spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိမ်း၏ ၉၁ နှစ်ပြည့် မွေးနေ့ ဆွမ်းကပ်ပွဲ ပြုလုပ်

    မွန်ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိမ်း၏ ၉၁ နှစ်ပြည့် မွေးနေ့ ဆွမ်းကပ်ပွဲ ပြုလုပ်

    -

    ချောင်းဆုံမြို့နယ်အဆင့် မွန်ဒီမိုကရေစီပါတီ ရုံဖွင့်ပွဲအခမ်းအနားတွင် နိုင်ငွေသိမ်းအား တွေ့မြင်ရပုံ
    ချောင်းဆုံမြို့နယ်အဆင့် မွန်ဒီမိုကရေစီပါတီ ရုံဖွင့်ပွဲအခမ်းအနားတွင် နိုင်ငွေသိမ်းအား တွေ့မြင်ရပုံ
    ဂျူရီချိုင်း – ၂၀၁၄ ခု၊ မတ်လ ၁၉ ရက် ဗုဒ္ဓဟူးနေ့တွင် မွန်ဒီမိုကရေစီပါတီ MDP ဥက္ကဌ နိုင်ငွေသိမ်း၏ အသက် ၉၁ ပြည့် မွေးနေ့အထိမ်းအမှတ်ကို သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း သိ ရသည်။

    နိုင်ငွေသိမ်းက “ကျနော့်ရဲ့မွေးနေ့ကို ပါတီကအဖွဲ့ဝင်တွေ မော်လမြိုင်မှာ မွန်အသိုင်းအဝိုင်းတွေနဲ့ စည် စည်ကားကားလုပ်ပေးဖို့ ပြောလာတာရှိတယ်၊ ရာသီဥတုကလည်းအရမ်း ပူတော့ ကျနော့်ရဲ့ ကျန်း မာရေးအတွက် တစ်ခုခု ဖြစ်မှာစိုးလို့ ဒီအနီးအနားမှာရှိတဲ့လူတွေနဲ့ပဲ စီစဉ်ပြီး လုပ်လိုက်တာပါ” ဟု ပြောသည်။

    ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် မိုးကောင်းဘုရားလမ်း၊ အမှတ် ၁၄ ရပ်ကွက်၊ သီရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်း၌ နေ့လယ်ဆွမ်းဖြင့် သံဃာတော်များကို ဆွမ်းကပ် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

    မွေးနေ့အထိမ်းအမှတ်ပွဲသို့ နိုင်ငွေသိမ်း၏ မိသားစုဝင်များ၊ အိမ်နီးနားချင်း မွန်မိသားစုဝင်များ၊ မိသား စုဝင်သဘောဖြစ်သည့် မွန်လူငယ်များ၊ ပါတီအသိုင်းအဝိုင်းနှင့် ဆက်စပ်သည့် ခေါင်းဆောင်များ တက်ရောက်ခဲ့ကြဟု မိသားစုဝင်တစ်ဦးထံမှ သိရသည်။

    မိသားစုဝင်တစ်ဦးက “အဖိုးရဲ့ဆန္ဒအရ မွေးနေ့မှာ သိပ်ခမ်းခမ်းနားနားမလုပ်တော့ ပါတီ အဖွဲ့တွေ ဖိတ်တွေတောင်မှ ထိပ်ပိုင်း ခေါင်းဆောင်တွေ မဖိတ်ဘူး၊ မွန်မိသားစုဝင်တွေကိုပဲရွေးပြီး ဖိတ်လိုက် ရတယ်” ဟု ပြောသည်။

    ယမန်နှစ် အသက် ၉၀ ပြည့် မွေးနေ့အခမ်းအနားကို ရန်ကုန်တိုင်း၊ တပ်ကုန်းမြို့နယ် သီရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်း၌ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခဲ့ပြီး အသက် ၈၉ နှစ်ပြည့် မွေး နေ့ပွဲကို ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်း တော်ကြီးတွင် ကျင်းပခဲ့သည်။

    နိုင်ငွေသိမ်းကို (၁၉၂၃)ခု၊ မတ်လ (၁၉)ရက်နေ့တွင် ဖခင်နိုင်သာဒွန်း၊ မိခင် မိငွေသုန်တို့မှ ဖား အံမြို့နယ်၊ ထုံးအိုင် ကျေးရွာတွင် မွေးဖွားခဲ့ပြီး မောင်နှမ ၅ ဦးအနက် အကြီးဆုံးသား ဖြစ်သည်။

    သူသည် ၁၉၄၂ ခု အသက် ၁၉ နှစ်အရွယ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် BIA မှ စပြီး နိုင်ငံရေး လောကသို့ ဝင်ရောက်ခဲ့သည်။

    နိ်ုင်ငံရေး လှုပ်ရှားမှုများကြောင့် ၁၉၄၈ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၆၃ မှ ၁၉၆၅ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၉၁ မှ ၁၉၉၄ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၉၈ မှ ၂၀ဝ၄ ခုနှစ်တွင် တစ်ကြိမ် ထောင်ဒဏ် လေးကြိမ် ကျခံခဲ့ရသည်။

    ၂၀ဝ၉ ခုနှစ်တွင် နော်ဝေးနိုင်ငံရောက် ၈၈ မျိုးဆက်ကျောင်းသားများနှင့် တိုင်းရင်းသား အဖွဲ့ အချို့မှ ပူးပေါင်းချီးမြှင့်သည့် အမျိုးသား ပြည်လည်သင့်မြတ်ရေး သူရဲကောင်းဆုကို တိုင်းရင်းသား ခေါင်းဆောင် ၄ ဦးနှင့်အတူ ရရှိခဲ့သည်။

    ၁၉၈၈ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ MNDF စတင်ဖွဲ့စည်းရာမှ ပါတီ ဒု-ဥက္ကဌ ဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ် မွန်ဒီမိုကရေစီပါတီသို့အမည်ပြောင်းသောအခါဥက္ကဌ အဖြစ် ယနေ့တိုင်ဆောင်ရွက်လာခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks