spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းသန်းခေါင်စာရင်းအတွက် အိမ်နံပါတ် လိုက်လံကပ်

    သန်းခေါင်စာရင်းအတွက် အိမ်နံပါတ် လိုက်လံကပ်

    -

    အိမ်နံပါတ်လိုက်လံကပ်ထားပုံ(IMNA)
    အိမ်နံပါတ်လိုက်လံကပ်ထားပုံ(IMNA)
    အေမီအောင် – မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်တွင် သန်းခေါင်စာရင်းကောက်ယူရေး အထောက်ကူပြု ကော်မတီက မတ်လ ၁၀၊ ၁၁ ရက်နေ့များတွင် အိမ်နံပါတ်များ လိုက်လံကပ်နေသည်ဟု မြိုင်သာယာအုပ်ချုပ်ရေးမှူးရုုံးမှ သိရသည်။

    မြိုင်သာယာ နယ်မြေ (၆) ရာအိမ်မှူး ဦးဟိန်းစိုး က “သန်းခေါင်စာရင်း ကောက်ကွက် မှန်ကန်ဖို့အတွက် ဆရာမတွေကို လမ်းညွှန်ပေးပြီး အိမ်နံပါတ်ဝိုင်းကပ်ပေးနေတာဖြစ်တယ်” ဟုပြောသည်။

    အဆိုပါ သန်းခေါင်စာရင်းကောက်သည့်အခါ လွယ်ကူစေရန်၊ စာရင်းကောက် ဆရာမ များ အိမ်မမှားစေရန်၊ မိမိကောက်ရမည့် အိမ်၊ လမ်းများကို သိရှိစေရန်ရည်ရွယ်သည်ဟု ဦးဟိန်းစိုး ကပြောသည်။

    မြိုင်သာယာရပ်ကွက်တွင် အိမ်ငှားများခြင်း၊ အပြောင်းအရွေ့များခြင်း၊ လူရှိလိုက်မရှိုလိုက်ဖြစ်နေခြင်းကြောင့် အိမ်နံပါတ်များ လိုအပ်နေပါက ထပ်ဖြည့်ရန်၊ ပိုနေပါက လျှော့ချရန် အတိအကျသိရှိစေရန်ဖြစ်သည်ဟု မြိုင်သာယာရပ်ကွက် ရုံးအဖွဲ့မှူး ဦးစိုးသုဝဏ် ကပြောသည်။

    မြိုင်သာယာ အ.မ.က (၂) မူလတန်းပြ ဒေါ်မြတ်မြတ်မိုးက “တကယ်တမ်းကောက်တဲ့အခါမှာ အခက်အခဲ မဖြစ်အောင်ပေါ့၊ အိမ်တွေကိုလည်း ကျမတို့ ဆရာမသိထားရအောင်ဆိုပြီး လူကြီးတွေက စောစော လုပ်ခိုင်းထားတယ်” ဟုပြောသည်။

    မော်လမြိုင်မြို့တွင် မူလတန်းနှင့်အလယ်တန်းပြ ဆရာမ များကို စာရင်းကောက်၊ အထက်တန်းပြဆရာမများကို စာရင်းစစ် စုစုပေါင်း ၄၀ဝ ဦးခန့် ရွေးချယ်ထားပြီး၊ မတ်လ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့ထိ အမှတ် (၉) ကျောင်းတွင် သင်တန်းပေးမည် ဟုပြောသည်။

    ထိုသို့စာရင်းကောက်ရာတွင် ဒေသခံကျောင်းဆရာ ဆရာမ များက တစ်အိမ်တတ်တစ်အိမ်ဆင်းဖြင့် အိမ်ထောင်စုဝင် အရေတွက်ပေါ်မူတည်၍ စာရင်းကောက်ချိန် (၂၅) မိနစ်ခန့်ကြာမည်ဟု ခန့်မှန်းထားသည်။

    မွန်ပြည်နယ်တွင် ကောက်ကွက်ပေါင်း (၃၀ဝ၀) ခန့်ရှိပြီး၊ မြိုင်သာယာရပ်ကွက်၌ အိမ်ထောင်စုပေါင်း ၁၈၅၀၊ စုစုပေါင်း လူဦးရေ ၈၅၈၄ ရှိပြီး၊ ကောက်ကွက်ပေါင်း (၂၄) ကွက်ရှိသည်။

    စာရင်းကောက် တစ်ဦး ၁၂ ရက်အတွင်း အိမ်ထောင်စု (၇၀)ခန့် မှ (၁၅၀) ခန့် ကို ကောက်ကွက် (၁) ကွက် အဖြစ်သတ်မှတ်ပြီး၊ ကောက်ကွက်(၅) ကွက်လျှင်
    စာရင်းစစ်တစ်ဦး ထားရှိမည်ဖြစ်သည်။

    ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို မတ်လ ၃၀ ရက်နေ့ မှ ဧပြီလ ၁၀ရက်နေ့အထိ ကောက်ခံသွားမည်ဖြစ်သည့်အတွက် မွန်ပြည်နယ်အတွင်း အိမ်နံပါတ်များလိုက်လံကပ်သည့်အစီအစဉ် မတ်လ ၁၇ ရက်နေ့တွင် ပြီးစီးမည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks