spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းနိုင်ငံတကာအဆင့်မီ သတင်းပညာသင်ကျောင်း နှစ်လယ်ပိုင်းတွင် ဖွင့်လှစ်မည်ဟုဆို

    နိုင်ငံတကာအဆင့်မီ သတင်းပညာသင်ကျောင်း နှစ်လယ်ပိုင်းတွင် ဖွင့်လှစ်မည်ဟုဆို

    -

    မြန်မာသတင်းထောက်များ(Facebook)
    မြန်မာသတင်းထောက်များ(Facebook)
    မင်းလုံး – Myanmar Journalist Institute (MJI) က ဦးစီးပြီး သတင်းစာပညာ စိတ်ဝင်စားသူများအတွက် ဒီပလိုမာအဆင့်ပေးမည့် သတင်းပညာ သင်တန်းကျောင်းတစ်ခုကို ယခုနှစ်နှစ်လယ်ပိုင်းတွင် ဖွင့်လှစ်သွားမည်ဟု MJI ဖြစ်မြောက်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ ဦးဇေယျာလှိုင် ကပြောသည်။

    သူက "အခုလောလောဆယ်မှာတော့ ကျနော်တို့ Founding Member ရအောင်အရင်ဆုံးကြိုးစားနေပါ တယ်၊ ဒီပလိုမာပေးမယ့် တစ်နှစ်တာသင်တန်းကျောင်းကိုလည်း ဒီနှစ် နှစ်လယ်ပိုင်းလောက်မှာ ဖွင့်နိုင်ဖို့ လည်း လုပ်ဆောင်နေပါတယ်၊ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ သတင်းဌာနတွေ၊ မီဒီယာအဖွဲ့အစည်းတွေပါ ဝင်နိုင်တဲ့ Institute ဖြစ်အောင် ကျနော်တို့ကြိုးစားနေပါတယ်"ဟု ပြောသည်။

    Founding Member အဖြစ်ပါဝင်လာနိုင်စေန် မီဒီယာအဖွဲ့အစည်းအသီးသီးသို့ လိုအပ်သည့်အချက်အလက်များကို အမြန်ဆုံးပေးပို့သွားနိုင်ရန် ဖြစ်မြောက်ရေးကော်မတီမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ်လ၂၄ နေ့က ထုတ်ပြန်လိုက်သည့် MJI ဖြစ်မြောက်ရေးကော်မတီ ပထမအကြိမ်အစည်းအဝေး သတင်းထုတ်ပြန်ချက်တွင် တွေ့ရှိရသည်။

    လာမည့် မေလ တွင် MJI အဖွဲ့အစည်းမှ တစ်နိုင်ငံလုံးအတိုင်းအတာ မီဒီယာအဖွဲ့အစည်းများ၊ သတင်း ဌာနများပါဝင်မည့် ညီလာခံတစ်ခု ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း၊ သတင်းပညာသင်တန်းကျောင်း အတွက် ထိုညီလာခံတွင် ဒါရိုက်တာဘုတ်အဖွဲ့အား ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ MJI အဖွဲ့အစည်းအား တရားဝင်မှတ်ပုံတင်နိုင်ရန်အတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးဇေယျာလှိုင်က ဆက်ပြောသည်။

    MJI ဖြစ်မြောက်ရေးကော်မတီဝင် မအေးအေးဇင်က "ဒီလိုသင်တန်းကျောင်းမျိုးဆိုတာက ကျမတို့ဆီမှာ ပထမဆုံးဖွင့်တဲ့ကျောင်းပါရှင့်၊ ဒီကျောင်းထဲမှာအားလုံးပါတယ်၊ ဆိုလိုတာက ပုဂ္ဂလိက မီဒီယာအဖွဲ့အစည်းတွေ၊ Print သတင်းဌာနတွေ၊ အွန်လိုင်းမီဒီယာတွေက ကိုယ်စားလှယ်တွေအားလုံးပါရမယ်၊ MJI ကို နိုင်ငံခြားအဖွဲ့အစည်းက လာရောက်ကူညီပေးနေတယ်ဆိုပေမယ့် ကျမတို့အုပ်ချူပ်မှုအောက်မှာပါ၊ အလှူရှင်တွေက ကျမ တို့ရပ်တည်လို့ရအောင် လာကူညီပေးရုံသက်သက်ပါပဲ"ဟု ပြောသည်။

    ပြီးခဲ့သည့် ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် MJI တည်ထောင်ရေးအစည်းအဝေးတွင် ပုဂ္ဂလိကပုံနှိပ် မီဒီယာနှင့် သတင်းဌာန၊ ပုဂ္ဂလိက ရုပ်သံလွင့်မီဒီယာ၊ Community media ၊ အွန်လိုင်းမီဒီယာ၊ လူမျိုးစုမီဒီယာ၊ အမျိုးသမီးစာနယ်ဇင်းမီဒီယာ၊ စာနယ်ဇင်းသမားများနှင့် သမဂ္ဂများအထဲမှ MJI ဖြစ်မြောက်ရေး လုပ် ငန်းကော်မတီကိုယ်စားလှယ်များကို တက်ရောက်လာသူများက ရွေးချယ်ဖွဲ့စည်းခဲ့ကြသည်။
    MJI ဖြစ်မြောက်ရေးလုပ်ငန်းကော်မတီ၏ ဥက္ကဌကို မော်ကွန်းမဂ္ဂဇင်းမှ ဦးဇေယျာလှိုင် အားရွေးချယ်ခဲ့၍ ကော်မတီဝင်အယ်ဒီတာများအဖြစ် ပဲ့တင်သံဂျာနယ်မှ ဦးဟန်ဇော်၊ စံတော်ချိန်နေ့စဉ်ဂျာနယ်မှ ဦးလွင်မင်းဦး၊ ကမာရွတ်တိုင်းမ်မှ ဦးကျော်ဇေယျာထွန်း၊ BNI မှ ဦးခိုင်မြတ်ကျော်၊ အတွေးအမြင်မဂ္ဂဇင်းမှ ဒေါ်လွတ်လပ်စိုး၊ Dawei Watch News Agency မှ ဒေါ်အေးအေးဇင်၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း မှ ဦးအောင်သူမြိုင်၊ Sky Netမှ သင်တန်းတာဝန်ခံ ဒေါ်ခင်သန်းဝင်း နှင့် မြန်မာဂျာနယ်လစ်ကွန်ယက်မှ တွဲဖက်အတွင်းရေးမှူး ဦးသန်းဌေး တို့ဖြစ်ကြသည်။

    မြန်မာမီဒီယာများနှင့် စာနယ်ဇင်းသမားများ သတင်းပညာအရည်အသွေးများပိုမိုပြည့်ဝစေရေး သင်တန်းပို့ချပေးရန်နှင့် လွတ်လပ်သောအဖွဲ့အစည်းအဖြစ်ရပ်တည်ပြီး ငွေကြေးအကျိုးအမြတ်၊ စီးပွားရေးနှင့် နိုင်ငံ ရေးအကျိုးစီးပွားများကို မမျှော်မှန်းသော သတင်းသင်တန်းကျောင်းဖြစ်စေရန် ရည်ရွယ်သည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks