spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမုဒိန်းကျင့်ရန် ကြံစည်ရိုက်နှက်ခံ မွန်တိုင်းရင်းသူကိစ္စ ကာကွယ်ရေးဝန်ကြီးဌာနမှ အရေးယူမည်ဟုဆို

    မုဒိန်းကျင့်ရန် ကြံစည်ရိုက်နှက်ခံ မွန်တိုင်းရင်းသူကိစ္စ ကာကွယ်ရေးဝန်ကြီးဌာနမှ အရေးယူမည်ဟုဆို

    -

    ကာကွယ်ရေးဝန်ကြီးဌာန၏အကြောင်းကြားစာ(Copy)
    ကာကွယ်ရေးဝန်ကြီးဌာန၏အကြောင်းကြားစာ(Copy)
    မင်းလုံး – မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ၊ အမှတ်(၃၁၅)အမြှောက် တပ်ရင်းမှ ဒုတပ်ကြပ် ရဲလင်းထွန်းက ပြီးခဲ့သည့်ဇန်နဝါရီလအတွင်း ဒေသခံ မွန်တိုင်းရင်းသူတစ်ဦးအား မုဒိန်းကျင့်ရန်ကြံစည်စဉ် အပြင်းအထန်ရိုက်နှက်ခဲ့သည့် အမှုကိစ္စနှင့်ပက်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနမှ အရေးယူဆောင်ရွက်မည်ဟု အကြောင်းပြန်လာကြောင်း သိရသည်။

    ထိုမုဒိန်းကျင့်ရန်ကြံစည်ခံရသည့် မွန်တိုင်းရင်းသူမှာ သံဖြူဇရပ်မြို့နယ်၊ ဝဲရက်ရွာသူမိချို ဖြစ်စဉ်နှင့်ပက်သက်သည့် အချက်အလက်များစုဆောင်းပြီး ကာကွယ်ရေးဝန်းကြီးဌာန ဒု-ဝန်ကြီး ဦးကျော်ညွန့် ထံတင်ပြခဲ့ပြီး အရေးယူဆောင်ရွက်ပေးစေရန်တင်ပြခဲ့ကြောင်း မွန်ပြည်နယ်၊ ရေးမြို့နယ် မဲဆန္ဒနယ် အမှတ်(၇)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက ပြောသည်။

    သူက "အခင်းဖြစ်ပြီးပြီးချင်း မွန်ပြည်နယ်အဖွဲ့အစည်းတစ်ခုခုကနေပြီးတော့ ကျနော့်ဆီကို အဲဒီအမှုကိစ္စနဲ့ ပက်သက်တဲ့တိုင်ကြားစာရောက်လာတယ်၊ ဘယ်ဌာနချူပ်က ဘယ်တပ်မတော်သားတွေပဲဖြစ်ဖြစ်၊ ဘာဝန်ထမ်းပဲဖြစ်ဖြစ် ပြည်သူတွေမနစ်နာအောင် ထိုက်တန်တဲ့ ပြစ်ဒဏ်နဲ့အရေးယူဆောင်ရွက်ပေးဖို့ပါပဲ"ဟု ပြောသည်။

    ကာကွယ်ရေးဝန်ကြီးဌာန၏ အကြောင်းပြန်စာတွင် (က) ပြစ်မှုကျူးလွန်သူ တရားခံဒုတပ်ကြပ်ရဲလင်းထွန်းအား ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့မှစ၍ တပ်ရင်းတွင် ချူပ်နှောင်ထားရှိပါကြောင်း၊ (ခ) ပြစ်မှု ထင်ရှားစေရန်အတွက် စုံစမ်းစစ်စေးရေးခုံရုံးအဖွဲ့အစည်းမှ စစ်ဆေးလျက်ရှိကြောင်း၊ (ဂ) ကျူးလွန်သည့် ပြစ်မှုအလိုက် မှန်ကန်ပါက ထိုက်တန်သည့် ပြစ်ဒဏ်ချမှတ်ပေးရမည်ဖြစ်ကြောင်း၊ ရေးသားပြီး အကြောင်းပြန် လာကြောင်း သိရသည်။

    ယင်းအမှုကိစ္စနှင့်ပက်သက်ပြီး ယမန်နေ့က ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦးနှင့် မွန်ပြည် နယ်၊ ရေးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိမြင့်သန်းတို့ ဆွေးနွေးခဲ့ကြောင်း ဒေါက်တာ ဗညား အောင်မိုးက ဆက်ပြောသည်။

    သို့ရာတွင် မည်သည့်အချိန်၊ မည်သည့်နေရာတွင် မည်ကဲ့သို့အမှုစီရင်မည်ကို ကာကွယ်ရေးဝန်ကြီးဌာန၏အကြောင်းကြားစာတွင် တိကျစွာရေးသားဖေါ်ပြခြင်းမရှိပေ။

    အဆိုပါ မုဒိန်းကျင့်ရန်ကြံစည်ခံရသည့် မိချို၏ ဦးခေါင်းအား ကျောက်တုံးဖြင့် ရိုက်နှက်ခြင်းခံရ၍ လွန်ခဲ့သည့် ဖေဖေါ်ဝါရီလ ဒုတိယအပတ်က ရန်ကုန်ပြည်သူ့ဆေးရုံရှိ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသဆောင်၌ ဆေး ကုသမှုခံယူခဲ့ပြီး ယခုအခါ သူမ၏ ဘယ်လက်သန်း သွားကိုက်ဒဏ်ရာကြောင့် အရိုးနှင့်အကြောခွဲစိတ်ကုသ ဆောင်တွင် ဆက်လက်ကုသနေလျက်ရှိကြောင်း မွန်ဒီမိုကရေစီပါတီ လူငယ်ရေးရာတာဝန်ခံ မိကျဲကျဲညီက ပြောသည်။

    သူမက "အခုဆိုရင် သူ့ရဲ့လက်ဒဏ်ရာကိုခွဲစိတ်ထားပြီးပြီး၊ ချူပ်ရိုးတွေဖြည်ဖို့ ရက်ချိန်းကိုစောင့်နေတယ်၊ အခုဆိုရင် သူ့ရဲ့စိတ်က ပုံမှန်မဟုတ်တော့ဘူး၊ စစ်သားလို့ပြောလိုက်ရင် သူက အရမ်းကြောက်နေတယ်၊သူကြုံခဲ့တဲ့ သူ့အဖြစ်အပျက်တွေကြောင့် သူ့စိတ်တွေက အရမ်းကိုကြောက်လန့်နေတယ်၊ အခုအခြေအနေအ ရဆိုရင် ဆေးရုံမှာ လပိုင်းလောက်ပြန်နေရဦးမယ်"ဟု ပြောသည်။

    လူနာ၏ ဆေးဝါးကုသမှုကုန်ကျစရိတ်များကို Women’s League of Burma(WLB) မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချူပ် အပါအဝင် ကရင်အမျိုးသမီးများအစည်းအရုံး နှင့် ဒေါ်နော်အုန်းလှ ဦးဆောင်သည့် ဒီမိုကရေ စီနှင့်ငြိမ်းချမ်းရေးအမျိုးသမီးများကွန်ယက်မှ ကူညီထောက်ပံ့ပေး လျက်ရှိကြောင်း အနီးကပ်ကူညီစောင့်ရှောက်သူများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks