Sunday, March 15, 2026
More
    spot_img
    Homeသတင်းတနင်္သာရီတိုင်းဒေသကြီးတွင် မွန်လူဦးရေနှစ်သောင်းခွဲကျော်စာရင်းရရှိ

    တနင်္သာရီတိုင်းဒေသကြီးတွင် မွန်လူဦးရေနှစ်သောင်းခွဲကျော်စာရင်းရရှိ

    -

    1904204_216075345261587_1904506096_nအေမီအောင် – တနင်္သာရီတိုင်းဒေသကြီးအတွင်း မွန်လူဦးရေစာရင်း အမှန်ရရှိရေးအတွက် စာရင်းကောက်ယူလျက်ရှိရာ ရေဖြူမြို့နယ်တွင် မွန်လူဦးရေစနှစ်သောင်းကျော် ရရှိနေပြီဟု မွန်လူဦးရေ စာရင်းမှန်ရရှိရေး ဦးဆောင်ကော်မတီဝင်မိငွေလေးက လွတ်လပ်သောမွန်သတင်းဌာနသို့ ပြောသည်။

    မွန်လူဦးရေစာရင်း ကောက်ယူရသည့် အဓိကရည်ရွယ်ချက်မှာ မွန်လူဦးရေစာရင်း အတိအကျ ရရှိစေရန်နှင့် မွန်လူဦးရေ ၆ သောင်းပြည့်ပါက နောင်ရွေးကောက်ပွဲများတွင် တနင်္သာရီတိုင်းဒေသကြီး၌ မွန်တိုင်းရင်းသားဝန်ကြီး တစ်နေရာ ရွေးကောက် တင်မြှောက်နိုင်မည် ဖြစ်သည်။

    မိငွေလေးက “ ရေဖြူတစ်မြို့နယ် မကုန်သေးဘူး ၂ သောင်း ၇ ထောင် ရှိနေပြီ”ဟု ပြောသည်။

    တစ်ချို့မှာ ဗမာစကားမပြောတတ်သော်လည်း မှတ်ပုံတင်တွင် မွန်ဗမာ ဖြစ်နေသည်ကို “မွန်လူမျိုး”ဟုသာ သတ်မှတ်ပြီး၊ အိမ်ရှိပြီး အိမ်ထောင်စုစာရင်းမရှိသော်လည်း မွန်စကားကောင်းကောင်းပြောနိုင်သူ မွန်လူမျိုးအဖြစ်သတ်မှတ်သည်ဟု ဆက်ပြောသည်။

    မြိတ်၊ ဘုတ်ပြင်း မွန်လူဦးရေ စာရင်းအမှန်ရရှိရေး ဦးဆောင်ကော်မတီဝင် ဦးကိုကိုအောင်က “ အခုကျနော်တို့ မြိတ်၊ ဘုတ်ပြင်း ကို ဒီကနေ့မှ စကောက်တယ်ဆိုတော့ နောက်ထပ် လူဘယ်လောက် တိုးလာမယ်ဆိုတာမသိသေးဘူး”ဟု ပြောသည်။

    ဖေဖေါ်ဝါရီ ၁၃ ရက်နေမှစတင်၍ ကော့သောင်းမြို့တွင် လူဦးရေစာရင်းကောက်ယူသွားမည်ဖြစ်ပြီး၊ မျှော်မှန်းသလောက် လူဦးရေ ၆ သောင်းပြည့်သွားပါက လုပ်ငန်းရပ်ဆိုင်းမှုမပြုဘဲ ဆက်လက်ကောက်သွားမည်ဟု ဦးကိုကိုအောင်က ဆက်ပြောသည်။

    ရေဖြူ၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်း၊ ကျောက်တောင် ဒေသများတွင် မွန်လူမျိုးအများဆုံးနေထိုင်လျက်ရှိသည့်အတွက် ဖေဖော်ဝါရီလကုန်အထိ
    စာရင်းဆက်လက် ကောက်ယူသွားမည်ဟု သိရသည်။

    ယင်းသို့ စာရင်းကောက်ရာတွင် တက္ကသိုလ်ရောက် မွန်ကျောင်းသူ ကျောင်းသားများအဖွဲ့၊ လူမှုဖွံ့ဖြိုးရေးအစီအစဉ်အဖွဲ့ (CSDP)၊ မွန်လူငယ်ပညာပေးရေးစင်တာအဖွဲ့ (MYEO)၊ မွန်အမျိုးသမီးအဖွဲ့ (MWO)၊ စေတနာအဖွဲ့၊ ရှင်စောပုအမျိုးသမီးစွမ်းဆောင်ရှင်များအသင်းတို့ဖြင့်
    ဦးဆောင်ကော်မတီအဖွဲ့ဝင် ၁၇ တို့ပါဝင် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်တွင် ဖွဲ့စည်းခဲ့သည်။

    အလားတူ မွန်တိုင်းရင်းသား လူဦးရေစာရင်း အမှန်ရရှိရေးအတွက် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတွင်လည်း ကောက်ယူလျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks