spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းလုပ်အားခလစာထုတ်ပေးရေးအတွက် ထိုင်းတွင် မြန်မာအလုပ်သမားဆန္ဒပြ

    လုပ်အားခလစာထုတ်ပေးရေးအတွက် ထိုင်းတွင် မြန်မာအလုပ်သမားဆန္ဒပြ

    -

    မြန်မာအလုပ်သမားများဆန္ဒပြနေစဉ်(DVB)
    မြန်မာအလုပ်သမားများဆန္ဒပြနေစဉ်(DVB)
    ဂျူရီချိုင်း – ထိုင်းနိုင်ငံ တောင်ပိုင်းဖူးကတ်ခရိုင်ဒေသတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများက လုပ်အားခလစာအပြည့်အဝ ရရှိရေးနှင့်ပတ်သက်၍ ယနေ့နံနက်ပိုင်းတွင် ဆန္ဒပြတောင်း ဆိုခဲ့ကြကြောင်း သိရသည်။

    ယနေ့နံနက် ၉ နာရီမှစတင်၍ ၁၀ နာရီအထိ အလုပ်သမားများက လုပ်ခလစာအပြည့် အဝမရရှိသည့် အတွက် မကျေ နပ်သော အလုပ်သမား ၃၀ဝ ကျော်ခန့်က အလုပ်မဆင်းဘဲ မိမိတို့ သက် ဆိုင်ရာလုပ် ကိုင် နေသော အလုပ်ရုံရှေ့၌ ဆန္ဒပြတောင်းဆိုခဲ့ခြင်း ဖြစ်သည်။

    ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သည့် မြန်မာအလုပ်သမားတစ်ဦးက “ကျနော်တို့ပြတာက အရှေ့ကတစ်ယောက် မတ်တပ်ရပ်ပြီး အော်ခိုင်းတယ် ပိုက်ဆံဘယ်နေ့ထုတ်ပေးမလဲ၊ စားစရာတွေမရှိတော့ဘူး၊ စားဝတ် နေရေး အခက်အခဲနဲ့ကြုံနေရပြီး၊ ကျနော်တို့ပြတာက အကြမ်း ဖက်တာမဟုတ်ဘူး လုပ်ခရှင်းပေးဖို့ အသနားခံတောင်းနေတာပါ” ဟု ပြောသည်။

    အလုပ်သမားတစ်ဦးသည် တနေ့ကို လုပ်ခ ဘတ် ၃၀ဝ နှုန်းဖြင့် တစ်လလျှင်ဘတ် ၉၀ဝ၀ ရရှိမည်ဟု အလုပ်ရှင်များသဘောတူထားကြောင်း သိရသည်။

    ယင်းသို့ဆန္ဒပြတောင်းဆိုခဲ့သည့်အတွက် အလုပ်ရှင်က အလုပ်သမားများအား လုပ်အားခ လစာထုတ် ပေးသွားမည်ဟု အကြောင်းပြန်သော်လည်း လောလောဆယ်တွင် မည်မျှထုတ် ပေးခြင်းမရှိသေးသည်ဟု သူက ပြောသည်။

    “အခု ကျနော်တို့ ကြုံတွေ့နေတာက အခန်းငှါးခ၊ မီးဖိုး၊ ရေဖိုးရော ပေးနေရတယ်၊ အဲဒီဟာအတွက် လကုန်ရင်လာလိုက်ပြီး အခုပေးဖို့မပြောနဲ့ ဝမ်းစာတောင်မပြည့် တချို့ မိသားစုတွေဆို တနေ့ကို တစ် နပ်ပဲ အငတ်ခံပြီး စားနေရတယ်” ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ရခိုင်းတိုင်းရင်းသား တစ်ဦးက ပြော သည်။

    အလုပ်သမားများသည် နှစ်နိုင်ငံသဘောတူညီချက် (MOU) ဖြင့် တရားဝင် လာရောက် အလုပ် လုပ်ကိုင်နေကြသော အလုပ်သမားများဖြစ်ကြသည့် ဗမာ၊ ရခိုင်၊ ချင်းနှင့် မွန် လူမျိုးများဖြစ်ကြောင်း သိ ရသည်။

    အလားတူ ထိုင်းနိုင်ငံတောင်ပိုင်းဒေသ၌ ရာဘာခြံလုပ်ငန်းလုပ်ကိုင်နေသူ အလုပ်သမား ၁၀ဝ ဝန်းကျင်ခန့်ကလည်း အလုပ်ရှင်နှင့် အလုပ်သမားများအကြား လုပ်ခလစာပြသနာများနှင့်ကြုံတွေ့နေရသည်ဟု အလုပ် သမားများက ပြောဆိုနေကြသည်။

    ၂၀၁၄ ခုနှစ် စာရင်းဇယားအရ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သန်းခန့်ရှိပြီး ၁ သန်း ၇ သိန်းနီးပါးခန့် တရားဝင် ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးထားပြီးဖြစ်ကြောင်း အင်တာနက်သတင်းစာမျက်နှာများ တွင် ဖော်ပြပါရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks