spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ခန်းမ မြို့တော်အင်္ဂါရပ်နှင့်မညီ

    မွန်ပြည်နယ်ခန်းမ မြို့တော်အင်္ဂါရပ်နှင့်မညီ

    -

    မွန်ပြည်နယ်ခန်းမ၌ အစည်းအဝေးကျင်းပနေပုံ(IMNA)
    မွန်ပြည်နယ်ခန်းမ၌ အစည်းအဝေးကျင်းပနေပုံ(IMNA)
    မင်းလုံး – မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမရှိ အများသုံးအိမ်သာများယိုယွင်းပျက်စီးနေပြီး သန့်ရှင်းမှုမရှိသဖြင့် မြို့တော်အင်္ဂါရပ်နှင့်မကိုက်ညီကြောင်း မွန်လူငယ်များက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ထောက်ပြပြောဆိုကြသည်။

    အထူးသဖြင့် ပြည်နယ်အဆင့်အခမ်းအနားများ၊ ညီလာခံများ၊ ဖိုရမ်တွေ့ဆုံပွဲများ၊ အစည်းအဝေးများ မကြာခဏကျင်းပလေ့ရှိသော မြို့တော်ကျက်သရေဆောင်နေရာဖြစ်သဖြင့် သန့်ရှင်းရေးကို ပိုမိုဂရုပြုသင့်ကြောင်း ပြည်နယ်ခန်းမသို့ မကြာခဏဝင်ထွက်သွားလာနေသူ မွန်လူငယ် ကိုသူက ပြောသည်။

    ကိုသူက "ပြည်နယ်ခန်းမအိမ်သာအနံ့အသက်တွေက တော်တော်ဆိုးတယ်၊ အိမ်သာနောက်က မိလ္လာပိုက်လိုင်းတွေကလည်း ပေါက်နေတယ်၊ အခမ်းအနားတစ်ခုခုလုပ်ရင် လူကြီးတွေလာမယ်ဆိုတော့ အပြင်ပိုင်း မုဒ်ဝတွေ၊ တံတိုင်းတွေလောက်မှာပဲ ဆေးသုတ်ကြတယ်၊ အတွင်းပိုင်းအိမ်သာတွေကိုတော့ မပြင်ကြဘူး"ဟု ပြောသည်။

    ထို့အပြင် အိမ်သာတံခါးဝများပျက်စီးနေခြင်း၊ မီးလုံး၊ မီးသီးများပျက်စီး၍ ပြန်လည်ပြုပြင်မှုမရှိခြင်း စသည့် ကိစ္စရပ်များကြောင့် ပြည်နယ်ခန်းမသို့လာရောက်သော အခြားဒေသမှတိုင်းရင်းသားများနှင့် နိုင်ငံခြားသားဧည့်သည်များအား ဒေသခံမွန်လူငယ်တစ်ဦးအနေဖြင့် အလွန်မျက်နှာပူမိသည်ဟု ကိုသူက ဆက်ပြောသည်။

    မွန်လူငယ် မင်းကောင်းလဝီက"ပြည်နယ်ခန်းမမှာ ယိုယွင်းနေတာက ယောင်္ကျားလေး အပေါ့သွား တဲ့နေရာမှာလည်း ပိုင်းတွေပျက်၊ ရေလည်းမဆင်းဘူးဗျ၊ ဒါကိုသူတို့ငြင်းလို့မရပါဘူး ပြည်နယ်နဲ့တိုင်းကိုယ် စားလှယ်တွေအားလုံးတွေ့ခဲ့တယ်၊ အိမ်သာတက်ပြီး ဂျက်ထိုးလို့မရတဲ့အထိဖြစ်ခဲ့တယ်"ဟု ပြောသည်။

    ထို့အပြင် ပြည်နယ်ခန်းမအရှေ့ဘက်နှင့် ဘေးပတ်ဝန်ကျင်ရှိ ရေမြောင်းများတွင် အမှိုက်များပိတ်ဆို့နေပြီး အနံ့ဆိုးများထွက်နေသော်လည်း သန့်ရှင်းရေးများပြုလုပ်ခြင်းမရှိကြောင်း တွေ့ခဲ့ရသည်ဟု သူကဆက်ပြောသည်။

    ယင်းပြည်နယ်ခန်းမ၏ သန့်ရှင်းရေးဆောင်ရွက်ထားမှုများကို ပြည်နယ်စည်ပင်သာယာရေးဌာနအား ဆက်သွယ်မေးမြန်းခဲ့ရာ လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြန်လည်ဖြေကြားခြင်းမပြုခဲ့ပါ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks