spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့နယ် ရာဘာခြံများ နှစ်စဉ်မီးဘေးဒုက္ခကြုံ

    သံဖြူဇရပ်မြို့နယ် ရာဘာခြံများ နှစ်စဉ်မီးဘေးဒုက္ခကြုံ

    -

    မီးလောင်ခံထားရသောရာဘာခြံနေရာ(IMNA)
    မီးလောင်ခံထားရသောရာဘာခြံနေရာ(IMNA)
    မင်းထူးသစ် – မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာအုပ်စုရှိ အိုင်ရှည်ကျေးရွာ အနီးပတ်ဝန်းကျင်တွင် ရာဘာခြံများ မီးလောင်ခံနေရနေကြောင်း ဒေသခံများထံမှ သိရသည်။

    အိုင်ရှည်ကျေးရွာ တောင်ဘက် ၂ မိုင်ခန့်အကွာတွင် ယခု သီတင်းပတ်အတွင်း မတ်လ ၈-၉ ရက် နေ့လည်ပိုင်း၌ မီးလောင်ကျွမ်းမှု အများဆုံးဖြစ်ခဲ့ကြောင်း ခြံမီးကင်းစောင့် ကိုသားငယ်က ပြောသည်။

    ကိုသားငယ်က “လူအင်အား ၄၀ လောက်မီးငြိမ်းသတ်ပေမယ့်လည်း ဒီဖက်ခြံကရော်ဘာအပင်နှစ်သောင်းကျော်၊ ဟိုဖက်ခြံက ၅ နှစ်သား ရော်ဘာအပင်သုံးထောင်၊ ၄ နှစ်သားရော်ဘာပင်တစ်ထောင့်ငါးရာကျော် လောက်မီးလောင်ခံရတယ်” ဟု ပြောသည်။

    အိုင်ရှည်ရွာအနီးတဝိုက် လက်ရှိအချိန်ထိ မီးလောင်ခံစုစုပေါင်း ဧက (၁၅၀) ခန့်တွင် ရာဘာပင်ပေါင်း (၂၅၀ဝ၀)ကျော်အတွက်ခန့်မှန်း ဆုံးရှုံးမှုတန်ဖိုးငွေ သိန်းပေါင်း(၃၅၀ဝ)ကျပ် ရှိနိုင်ပြီး ယခင်နှစ်ထက် မီးလောင်မှုပိုများကြောင်း သူကဆိုသည်။

    ရာဘာခြံပိုင်ရှင် ဦးညဏ်က “တစ်နှစ်သား ရော်ဘာပင်တစ်ပင်ရဲ့ကုန်ကျစရိတ်က ပျမ်းမျှ (၂၅၀ဝ)ကျပ်ကျော် ရှိပြီး တစ်ဧက ကုန်ကျစရိတ်က ၅သိန်းကျော်ရှိပါတယ်” ဟု ပြောသည်။

    ထို့အပြင် ရာဘာစိုက်ပျိုးသူများအနေဖြင့် ငွေနှင့်အချိန်ကို ရင်းနှီးပေးဆပ်ထားရပြီး ခြံမီးလောင်ခံရပါက ငွေကြေးအပြင် အချိန်များလည်း ကုန်ဆုံးခံရသည့်အတွက် စိတ်ဓါတ်ပြန်လည်ထူထောင်နိုင်ရန် အလွန်ကြိုးစားနေရသည်ဟု သူကဆက်ပြောသည်။

    ရာဘာခြံသည် နှစ်စဉ်ပွင့်လင်းရာသီချိန် ဖေဖေါ်ဝါရီလ၊ မတ်လများရောက်လျှင် ခြံရှိ အပင်ငယ်များအား ရှင်းလင်းကာစုပုံမီးရှို့ရာမှ မီးလောင်မှုဖြစ်ပေါ်တတ်ခြင်း၊ တဖန်းမီးကြွင်း မီးကျန်များလေတိုက်ရာမှတဆင့် ကူးစက် လောင်းကျွမ်းခြင်း၊ ရာဘာခြံမီးလောင်ပါက အနီးကပ်ငြိမ်းသတ်ရန်မလွယ်ကူခြင်း၊ ခြံအများစုတွင် ရေမရှိခြင်း၊ မီးလောင်သည့်အခါ သစ်ကိုင်းများဖြင့်သာ အားကိုယ်းငြိမ်သတ်ခြင်းသာ ရှိသည်ဟု သိရသည်။

    အိုင်ရှည်ကျေးရွာတွင် ရာဘာစိုက်ပျိုထားသည့် ကိုတရုတ်က “ရာဘာခြံ မီးလောင်ပြီးဆိုရင် ဘယ်ကမှအကူအညီမရပါဘူး၊ ကိုယ့်ဖြစ်ကိုယ်ခံပဲ၊ အာဏာပိုင်ဌာနဆိုင်ရာတွေကလည်း သူတို့မဆိုင်သလို နေကြပြီး ကူညီပေးဖို့ကိုလည်း မရှိကြပါဘူး” ဟု ပြောသည်။

    ထို့အပြင် ဒေသခံရာဘာခြံရှင်များအနေဖြင့် နိုင်ငံတော်သို့ နှစ်စဉ်အခွန်ငွေများ ပေးသွင်းနေရသကဲ့သို့ ဒေသရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း ပုံမှန်အကောက်ငွေများပေးသွင်းရသည်ဟု ဆိုသည်။

    မွန်ပြည်နယ်တွင် ရာဘာစိုက်ဧက ၅ သိန်းကျော်ရှိသည့်အနက် ၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလကုန်ပိုင်း စာရင်းအရ သံဖြူဇရပ်မြို့နယ် စုစုပေါင်း ရာဘာစိုက်ဧက ၆၀၆၀၅ တွင် အစေးထုတ်လုပ်သည့်ခြံ ၅၀၁၀၆ ဧက ရှိပြီး အထွက်နုန်းမှာ နှစ်စဉ် ၃၅၅၂၄၅၂၈ ပေါင် ထုတ်ပေးလျက်ရှိကြောင်း သံဖြူဇရပ်မြို့ နှစ်ရှည်ရာဘာစိုက်ပျိုးရေးဌာနစာရင်းအရ သိရသည်။

    ကောင်းကင်ဂြိုလ်တုဓါတ်ပုံအရ မြန်မာနိုင်ငံတွင် မတ်လ ၉ ရက် မွန်းလွဲ (၃:၄၁) အချိန်၌ တောမီးလောင်းကျွမ်းသည့်နေရာပေါင်း ၈၉၈ နေရာတွေ့ရှိကြောင်း ဒေါက်တာထွန်းလွင်၏ ဖေ့ဖွတ်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks