spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားနေ့အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားမှု မွန်သံဃာများကန့်ကွက်

    မွန်အမျိုးသားနေ့အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားမှု မွန်သံဃာများကန့်ကွက်

    -

    (၆၆) ကြိမ်မြောက် မွန်အမျိုးသားနေ့ ရန်ကုန် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြာနေစဉ် (photo: RFA)
    (၆၆) ကြိမ်မြောက် မွန်အမျိုးသားနေ့ ရန်ကုန် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြာနေစဉ် (photo: RFA)
    ခတ္တာနန်း – မကြာမီကျင်းပမည့် (၆၇) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအဖွဲ့ဝင်များ ဖိတ်ကြားထားမှုအပေါ် မွန်သံဃာအဖွဲ့မှ ကန့်ကွက်သည့်စာကို မွန်အမျိုးသားနေ့(ဗဟို)ဖြစ်မြောက်ရေး ဗဟိုကော်မတီထံသို့ ဖေဖေါ်ဝါရီ ၃ ရက်နေ့က ပေးပို့ခဲ့ကြောင်း သိရသည်။

    ဒေါ်အောင်ဆန်းစုကြည်ဖိတ်ကြားထားမှုအပေါ် ကန့်ကွက်ရသည့် အဓိက အကြောင်းအရင်းမှာ (၁) လွန်ခဲ့သည့် ၁၉၉၀ ခုနှစ်တွင် မွန်တိုင်းရင်းသားခေါင်းဆောင်များအပေါ် ကတိဖောက်ဖျက်ခဲ့ခြင်း၊ (၂) ၂၀ဝ၈ အခြေခံဥပဒေနှင့်ပတ်သက်၍ ကတိမတည်ခြင်း၊ (၃) ကြေးနီတောင် စီမံကိန်းကိစ္စ၊ (၄) ရခိုင်နှင့် ဘင်္ဂလီအရေး စသည့် အချက် (၄) ချက်နှင့် ပတ်သက်ပြီး တိုင်းရင်းသားနှင့် မွန်လူမျိုးများအပေါ် အကျိုးသက်ရောက်မှုများအား ရှေ့ရှု၍ ထိုသို့ ကန့်ကွက်ကြောင်း ဖော်ပြထားသည်ကို မွန်လူငယ်အဖွဲ့ကလည်း ထောက်ခံလိုက်သည်။

    မုဒုံမြို့နယ် မွန်လူငယ်အဖွဲ့ဥက္ကဌ နိုင်တော်ပနအောင်က “ အချက် ၄ ချက်နဲ့ ကန့်ကွက်စာ တင်ပါတယ်၊ (၁) လွန်ခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်က NLD အနေနဲ့ မွန်ပါတီအားကောင်းတဲ့ဒေသတွေမှာ ရွေးကောက်ပွဲ မဝင်ဘူးလို့ ကတိပေးထားပြီး ရွေးကောက်ပွဲ အချိန်ရောက်တော့ ကတိဖေါက်ဖျက်ပြီး ရေး၊ သံဖြူဇရပ်၊ ကျိုက်မရော၊ မုဒုံမြို့နယ်တွေမှာ ရွေးကောက်ပွဲဝင်ခဲ့တယ်၊ ဒါကြောင့် မွန်လူမျိုးတွေကို ပေးထားတဲ့ ကတိတွေ ဖျက်ခဲ့တယ်” ဟု ပြောသည်။

    ထိုအပြင် ၂၀ဝ၈ အခြေခံဥပဒေသည် တိုင်းရင်းသားအားလုံးကိုယ်စားပြုသည့် အခြေခံဥပဒေ မဟုတ်သောကြောင့် ၂၀၁၀ ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ် ကတိပေးထားခဲ့သော်လည်း ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့်ခဲ့သည့်အပြင် ကြေးနီစီမံကိန်းကိစ္စ၊ ရခိုင်နှင့် ဘင်္ဂါလီကိစ္စရပ်တို့တွင် မျှတမှုမရှိသည့်အတွက် ယင်းကဲ့သို့ ကန့်ကွက်ရကြောင်း နိုင်တော်ပနအောင်က ဆက်ပြောသည်။

    မွန်ပြည်နယ်အတွင်းကျင်းပခဲ့သည့် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားများတွင် ယင်းကဲ့သို့ဖိတ်ကြားသည့် အလေ့အထမရှိသော်လည်း လွန်ခဲ့သည့်နှစ်တွင်ကျင်းပခဲ့သော ရန်ကုန်မွန်အမျိုးသားနေ့အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်အား မိန့်ခွန်းတက်ရောက်ပြောကြားရန် ဘိတ်ကြားခဲ့ဘူးသည်။

    (၆၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်မွန်ရာဇာက “မွန်ပြည်သစ်ပါတီရယ်၊ UNA အဖွဲ့နဲ့၊ ၈၈ မျိုးဆက်လည်းဖြစ် မွန်လူမျိုးလည်းဖြစ်တဲ့ မင်းကိုနိုင်နဲ့ မင်းဇေယျ တို့ကို ဖိတ်ဖို့အတွက်ကို ဗဟိုကော်မတီကနေပြီး ဆုံဖြတ်ချက် ချထားပြီးပြီး” ဟု ပြောသည်။

    သို့သော်လည်း နိုင်မန်ရာဇာက ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားမှုနှင့်ပတ်သက်ပြီး ကော်မတီအနေဖြင့် အတည်မပြုရသေးကြောင်း ဆက်ပြောသည်။

    မွန်အမျိုးသားနေ့ အခမ်းအနားတွင် နိုင်ငံရေးပါတီဖြစ်သည့် NLD ပါတီအား ဖိတ်ကြားလျှင် အခြားနိုင်ငံရေး ပါတီများကိုလည်း ဖိတ်ကြားသင့်ကြောင်း၊ မွန်အမျိုးသားနေ့အခမ်းအနား စင်မြင့်ပေါ်တွင် မွန်မဟုတ်သည့် နိုင်ငံရေးပါတီကိုယ်စားလှယ်တစ်ဦးဦးကိုမှ တက်ရောက်မိန့်ခွန်းပြောကြားခွင့် မပြုသည့်မူဝါဒ သတ်မှတ်ထားကြောင်း ဒေါက်တာမင်းကြည်ဝင်းက ဆိုသည်။

    ထို့အပြင် သဝဏ်လွှာများ ပေးပို့လာပါက ကော်မတီအနေဖြစ် ဖတ်သင့်မဖတ်သင့် ဆုံးဖြတ်ပြီးမှသာလျှင် အခမ်းအနားတွင် ဖတ်ကြားကြောင်း၊ အခမ်းအနားတွင်လည်း အချိန်အကန့်အသတ် ရှိနေခြင်းကြောင်း အချိန်ပေးနိုင်သည့်အပေါ် အစီအစဉ်များ ရေးဆွဲကြကြောင်း သိရသည်။

    ယခုနှစ် (၆၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကို ယခုလ ၁၅-၁၆ ရက်နေ့များ၌ မုဒုံမြို့နယ်၊ ကမာဝက်ကျေးရွာတွင် ကျင်းပမည်ဖြစ်ပြီး ယမန်နှစ်အခမ်းအနားကို ပေါင်မြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ လူအင်အားသောင်းနှင့်ချီ တက်ရောက်ခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks