spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းပထမအကြိမ် မွန်အမျိုးသမီးညီလာခံကျင်းပ

    ပထမအကြိမ် မွန်အမျိုးသမီးညီလာခံကျင်းပ

    -

    ပထမအကြိမ် မွန်အမျိုးသမီးညီလာခံကျင်းပနေပုံ(IMNA)
    ပထမအကြိမ် မွန်အမျိုးသမီးညီလာခံကျင်းပနေပုံ(IMNA)
    အေမီအောင် – ပထမအကြိမ် မွန်အမျိုးသမီးညီလာခံကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၊ သာသနာ ၂၅၀ဝ ဘုန်းတော်ကြီးကျောင်းတွင် မတ်လ ၈ ရက်နေ့မှစတင်၍ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်နေသည်ဟု မွန်အမျိုးသမီးညီလာခံဖြစ်မြောက်ရေး ကော်မတီ ထံမှ သိရသည်။

    အဆိုပါ ညီလာခံတွင် မွန်အမျိုးသမီးများနှင့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ အမျိုးသမီး အခွင့်အရေး၊ ကလေးအခွင့်ရေး၊ အမြင့်ဖွင့်ခြင်း၊ ရှေ့ဟောင်းယဉ်ကျေးမှုဆိုင်ရာအကြောင်းများကို အဓိကထား ဆွေးနွေးသွားမည်ဟု မွန်အမျိုးသမီး ညီလာခံ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ မိချယ်ရီစိုး ကပြောသည်။

    မိချယ်ရီစိုးက “ အမျိုးသမီးတွေအပေါ် ဖိနှိပ်ချုပ်ချယ် ခွဲခြားဆက်ဆံခံရခြင်းကြောင့် အမျိုးသမီးတွေရဲ့အသံ တစ်သံထဲ ထွက်ပေါ်လာပြီး အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာစေရန် မျှော်လင့်တယ်”ဟု ပြောသည်။

    လက်ရှိမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သတင်း မီဒီယာကဏ္ဍတို့တွင် အမျိုးသမီး များ၏ ပါဝင်မှု၊ ကိုယ်စားပြုမှု၊ ဦးဆောင်မှု၊ ဆုံးဖြတ်ချက်ချနိုင်မှု အခန်းကဏ္ဍ များ အမျိုးသမီးအတွက် အခွင့်ရေးအလွန်နည်းပါးနေခြင်းကြောင့် အမျိုးသမီးများ၏အသံ ပိုမို ကျယ်လောင်စွာ ထွက်ပေါ်လာစေရန် ရည်ရွယ်ပြီး ညီလာခံပြုလုပ်ရခြင်းဖြစ်သည်ဟု ပြောသည်။

    ကျား/မ ရေရာ တန်းတူညီမျှရေးကွန်ယက်မှ ညိုနှိုင်းရေးမှူး ဒေါ်မေစပယ်ဖြူက “ကျမ တို့နိုင်ငံမှာ အမျိုးအမီး အခွင့်ရေးလှုပ်ရှားမှု အခုမှစပြီး လုပ်တယ်ဆိုတော့ တန်းတူအခွင့်ရေးရဖို့က တော်တော်လုပ်ယူရမယ်၊ တော်တော်ကြာအုံးမယ်” ဟုပြောသည်။

    ခွဲခြားဆက်ဆံမှု၊ တန်းတူအခွင့်ရေးရရန် နိုင်ငံတော်အစိုးရအနေနှင့် အသိမှတ်ပြုလက်ခံမှု မရှိသေးသမျှကာလပတ်လုံး အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုအောင်မြင်ဖို့ခက်ခဲနေဦးမည် ဟုပြောသည်။

    မွန်ပြည်နယ်စီပွားရေးနှင့်စီမံကိန်းဝန်ကြီး ဒေါက်တာမင်းနွယ်စိုး က “နေရာတော်တော်များများ ခွဲခြားမှုတွေ ရှိပါတယ်၊ အိမ်တွင်း၊ မိသားစု၊ ကျေးရွာ၊ မြို့နယ်၊ နိုင်ငံအဆင့် ၊ ကမ္ဘာမှာလည်းရှိတယ်၊ တဖြည်းဖြည်းနဲ့ပျောက်သွားအောင် လုပ်ဆောင်ယူရပါ့မယ်” ဟုပြောသည်။

    ထို့အပြင် အမျိုးသမီးများကလည်း ကိုယ့်ကဏ္ဍ၊ ကိုယ့်စည်း ကိုယ် (role)၊ ယူတတ်ရန်၊ ယူရဲရန်၊ ယူနိုင်ရန်၊ ကြိုးစားသွားရမည့် အပိုင်းသည် မိမိတို့ အမျိုးသမီးများ၏ တာဝန်တာဖြစ်သည် ဟုပြောသည်။

    ထို အပြောင်းအလဲကို ဖော်ဆောင်ရာတွင် ကျယ်ကျယ်ပြန့်ပြန့် တွေးတောပြီး၊ အမျိုးသမီးများ အနာဂတ်ဘဝ လှပရေး၊ တန်းတူညီမျှ ဆက်ဆံခံရရေး၊ လုံခြုံရေးနှင့် အကျိုးခံစားခွင့် ရရှိရေးတို့အတွက် မိမိတတ်နိုင်သည့်အရာကို တစ်နိုင်တစ်ပိုင် ကိုယ်တိုင်လုပ်ဆောင်ကြရန် ဒေါ်မေစပယ်ဖြူ ကဆက်ပြောသည်။

    ယင်းညီလာခံသို့ ရန်ကုန်တိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်မှ မွန်အမျိုးသမီး ခေါင်းဆောင်များ
    မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီ၊ ရှင်စောပု အမျိုးသမီး စွမ်းဆောင်ရှင်များအဖွဲ့၊ စေတနာအဖွဲ့၊
    စံပြပညာရေးဝန်ဆောင်မှုလုပ်ငန်းအဖွဲ့၊ လူငယ်များအဖွဲ့ MYPO ၊ MYEO ၊ MSDN စုစုပေါင်းဦးရေ ၁၅၀ ဦးခန့် တက်ရောက်နေကြဆဲဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks