spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်း၂၀၁၄ အာဆီယံလူငယ်တွေ့ဆုံဆွေးနွေးပွဲ သတင်းထုတ်ပြန်

    ၂၀၁၄ အာဆီယံလူငယ်တွေ့ဆုံဆွေးနွေးပွဲ သတင်းထုတ်ပြန်

    -

    မင်းသုတ – မြန်မာနိုင်ငံက ပထမဦးဆုံးအကြိမ် အိမ်ရှင်အဖြစ် ၃ ရက်ကြာ ကျင်းပပြီးစီးခဲ့သော ၂၀၁၄ အာဆီယံ လူငယ်တွေ့ဆုံ ဆွေးနွေးပွဲ AYF 2014 အပြီး “ဖွံ့ဖြိုးအကျိုးရှိ၍ ငြိမ်းချမ်းသာယာသည့် အာဆီယံ လူ့အသိုက်ဝန်းဖော်ဆောင်ရေးတွင် လူငယ်တို့ ပူးပေါင်းပါဝင်မှု စွမ်းအားတိုးမြှင့်ခြင်း” ခေါင်းစဉ်ဖြင့် မတ်လ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    20-AYF2014အာဆီယံနိုင်ငံများမှ ရွေးချယ်ခံလူငယ်ကိုယ်စားလှယ်များ၊ တိုင်းနဲ့ပြည်နယ်အသီးသီးမှ မြန်မာ တိုင်းရင်းသားလူငယ် ကိုယ်စားလှယ်များ၊ ကျောင်းသားသမဂ္ဂများနှင့် လူငယ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်းအင်အား ၂၀ဝ ခန့်ပါဝင်တက်ရောက်သည့် အာဆီယံလူငယ်တွေ့ဆုံ ဆွေးနွေးပွဲ ၂၀၁၄ ကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကြီးတွင် မတ်လ ၁၇ ရက်နေ့မှ ၃ ရက်ကြာကျင်းပခဲ့အပြီး သတင်းရှင်းလင်းပွဲ၌ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    မြန်မာလူငယ်ကိုယ်စားလှယ် ကိုသက်ဆွေဝင်းက “ ၂၀၁၅ မှာစတင်မယ့် အာစီယံစီးပွားရေးအသိုက်အဝန်းမှာ ကျနော်တို့မြန်မာနိုင်ငံလိုဖွံ့ဖြိုးဆဲ နိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီယား၊ လာအိုတို့လို ငွေမရှိတဲ့နိုင်ငံတွေကို ချမ်းသာတဲ့ ထိုင်း၊ မလေးရှား၊ စင်္ကာပူတို့ဆီက ရင်းနှီးမြှုပ်နှံမှုတွေ လူ့အရင်းအမြစ်တွေ ဝင်ရောက်လာမှာဖြစ်တဲ့အတွက် ကျနော်တို့အလုပ်အကိုင်အခွင့်အလမ်းနည်းသွားပါလိမ့်မယ်၊ ဒါတွေကိုရင်ဆိုင်ဖို့အတွက် ကျနော်တို့ ဘယ်လိုပြင်ဆင်ထားရမှာလဲ၊ နည်းလမ်းတွေရှာကြတယ်” ဟု ပြောသည်။

    ထို့နောက် အာစီယံစီးပွားရေးအသိုက်အဝန်းသည် ထိုင်း၊ မလေးရှား၊ စင်္ကာပူနိုင်ငံများအတွက် အဆင်သင့်ဖြစ်နေသော်လည်း ငွေအရင်းအနှီးမရှိသော မြန်မာ၊ လာအို၊ ကမ္ဘောဒီယားနိုင်ငံများအတွက် ခက်ခဲသောစိန်ခေါ်ချက်များဖြစ်ကြောင်း၊ ငွေအရင်းအနှီးမရှိသော ဖွဲ့ဖြိုးဆဲနိုင်ငံများအတွက် အန္တရာယ်ရှိနိုင်ကြောင်း စသည့်အကြောင်းအရာများကိုလည်း၂၀၁၄ အာဆီယံ လူငယ်တွေ့ဆုံပွဲတွင် ပါဝင်ဆွေးနွေးခဲ့ကြသည်ဟု သူက ဆက်ပြောသည်။

    “အသိုက်အဝန်းတစ်ခု၊ ဗျူဟာတစ်ခု၊ ညီညွတ်ကြစို့လူငယ်ထု” ကြွေးကျော်သံဖြင့် ခေါင်းစဉ် ၇ ခုကို ဆွေးနွေးခဲ့အပြီး “အစဉ်ဖွံ့ဖြိုးနေမည့်အာဆီယံစိတ်နေစိတ်ထားကို အာဆီယံလူငယ်များမွေးမြူလာစေရန်၊ အာဆီယံလူငယ်များ၏ ပူးပေါင်းပါဝင်မှုများကို ပိုမိုစုစည်း ချိတ်ဆက်မိလာစေရန်၊ အာဆီယံလူငယ်တို့၏ ပြဿနာများ၊ ပူပန်သောကများကို အာဆီယံထိပ်သီးစည်းဝေးပွဲ၊ အာဆီယံဆိုင်ရာဝန်ကြီးများအစည်းအဝေး၊ အာဆီယံလူထုဖိုရမ်နှင့် မိမိနိုင်ငံအစိုးရအပေါ် ဖြန့်ကျက်မျှဝေနိုင်မည့် မဟာဗျူဟာကျသော လုပ်ဆောင်မှုအစီအစဉ်တစ်ရပ်ထွက်ပေါ်လာရန် စသည့် ရလဒ်များရရှိခဲ့သည်ဟု အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ရေးသားဖေါ်ပြထားသည်။

    အာဆီယံလူငယ်လူငယ်တွေ့ဆုံဆွေးနွေးပွဲအတွင်း ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုပြဿနာ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်လူငယ်များ၏အခန်းကဏ္ဍ၊ ဒေသတွင်း နိုင်ငံများအားလုံး ကြုံတွေ့ရသည့် ရွှေ့ပြောင်းနေထိုင်မှုကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြောင်း ဖိုရမ်ဖြစ်မြှောက်ရေး ကော်မတီဝင်များထံမှ သိရသည်။

    ဆက်လက်၍ အာဆီယံလူငယ်တို့၏ ရိုးရာယဉ်ကျေးမှုအဆိုအကများဖြင့် အာဆီယံလူငယ်အနုပညာပွဲတော်ကို မတ်လ ၂၀ ရက်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်တက္ကသိုလ်အတွင်းရှိ စိန်ရတုခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဟု ကြေညာချက်တွင် ရေးသားထားသည်။

    အာဆီယံလူငယ်တွေ့ဆုံဆွေးနွေးပွဲကို ၂၀ဝ၉ ခုနှစ်မှ စတင်၍ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းနိုင်ငံများ၌ ကျင်းပခဲ့ပြီး၂၀၁၄ တွင် မြန်မာနိုင်ငံအာဆီယံဥက္ကဋ္ဌလာသည့်အတွက် အာဆီယံလူငယ်ဖိုရမ်ကို ရန်ကုန်မြို့တွင် ကျင်းပခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks