spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းအခြေခံသတင်းပညာရက်တိုသင်တန်း မော်လမြိုင်မြို့တွင်ဖွင့်လှစ်

    အခြေခံသတင်းပညာရက်တိုသင်တန်း မော်လမြိုင်မြို့တွင်ဖွင့်လှစ်

    -

    သင်တန်းသားများနှင့် ဆရာများ(MHT)
    သင်တန်းသားများနှင့် ဆရာများ(MHT)
    မင်းထူးသစ် – FOJO media institute မှ ကြီးမှူး၍ အခြေခံသတင်းပညာသင်တန်းကို မွန်ပြည်နယ်မော်လမြိုင်မြို့တွင် (၃)ရက်ကြာ ပြုလုပ်ခဲ့ရာ ဖေဖေါ်ဝါရီ ၂၄ ရက်သင်တန်းနောက်ဆုံနေ့၌ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့ကြောင်း တွေ့ရှိရသည်။

    ယင်းသင်တန်းကို မော်လမြိုင်မြို့ ကောင်မြတ်ဟိုတယ်၌ သင်တန်းဖွင့်လှစ်ခဲ့ရာ သတင်းဌာန ၁၅ ခုမှ သတင်းထောက် ၂၂ ဦးတက်ရောက်ခဲ့ပြီး FOJO media institute မှ Mrs Fiona Barton(trainer)၊ မြန်မာသတင်းစာဆရာများဖြစ်ကြသည့် ဦးတင်ထွဋ်(MJN)၊ ဦးမြင့်ကျော်(secretary of MJN) ၊ ဦးစိန်လှိုင်ဗိုလ် (MJN)တို့မှပို့ချခဲ့ခြင်း ဖြစ်သည်။

    သင်တန်းသားတစ်ဦးက “သတင်းဆိုတာဘာလဲ၊ကောင်းမွန်တဲ့ သတင်းဖြစ်ဖို့ဘာတွေလိုအပ်လဲ၊ ခေါင်းစဉ်ရဲ့အရေးကြီးပုံတွေ၊ Interview လုပ်ပါက အရေကြီးတဲ့ပြင်ဆင်မှုတွေ၊စောင့်ထိန်းရမည့် ကျင့်ဝတ်၊ တရားရုံးတွေမှာ သတင်းယူရင် ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေ ပိုပြီးသိနားလည်လာတယ်” ဟု ပြောသည်။

    ထို့အပြင် လက်တွေ့ ကဏ္ဍတွင် သင်တန်းသားများအား ဆရာမ Mrs Fiona Barton (FOJO)က သတင်းရယူရာတွင် ထားရှိရမည့်စိတ်ထားနှင့် ကျင့်ဝတ်၊သတင်းရေသားလျှင် အရေးကြီးသည့်အချက် စသည်များအပြင် ဆရာကျော်စံဝင်း(NATIONAL ENLIGHTENMENT INSTITUTE) အား သင်တန်းသို့ ခေါ်ယူပြီး သင်တန်းသားများက လက်တွေ့ interview ခြင်းကိုလည်း ပြုလုပ်ခဲ့ကြသည်။

    သင်တန်းသား ကိုဘိုဘိုမြင့်(Eleven media group)က “ကျင့်ဝတ်ဆိုင်ရာ(၁၆)ချက်၊ ၊interview ပြုလုပ်ရင် ကြိုတင်ပြင်ဆင်ရမည့်အပိုင်းအပြင် အခြားအရေးကြီးတဲ့ အချက်အလက်တွေကိုသိရပြီး သတင်းထောက်တွေအတွက်များစွာ အထောက်အကူဖြစ်တဲ့ သင်တန်းပါဘဲ” ဟု ပြောသည်။

    သင်းတန်းသို့သတင်းလာရောက်ရိုက်ယူသော Sky Net ရုပ်သံအား Mrs Fiona Barton(FOJO) က အရမ်းတက်ကြွပြီး အလုပ်အပေါ်စိတ်အားထက်သန်ကျကြောင်း၊ သင်တန်းသားများအနေဖြင့် မေးခွန်းများစွာမေးမြန်းကြသည်းအတွက် သူ့မအတွက် အားရကျေနပ်သည့် သင်းတန်းဖြစ်ကြောင်း ဖြေကြားခဲ့သည်ကို တွေ့ရှိရသည်။

    အလားတူသင်တန်းများအား ပုသိမ်မြို့ဖွင့်လှစ်ပေးခဲ့ပြီး နောက်ပိုင်းတွင် မန္တလေး၊ စစ်တွေမြို့များတွင် ဆက်လက် ဖွင့်လှစ်မည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံ၌ လာမည့်သြဂုတ်လတွင် FOJO MEDIA INSTITUTE ကျောင်းဖွင့်လှစ်ရန် ကြိုးစားလျက်ရှိကြောင်း ကိုမြင့်ကျော်က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks