spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းအမျိုးသားနေ့အခမ်းအနားများက မွန်တို့၏ မျိုးချစ်စိတ်ဓါတ်ကိုဖေါ်ပြနိုင်

    အမျိုးသားနေ့အခမ်းအနားများက မွန်တို့၏ မျိုးချစ်စိတ်ဓါတ်ကိုဖေါ်ပြနိုင်

    -

    မင်းသုတ – ကျင်းပနေသော မွန်အမျိုးသားနေ့ အခမ်းအနားများကို လေ့လာသုံးသပ်ခြင်းဖြင့် မွန်လူမျိုးတို့၏ မျိုးချစ်စိတ်ဓါတ် ရှင်သန်နေမှုကို သိရှိနိုင်ကြောင်း ဖေဖေါ်ဝါရီ ၁၅ ရက်နေ့တွင် ကျရောက်သော ၆၇ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား၌ မွန်ပြည်သစ်ပါတီ ဒုဥက္ကဌနိုင်ဟံသာ၏ သဘာပတိအဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    “နှစ်စဉ်နှစ်တိုင်း ဒီလိုနေ့ရက်ရောက်တိုင်း မွန်အမျိုးသားနေ့အခမ်းအနားတွေကို မိမိတို့ရောက်ရှိတဲ့နေရာ ဒေသအသီးသီးမှာ ကျင်းပနေတာဟာ ကျနော်တို့မွန်လူမျိုးရဲ မျိုးချစ်စိတ်ဓါတ်ကိုဖေါ်ပြနေတဲ့ သင်္ကေတတွေပါ” ဟု နိုင်ဟံသာက ပြောသည်။

    ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့အနီးရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ဂျပန်ရေတွင်းကျေးရွာ မွန်ပြည်သစ်ပါတီဗဟို မွန်အမျိုးသားနေ့အခမ်းအနား သဘာပတိအဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

    ထိုအခမ်းအနားတွင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ စစ်ရေးပြဂုဏ်ပြုအခမ်းအနားဖြင့်ကျင်းပခဲ့ရာ ဒေသခံများ၊ မွန်လူမှုအဖွဲ့အစည်းများ၊ ဘုရားသုံးဆူမြို့ရှိ ခလရ ၃၂ တပ်ရင်းမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ NLD, KNU, DKBA ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း လူဦးရေ ၂ ထောင်ခန့် တက်ရောက်သည်ကို တွေ့ရသည်။

    အခမ်အနားတွင် မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေးဌာနတာဝန်ခံ နိုင်ဟံသာဗွန်ခိုင်းက “ ၃ နှစ်တာကာလအတွင်း အစိုးရ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ လူ့အခွင့်အရေးဆိုင်ရာနှင့် တရားဥပဒေစိုးမိုးရေးတို့တွင် ထူးခြားသောတိုးတက်လာမှုများ မမြင်ရသေးပါ” ဟု မွန်ပြည်သစ်ပါတီ၏ ၆၇ ကြိမ်မြောက် မွန်အမျိုးသားထုတ်ပြန်ကြေငြာချက်ကို ဖတ်ကြားခဲ့သည်။

    အဆိုပါ ထုတ်ပြန်ကြေငြာချက်တွင် ကမ္ဘာလှည့်ခရီးသည်ဦးရေတိုးတက်လာမှုများ၊ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများ ဖြစ်ထွန်းလာမှုများရှိသော်လည်း စီးပွားရေးကဏ္ဍမှာ အာဏာရှိသူလူတစ်စုနှင့်မကင်းသော လူနည်းစုသာ ဆက်လက်ကောင်းစားနေကြပြီး သာမန်ပြည်သူအများစုမှာ ဆင်းရဲမွဲတေမှုဒဏ်နှင့် မြေယာသိမ်းဆည်းခံမှုများဒဏ်ဆန္ဒပြမှုများ ခံစားနေရဆဲဖြစ်သည်ဟု ထောက်ပြသည်။

    ထို့အပြင် “မွန်အမျိုးသားအပေါင်းတို့—ညီညွတ်ကြ၊ မွန်အမျိုးသားကံကြမ္မာ– မွန်တို့ဖန်တီးယူကြ၊ ဖက်ဖရယ်ပြည်ထောင်စု– တည်ဆောက်ကြ” ကျွေးကြော်သံများဖြင့် အခမ်းအနားရုတ်သိမ်းခဲ့သည်။

    အဆိုပါအခမ်းအနားတွင် အလံတင်တပ်ဖွဲ့၊ အမျိုးသမီးဘင်ခရာအဖွဲ့နှင့် အမျိုးသမီးတပ်ဖွဲ့၊ အမှတ် ၅ တပ်ရင်း၊ မွန်အမျိုးသားလွတ်မြောက်ရေးဗဟိုဌာနချုပ် စစ်ကြောင်းများဂုဏ်ပြု ချီတက်အလေးပြုခဲ့ကြသည်။

    ထိုနောက် ဘုရားသုံးဆူမြို့၊ ပြည်ထောင်စုခန်းမ၌ ညနေ ၇ နာရီအချိန်တွင် မြို့ခံမွန်စာပေယဉ်ကျေးမှုအဖွဲ့က ဦးစီးကျင်းပသော မွန်အမျိုးသားနေ့အခမ်းအနားသို့ နိုင်ဟံသာ တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။

    ယင်းအခမ်းအနားသို့ ဘုရားသုံးဆူမြို့ နယ်မြေခံခလရ ၃၂ တပ်ရင်းမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ကလည်း အမှာစကားပြောကြားခဲ့ကြသည်။

    “ ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်နိုင်မှသာ ငြိမ်းချမ်းသာယာတဲ့နိုင်ငံကိုတည်ဆောက်နိုင်မှာပါ” ဟု နိုင်ဟံသာက ယင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

    အလားတူ မွန်အမျိုးသားနေ့အခမ်းအနားများအား ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ဘီလူးကျွန်း၊ ရေး၊ သံဖြူဇရပ်မြို့ပေါ်နှင့် ကျေးရွာများအပြင် အလှည့်ကျစနစ်ဖြင့် မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားကို ကမာဝက်ကျေးရွာတွင် စည်ကားသိုက်မြိုက်စွာကျင်းပကြောင်း သိရှိရပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks