spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းမွန်ဒီမိုကရေစီပါတီအား မွန်တိုင်းရင်းသားပါတီ ပြောင်းလဲရန် ရွေးကောက်ပွဲ ကော်မရှင်ထံတင်ပြ

    မွန်ဒီမိုကရေစီပါတီအား မွန်တိုင်းရင်းသားပါတီ ပြောင်းလဲရန် ရွေးကောက်ပွဲ ကော်မရှင်ထံတင်ပြ

    -

    မွန်အမျိုးသားပါတီရှင်းလင်းပွဲ(အဇ္ဇမန်)
    မွန်အမျိုးသားပါတီရှင်းလင်းပွဲ(အဇ္ဇမန်)
    မင်းသုတ – မွန်ဒီမိုကရေစီပါတီ MDP အား မွန်အမျိုးသားပါတီ MNP အဖြစ် အမည်သတ်မှတ်ပြောင်းလဲရန် နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဖေဖေါ်ဝါရီ ၁၁ ရက်နေ့က သွားရောက်တင်ပြခဲ့သည်ဟု သိရသည်။

    ယင်းပါတီအမည်ပြောင်းလဲခြင်းကိစ္စအား မွန်ဒီမိုကရေစီပါတီဗဟိုအလုပ်အမှုဆောင် ၂၁ ဦးတို့၏ သဘောတူညီချက်လက်မှတ်များကောက်ခံပြီး ဥက္ကဌနိုင်ငွေသိမ်း လက်မှတ်ရေးထိုး၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဗဟိုအလုပ်အမှုဆောင် နိုင်စိုးမြင့်နှင့် နိုင်လယီတမတို့က သွားရောက်တင်ပြခြင်း ဖြစ်သည်။

    နိုင်စိုးမြင့်က “မွန်နှစ်ပါတီပေါင်းစည်းရေးလမ်းကြောင်းက တိုက်ရိုက်သွားလို့မဖြစ်တော့ မိမိပါတီနာမည်ပြောင်းပြီး တဖက်ပါတီက ပေါင်းစည်းမှုလိုလားသူတွေနဲ့ ပါတီသစ်မှာပေါင်းစည်းမှုဖြစ်သွားမှာပါ၊ ဒီလမ်းကြောင်းကအကောင်းဆုံးလို့လည်း ရွေးကောက်ပွဲကော်မရှင်ကနေ အကြံပြုခဲ့ပါတယ်” ဟု ပြောသည်။

    ပြီးခဲ့သည့် ဖေဖေါ်ဝါရီ(၉) ရက်နေ့တွင် ကျင်းပသော မွန်ဒီမိုကရေစီပါတီ Mon Democratic Party ၏ မော်လမြိုင်ရုံးချုပ် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး အမှတ်စဉ်(၂/၂၀၁၄)၌ မွန်ဒီမိုကရေစီပါတီအား မွန်အမျိုးသားပါတီ Mon National Party သို့ အမည်ပြောင်းလဲရန် သဘောတူဆုံးဖြတ်ချက်ချပြီးဖြစ်သည်။

    မွန်ဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက “ပါတီနာမည်သစ်ခွင့်ပြုချက်ကျရင် တစ်ဖက် ဗဟိုအလုပ်အမှုဆောင် ၂၁ ဦးစီပါဝင်တဲ့ စုစုပေါင်း ဗဟိုအလုပ်အမှုဆောင် ၄၂ ဦးအမည်နဲ့ မွန်အမျိုးသားပါတီကို တည်ထောင်သွားမယ်” ဟု ပြောသည်။

    မွန်ဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိမ်း၊ ဒုဥက္ကဌ(၁) နိုင်သက်လွင်၊ ဒုဥက္ကဌ(၂) နိုင်တင်အောင်၊ အတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်း၊ တွဲဖက်အတွင်းရေးမှူး(၁) ဒေါက်တာမင်းကြည်ဝင်း၊ တွဲဖက်အတွင်းရေးမှူး(၂) မွန်ရာဇာတို့ ဦးဆောင်သော ဗဟိုအလုပ်အမှုဆောင် ၂၁ ဦးနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP မှ ပူးပေါင်းလိုသူများအဖွဲ့တွင် ဥက္ကဌ နိုင်ငွေသိန်း၊ အတွင်းရေးမှူး နိုင်အောက်စာ(အောင်ဗလ)၊ တွဲဖက်အတွင်းရေးမှူး(၁) နိုင်တင့်လွင်၊ တွဲဖက်အတွင်းရေးမှူး(၂)နိုင်စောနွန်တို့ ဦးဆောင်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၂၁ ဦးတို့ မွန်အမျိုးသားပါတီအား ဆက်လက်တည်ထောင်ခြင်း ဖြစ်သည်။

    မွန် ၂ ပါတီပေါင်းစည်းရေးအဖွဲ့၏ ပြီးခဲ့သည့်ဇန်နဝါလ ၁၉ ရက်စွဲပါ ကြေညာချက် ၁-၂၀၁၄ အရ တစ်ဖက်ပါတီဗဟိုအလုပ်အမှုဆောင် ၂၁ ဦးစီ စုစုပေါင်း ၄၂ ဦးဖြင့် ပါတီသစ်တည်ထောင်သွားမည်ဟု ဖြစ်သည်။

    တစ်လတစ်ကြိမ်ကျင်းပခဲ့သော မွန် ၂ ပါတီပေါင်းစည်းရေး ၁၉ ကြိမ်မြောက်အစည်းအဝေး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်ကျင်းပခဲ့စဉ် မွန်အမျိုးသားပါတီ Mon National Party အမည်သစ်ကို သဘောတူ ရွေးချယ်ခဲ့ကြသည်။

    ပြန့်ကြဲနေသောမွန် ၂ ပါတီပေါင်းစည်းနိုင်ရေးအတွက် ၂၀၁၂ ခုနှစ်မှစတင်၍ မွန်သံဃာတော်များဦးဆောင်လှုပ်ရှားခဲ့ရာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပေါင်းစည်းရန် သဘောတူညီချက်ရရှိခဲ့ကြသည်။

    သို့သော်လည်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် မွန်ဒေသလုံးဆိုင်ရာဒီမုကရေစီပါတီ AMDP ဗဟိုဌာနချုပ်ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် “မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကို ဖျက်သိမ်းမည်မဟုတ်ဘဲ လက်ရှိပါတီ၏အမည်အတိုင်း ၂၀၁၅ ရွေးကောက်ပွဲပြီးဆုံးသည်အထိ ပါတီ၏အခြေခံစည်းမျဉ်းနှင့်အညီ ဆက်လက်ရပ်တည်သွားမည်” ဟု ဆုံးဖြတ်ပြီး ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks