spot_img
Thursday, January 8, 2026
More
    spot_img
    Homeသတင်းသန်းခေါင်စာရင်းအချက်အလက် မှန်မှန်ကန်ကန်ဖြေဆိုရန် စိုးရိမ်မှုရှိ

    သန်းခေါင်စာရင်းအချက်အလက် မှန်မှန်ကန်ကန်ဖြေဆိုရန် စိုးရိမ်မှုရှိ

    -

    သန်းခေါင်စာရင်းပုံစံ(Copy)
    သန်းခေါင်စာရင်းပုံစံ(Copy)
    အေမီအောင် – ၂၀၁၄ မတ်လမှ စတင်ကောက်ယူမည့် သန်းခေါင်စာရင်း အချက်အလက်များတွင် မှန်မှန်ကန်ကန် ဖြေဆိုရန်လိုအပ်သော်လည်း အချို့မိသားစုဝင်များအနေဖြင့် စိုးရိမ်မှုများရှိနေသည်ဟု သိရသည်။

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့ “ဇေ”ထမင်းဆိုင်ပိုင်ရှင် ဒေါ်စိန်တီက “ပိုင်ဆိုင်မှုကိုပါ ကောက်တယ် ဆိုတော့လည်း အိမ်နဲ့ ခြံရှိတယ်လို့ပဲပြောမယ်၊ တခြားပိုင်ဆိုင်မှုရှိလည်းမပြောဘူး အခွန်ကောက်မှာစိုးရိမ်တယ်” ဟု ပြောသည်။

    ပိုင်ဆိုင်ခြင်းနှင့်ပတ်သက်၍အမှန်အတိုင်းပြောပါက အစိုးရမှ အခွန်အကောက်တိုးကောက်လာမည် မကောက်မည်ဆိုသည်ကို မည်သို့ပင်ပြောစေကာမူ အယုံအကြည်မရှိဟု သူမက ပြောသည်။

    တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးမြောက်များစွာရှိသည့်လူဦးရေနှင့် အိမ်အကြောင်းအရာပါ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမည့် မေးခွန်းများကို မှန်မှန်ပြောရန် လိုအပ်သည်ဟု တိုင်းရင်းသူသတင်းထောက်များနှင့် တွေ့ဆုံခဲ့ရာတွင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဦးခင်ရီက ပြောသည်။

    ဦးခင်ရီက ”မှန်မှန်ပြောကြပြောမှန်မှန်ဖြေခြင်းဟာ အစိုးရအတွက်မဟုတ်ဘူး၊ဖြေတဲ့လူ အတွက်သာ ဖြစ်တယ်” ဟု ပြောသည်။

    သန်းခေါင်စာရင်းမေးခွန်း ၄၁ ချက်ကိုအခြေခံပြီး ပညာရေး၊ ကျန်းမာရေး၊အိုးအိမ်ပိုင်ဆိုင်မှု၊ နိုင်ငံရေး၊ စီးပွားရေး လူမှုရေးဆိုင်ရာအခြေအနေများအား ပြည်ထောင်စုအဆင့်မှ ရပ်ကွက် ကျေးရွာအုပ်စု အဆင့်ထိ ပြည်သူများ၏ လူနေမှုအဆင့်အတန်းကိုသိနိုင်မှသာ စီမံကိန်းချမှတ် ရေးဆွဲချမှတ်နိုင်ပြီး နယ်ပယ်အသီးသီး၏ အနာဂတ်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်မည်ဟု ဆက်ပြောပြောသည်။

    “သန်းခေါင်စာရင်းရဲ့ အကျိုးဆက်တွေနည်းနည်းပါးပါး သိထားတယ်၊ ပြည်သူတွေလိုအပ်ချက်ကို အစိုးရက လုပ်ပေးဖို့ ကောက်တယ် ဆိုတော့ ကျမ အမှန်တိုင်းပဲဖြေမယ် ပြောမယ်” ဟုမော်လမြိုင်မြို့နေထိုင်သူ မိဂျောင်ချမ်းက ပြောသည်။

    လာမည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ မြန်မာနိုင်ငံတဝန်းလုံး၌ သန်းခေါင်စာရင်ကောက်ယူသွားမည်ဟု သက်ဆိုင်ရာမှ ထုတ်ပြန်အသိပေးထားပြီး ဖြစ်သည်။

    မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးချိန်မှစတင်၍ ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်များတွင် သန်းခေါင်စာရင်း ၂ ကြိမ်ကောက်ယူခဲ့ပြီး ယခုအခါ
    တတိယအကြိမ်ကောက်ယူခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts