Friday, March 13, 2026
More
    spot_img
    Homeသတင်းရှင်စောပုအသင်း နွေရာသီ မွန်စာပေသင်တန်း စာအုပ်ပေးလှူမှု ယမန်နှစ်ထက်ပို

    ရှင်စောပုအသင်း နွေရာသီ မွန်စာပေသင်တန်း စာအုပ်ပေးလှူမှု ယမန်နှစ်ထက်ပို

    -

    စာအုပ်လက်ခံရရှိသော မွန်ကျောင်းသားများ(Facebook)
    စာအုပ်လက်ခံရရှိသော မွန်ကျောင်းသားများ(Facebook)
    ခတ္တာနန်း – နွေရာသီ မွန်စာပေသင်တန်းကျောင်းအတွက် ရှင်စောပု မွန်အမျိုးသမီးစွမ်းဆောင်ရှင်များ အသင်းက ယခုနှစ် စားအုပ်ပေးလှူမှုမှာ ယမန်နှစ်ထက် ဗလာစာအုပ် အုပ်ရေ ၁ သောင်းခန့် ပိုကြောင်း သိရသည်။

    ယခုမတ်လဆန်းပိုင်းမှစတင်၍စာအုပ်ပေးလှူလျက်ရှိရာ အုပ်ရေ ၅ သောင်း (တန်ဖိုးငွေကျပ်သိန်း ၅၀ ကျော်) ခန့် ဖြန့်ဖြူးမည်ဖြစ်ကြောင်း ရှင်စောပု မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း အထွေထွေအတွင်းရေးမှူး မိမိုးမိုးက ပြောသည်။

    မိမိုးမိုးက “အခု စောစောပိုင်းမှာတော့ အုပ်ရေ တစ်သောင်းလောက်ကို ဝေပြီးပြီး၊ တစ်ချို့ကျောင်းတွေက သင်္ကြန်ပြီးမှ ဖွင့်မယ်ဆိုတော့ အခု စောစောဖွင့်တဲ့ ကျောင်းတွေကိုပဲ အရင်းပေးထါးပါတယ်” ဟု ပြောသည်။

    မုဒုံမြို့နယ်၊ ရေဖြူမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ သံဖြူဇရပ်မြို့နယ်များတွင် ဝေငှပြီးဖြစ်ကြောင်း၊ အခြားသော မြို့နယ်များနှင့် မွန်စာပေသင်ကြားသည့် တိုင်းဒေသကြီးများတွင်လည်း ဆက်လက် လှူဒါန်သွားရန် စီစဉ်လျှက် ရှိကြောင်း သိရသည်။

    ထိုမျှမက လာမည့်ပညာသင်နှစ်တွင် မွန်စာပေသင်ကြားမည့် အစိုးရ စာသင်ကျောင်းများကိုလည်း ရှင်စောပု မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်းက ဗလာစာအုပ်များကျောင်းသုံးထောက်ပံ့ရန် စီစဉ်ထားကြောင်း မိမိုးမိုးက ဆက်ပြောသည်။

    တနင်္သာရီတိုင်း၊ ရေးဖြူမြို့နယ်၊ ကျောက်တလင်းကျေးရွာတွင် နွေရာသီမွန်စာပေ ဦးစီးသင်ကြားနေသည့် ဆရာတော် ဦပဏ္ဍိတက “နွေရာသီမွန်စာပေသင်လာတာ ၁၂ နှစ်ရှိပြီး၊ အထောက်အပံ့တွေ ဟိုစစတုန်းကတော့ ၃ ကြိမ်လောက်ရဖူတယ် ဒီနောက်ပိုင် မရတော့ဘူး၊ အခုမှ နောက်တစ်ခါ ထပ်ရတာပဲ” ဟု မိန့်သည်။

    ဆက်လက်၍ ဆရာတော်က ရှင်စောပုအသင်းက ကျောင်းသားနှင့် ဆရာအရေအတွက်အချိုးအလိုက် ဗလာစာအုပ် ၁၆၀ အုပ် ထောင့်ပံ့ခဲ့ကြောင်း၊ မိမိတို့တွင် ကျောင်းသား ၁၃၀ ဝန်ကျင်ခန့်ရှိကြောင်း ဆက်မိန့်သည်။

    “မွန်စာပေကို နွေရာသီရောက်တိုင်းသင်ဖြစ်တယ်၊ ဒါပေမဲ့ အခက်အခဲတွေကြားကနေ သင်ရတာပါ” ဟု ဆရာတော်က မိန့်တော်မူသည်။

    အစိုးရစာသင်ကျောင်းများပိတ်သည့် နွေဦးကာလရာသီ၌ မွန်ပြည်နယ်အတွင်းသာမက မွန်လူမျိုးများနေထိုင်ကြသည့် အခြားဒေသများတွင် သံဃာတော်များဦးစီး၍ ကျောင်းနေအရွယ်လူငယ်များအား နှစ်စဉ်နှစ်တိုင်း မွန်စာပေသင်ကြားပေးနေသည်ကို တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks