spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းရန်ကုန်မြို့ရှိ မွန်တိုင်းရင်းသားများအား ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုအကြောင်း နိုင်ဟံသာ ရှင်းပြ

    ရန်ကုန်မြို့ရှိ မွန်တိုင်းရင်းသားများအား ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုအကြောင်း နိုင်ဟံသာ ရှင်းပြ

    -

    မင်းလုံး – တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT) အဖွဲ့ခေါင်းဆောင်ဖြစ်သည့် နိုင်ဟံသာက တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းဖော်ဆောင်နေမှုနှင့် လက်ရှိ နိုင်ငံရေးအခြေအနေများကို မတ်လ ၁၃ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ပေါ်ရှိ မွန်တိုင်းရင်းသားများကို ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    အဆိုပါရှင်းလင်းပွဲအခမ်းအနားကို ရန်ကုန်မြို့၊ အမှတ်(၁၈၅)၊ ရွှေတိဂုံဘုရားလမ်းရှိ မွန်ပိဋိကတ်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး မွန်စာပေယဉ်ကျေးမှုအဖွဲ့၊ မွန်လူဦးရေစာရင်းကောက်သည့် အဖွဲ့နှင့် တက္ကသိုလ်ကျောင်းသားလူငယ်များ၊ ရန်ကုန်တိုင်းဒေသကြီးရှိမွန်အသင်းအဖွဲ့များ၊ မွန်မိသားစု များ စုစုပေါင်း လူဦးရေး ၁၀ဝ ကျော်နှင့် သံဃာတော် ၇ ပါးတို့ တက်ရောက်ခဲ့ကြသည်။

    ရှင်းလင်းပွဲအခမ်းအနားတက်ရောက်ခဲ့သူ နိုင်မောင်တိုးက "ပထမဆုံးတော့ သူ့လုပ်ဆောင်ချက်တွေ ကို အရင်ရှင်းပြပေးတယ်၊ ဦးအောင်မင်းတို့နဲ့ တွေ့ဆုံပြီးဆွေးနွေးခဲ့တာတွေကအစပေါ့၊ တစ်ဖက်ကို ၉ ယောက်စီ ဆက်လက်ဆွေးနွေးသွားမယ့်အကြောင်းကိုလည်း ရှင်းပြပေးခဲ့တယ်"ဟု ပြောသည်။

    မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့NCCT တို့ တစ်ဖက် ၉ ဦးပါကိုယ်စားလှယ်များဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းတစ်ခုရေးဆွဲရန် လွန်ခဲ့သည့် မတ်လ ၉၊ ၁၀ ရက်များတွင် ပဏာမသဘောတူညီမှုရရှိခဲ့ပြီး ဖြစ်သည်။

    "နိုင်ဟံသာ ရှင်းပြချက်အရဆိုရင် အခု အပစ်အခတ်ရပ်စဲရေးအခြေအနေက အရင်ကထက်စာရင် တိုး တက်ကောင်းမွန်လာပြီးလို့ကြားရတော့ ကျနော်တို့အားရဝမ်းသာမိတယ်၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲဖို့အ တွက် အချိန်ကန့်သက်မထားဘူး၊ အချိန်ပေးပြီး ဆက်လက်ညှိနှိုင်းရမယ်လို့ပြောတယ်"ဟု ရှင်းလင်းပွဲ သို့လေ့လာသူ မင်းဖေသန်း ကပြောသည်။

    တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးအတွက် အချိန်းပေးပြီးဆက်လက်ညှိနှိုင်းသွားမည်ဖြစ် ၍ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးမှ နိုင်ငံရေးကိုဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ဟံသာ ရှင်းပြခဲ့သည်ဟု မင်းဖေသန်းက ဆက်ပြောသည်။
    နိုင်ဟံသာသည် အနှစ် ၄၀ ကျော် တော်လှန်ရေးသမားတစ်ဦးအဖြစ် နိုင်ငံရေးလောကတွင် လှုပ်ရှားလျက်ရှိရာ ယခုလက်ရှိတွင် တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် အဖြစ်လည်းကောင်း၊ ညီညွတ်သောတိုင်းရင်းသားဖက်ဒရယ်များကောင်စီ (UNFC)တွင် အထွေထွေအတွင်း ရေးမှူးအဖြစ်လည်းကောင်း၊ မွန်ပြည်သစ်ပါတီဒုဥက္ကဌအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင် လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks