spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းနိုင်ငံတကာ အဆင့်မီ သတင်းပညာ သင်ကျောင်းအတွက် ပြင်ဆင်

    နိုင်ငံတကာ အဆင့်မီ သတင်းပညာ သင်ကျောင်းအတွက် ပြင်ဆင်

    -

    မင်းလုံး – မြန်မာနိုင်ငံတွင် ပထမဦးဆုံးနိုင်ငံတကာအဆင့်မီသတင်းပညာ သင်တန်းကျောင်းတစ်ခုတည်ထောင်၍ မီဒီယာသမားများအား သင်ကြားပို့ချပေးမည့် Myanmar Journalism Institute အဖွဲ့အစည်း ထူထောင်နိုင်ရေးအစည်းအဝေး(Founding Assembly) ကို လာမည့် မတ်လ ၂၃ ရက်နေ့၊ တနင်္ဂနွေနေ့ မွန်လွဲ ၂ နာရီတွင် ရန်ကုန်မြို့၌ ကျင်းပမည်ဟု သိရသည်။

    ထို Founding Assembly သို့တက်ရောက်ရန် စိတ်ပါဝင်စားသူ မြန်မာမီဒီယာသမားများ၊ မီဒီယာအဖွဲ့အစည်းများနှင့် တိုင်းရင်းသားမီဒီယာအဖွဲ့များအနေဖြင့် မတ်လ ၂၀ ရက်နေ့ နောက်ဆုံးထားစာရင်းပေးသွင်းနိုင်ကြောင်း ဖိတ်ကြားစာတွင် ရေးသားထားသည်။

    မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင် ဦးမြင့်ကျော်က "ကျနော်တို့ စာနယ်ဇင်းကောင်စီနဲ့ Burmese News International(BNI) တို့နဲ့လက်တွဲပြီးတော့ မြန်မာအတိုင်းအတာ မီဒီယာအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားမီဒီယာတွေအပါအဝင် အားလုံးကိုဖိတ်ထားတယ်၊ အဖွဲ့အစည်းဘယ်နှစ်ဖွဲ့ တက်ရောက်မှာလဲဆိုတာကို ခန့်မှန်းလို့မရနိုင်သေးပါဘူး"ဟု ပြောသည်။

    ယင်းမီဒီယာသင်တန်းကျောင်းဖြစ်မြောက်ရေးအတွက် ပြင်သစ်၊ ဂျာမနီ၊ ဒိန်းမတ်နှင့် ဆွီဒင်စသည့် ဥရောပ(၄)နိုင်ငံမှ စာနယ်ဇင်းကျောင်းများ၊ ရုပ်သံလွှင့်အဖွဲ့အစည်းများ၏ အကူအညီဖြင့် အဆိုပါသတင်းပညာသင်တန်းကျောင်းတစ်ခုဖွင့်လှစ်သွားမည်ဖြစ်ပြီး မီဒီယာလောကသို့ ဝင်ရောက်လိုသူမျက်နှာသစ်များအတွက် ၁ နှစ်ဒီပလိုမာပထမအကြိမ်သင်တန်းကို ၂၀၁၄ ဇူလိုင်လ ၁ ရက်နေ့တွင်စတင်မည် ဖြစ်သည်။

    ယင်းတစ်နှစ်တာဒီပလိုမာသင်တန်း တက်ရောက်လိုသူများအတွက် သတင်းစာပညာကိုစိတ်ဝင်စားပြီး အထက်တန်းအဆင့်နှင့် ဘွဲ့ရသမားများအား ရွေးချယ်သွားမည်ဟု သင်တန်းကျောင်း ဖြစ်မြောက်ရေးစီစဉ်သူတစ်ဦးဖြစ်သည့် မဇ္စျိမသတင်းအယ်ဒီတာချူပ် ဦးစိုးမြင့်က ပြောသည်။

    သူက"သတင်းထောက်မဟုတ်လည်းတက်လို့ရပါတယ်၊ ဒီ Course က တက်သစ်စလူတွေအတွက်ပဲ ရည်မှန်းထားတာပါ၊ နောက်ဒီအစည်းအဝေးပွဲလုပ်ပြီးရင် တာဝန်ယူဆက်လုပ်သွားမယ့်လူတွေ ထွက်ပေါ် လာလိမ့်မယ်၊ အဲဒီအခါကျမှ သတင်းထောက်တွေအတွက် သက်သက် Course တွေကို ချပေးသွားမယ် "ပြောသည်။

    မြန်မာမီဒီယာများနှင့် စာနယ်ဇင်းသမားများ သတင်းပညာအရည်အသွေးများ ပိုမိုပြည့်ဝလာစေရေး သင်တန်းများပို့ချပေးရန်နှင့် အထောက်အကူများပံ့ပိုးပေးနိုင်ရန်ရည်ရွယ်၍ အမှီအခိုကင်းလွတ်စွာ ကိုယ်ပိုင်ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့် လွတ်လပ်သောအဖွဲ့အစည်းအဖြစ်ရပ်တည်ပြီး ငွေကြေးအကျိုးအမြတ်၊ စီးပွားရေးနှင့် နိုင်ငံရေးအကျိုးစီးပွားများကို မမျှော်မှန်းသော သတင်းသင်တန်းကျောင်းဖြစ်မြောက်စေရန် ရည်ရွယ်သည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks