spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းအစိုးရနှင့် NCCT အပစ်ရပ်စာချုပ်မူကြမ်း ရေဆွဲရန် သဘောတူ

    အစိုးရနှင့် NCCT အပစ်ရပ်စာချုပ်မူကြမ်း ရေဆွဲရန် သဘောတူ

    -

    အစိုးရနှင့် NCCT အပစ်ရပ်စာချုပ်မူကြမ်းရေးဆွဲရန်သဘောတူ
    အစိုးရနှင့် NCCT အပစ်ရပ်စာချုပ်မူကြမ်းရေးဆွဲရန်သဘောတူ
    မင်းသုတ – မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့NCCT တို့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းတစ်ခုရေးဆွဲရန် ယနေ့(မတ်လ ၁၀ ရက်) တွင် ပဏာမ သဘောတူညီမှုရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန MPC မှ သိရှိရသည်။

    နှစ်ဖက် ကိုယ်စားလှယ်များအားလုံး သဘောတူညီနိုင်သော အခန်း ၇ ခန်းပါ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းတစ်ခုတည်း Single Text ရရှိရေးပူးတွဲပြုစုရန်အတွက် ပြုစုရေးလုပ်ငန်းအဖွဲ့ဖွဲ့စည်းရန် ညှိနှိုင်းသဘောတူခဲ့ကြခြင်းဖြစ်သည်။

    MPC အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက “တစ်ဖက်ကိုယ်စားလှယ်အရေအတွက် ၉ ဦးစီပါဝင်တဲ့ လုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းသွားမှာပါ၊ တနိုင်ငံလုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေးမှာ ကြန့်ကြာနေရတဲ့ မူကြမ်းတွေထဲက တချို့ကိစ္စတွေကို အမြန်ဆုံး ညှိနှိုင်းပြီးစီးနိုင်အောင်လို့ အဖွဲ့တခု ဖွဲ့စည်းဖို့ သဘောတူ ကြတာဖြစ်တယ်” ဟု ပြောသည်။

    ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရွှေလီလမ်းရှိ MPC ၌ မတ်လ ၉ ၊ ၁၀ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲတွင် NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ၊ ဒုတိယအဖွဲ့ခေါင်းဆောင်ပဒိုကွယ်ထူးဝင်းနှင့် လက်နက်ကိုင်တိုင်းရင်းသားကိုယ်စားလှယ်များ၊ ပြည်ထောင်စုငြိ်မ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌဝန်ကြီးဦးအောင်မင်းနှင့် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းမှုဖော်ဆောင်မှုကော်မတီဥက္ကဌ ဦးသိန်းဇော်နှင့် ကော်မတီဝင်များ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ခေါင်းဆောင်သော တပ်မတော်ထိပ်တန်းအရာရှိများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် MPC အကြီးတန်းကိုယ်စားလှယ်တို့ တက်ရောက်ကြောင်း ယနေ့အစိုးရထုတ် သတင်းစာများတွင် ရေးသားဖေါ်ပြထားသည်။

    ဦးလှမောင်ရွှေက “မတ်လမကုန်မီ ထပ်မံတွေ့ဖို့ရှိတယ်၊ UNFC မှာမပါဝင်တဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေကို ဘိတ်ကြားမယ်၊ ဖားအံမှာ တစ်ပြည်လုံးအပစ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကျင်းပတဲ့အခါ အားလုံးတညီတညွတ်တည်း အဆင်ပြေချောမွေ့စေဖို့ပါ” ဟု ပြောသည်။

    NCCT အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းက “ကျနော်တို့ဘက်က အပစ်အခတ်ရပ်စဲရေးမူကြမ်းတစ်ခုရေးလိုက် သူတို့ဘက်ကပြန်ရေးလိုက်၊ သူတို့ရေးတဲ့ဟာကို ကျနော်တို့ပြန်ရေးလိုက်နဲ့ အလုပ်ကမပြီးနိုင်ဖြစ်နေတယ်၊ အခုနှစ်ဖက်စလုံးပေါင်းပြီးတော့ မူကြမ်းတစ်ခုကိုအတူတူရေးဆွဲနိုင်မယ်ဆိုရင် တိုးတက်မှုတစ်ခုပဲ၊ အခုဆိုရင် ၅၀ ရာနှုန်းလောက်အောင်မြင်နေပါပြီ” ဟု ပြောသည်။

    သို့ရာတွင် တစ်ပြည်လုံးအတိုင်းအတာ အပစ်ရပ်စဲရေးလက်မှတ်ရေးထိုးမည့် ဖားအံညီလာခံအား ရက်မသတ်မှတ်နိုင်သေးသော်လည်း နှစ်ဖက်သဘောတူညီမှုရရှိရန် နီးစပ်လာနေပြီဟု သူကဆက်ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks