲ့ကြောင်း သိရသည်။

    အင်အား ၃၀ဝ ခန့်ရှိသည့် ဆန္ဒပြသမားများက "ပုဒ်မ ၄၃၆ အမြန်ဆုံးပြင်"၊ "ပုဒ်မ ၆(စ) မလိုအပ်ပါ"၊ "တစ်ဦးတစ်ယောက်ကိုရည်ရွယ်သော ပုဒ်မ ၅၉(စ) ကိုပြင်ပေးရေး" စသည့် ဆိုင်းဘုတ်များကိုင်ဆောင်လျက် ကြွေးကျော်သံများနှင့်အတူ နံနက် ၈ နာရီတွင် လမ်းလျှောက်ဆန္ဒထုတ်ဖေါ်ခဲ့ကြခြင်းဖြစ်သည်။

    ဆန္ဒပြလမ်းလျှောက်ခဲ့စဉ် စောင့်ကြည့်ခဲ့သူ မဌေး က "ဆန္ဒပြသူတွေကို စောင့်ကြပ်နေတဲ့ ရဲတွေက တော့ မလှမ်းမကမ်းကနေပဲထိန်းနေတာပါ၊ ဆန္ဒပြသူတွေကလည်း အေးအေးဆေးဆေးလမ်းလျှောက်ပြီး ဆန္ဒပြနေကြတာ၊ ဘာပြဿနာမှမရှိခဲ့ဘူး"ဟု ပြောသည်။

    ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ သည် လွှတ်တော်ကိုယ်စားလှယ် ၅ ပုံ ၁ ပုံက တင်ပြ ရမည်ဖြစ်ပြီး ကိုယ်စားလှယ်ဦးရေ ၄ ပုံ ၃ ပုံကျော်က ထောက်ခံ၍ ဆန္ဒခံယူပွဲပြုလုပ်ကာ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူဦးရေ ထက်ဝက်ကျော်က ထောက်ခံမှသာ အခြေခံဥပဒေကို ပြင်ဆင်ခွင့်ရှိသည်ဟု ဆိုသည်။

    အလားတူ ထားဝယ်မြို့၌လည်း ဒီမိုကရေစီစံနှူန်းနှင့်ကိုက်ညီသည့် ဖွဲ့စည်းပုံပေါ်ပေါက်ရေးအတွက် အမျိုး သားဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီက ဦးဆောင်ပြီး ပြည်သူလူထုများနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများ အပါအဝင် လူဦးရေ ၇၀ဝ ကျော်ခန့် မတ်လ ၂၆ ရက်နေ့တွင် လမ်းလျှောက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

    ဆန္ဒပြပွဲဦးဆောင်ခဲ့သူ ဦးရဲထွဋ် က "ကျနော်တို့ ဆန္ဒပြလမ်းလျှောက်ဖို့အတွက် လူဦးရေ အယောက် ၁၀ဝ၀ တင်ထားတယ်၊ ခွင့်ပြုမိန့်ကျလာတာ နောက်ကျလို့ နယ်မှာရှိတဲ့လူတွေကိုခေါ်ဖို့ အချိန် မရခဲ့တာပါ၊ ဦးဆောင်တာက ကျနော်တို့ NLD ကပါပဲ၊ ပြည်သူတွေပါလာတော့ ကျနော်တို့ ဝမ်းသာမိပါတယ်"ဟု ပြောသည်။

    ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဆန္ဒထုတ်ဖေါ်ပွဲများကို ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင် ယခုသီတင်းပတ်၌ ပြုလုပ်လျက်ရှိသည့်အပြင် မြေယာသိမ်းပြဿနာဖြေရှင်းရေး ဆန္ဒထုတ်ဖေါ်ပွဲများကိုလည်း နေရာအနှံ့ဖြစ်ပေါ်နေကြောင်း သတင်းများတွင် တွေ့ရှိနေရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks