spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီဗဟိုက ဘုရားသုံးဆူမြို့အနီး မွန်အမျိုးသားနေ့ ကျင်းပမည်

    မွန်ပြည်သစ်ပါတီဗဟိုက ဘုရားသုံးဆူမြို့အနီး မွန်အမျိုးသားနေ့ ကျင်းပမည်

    -

    မွန်ပြည်သစ်ပါတီ ဌာနချုပ်နယ်မြေ (၆၆) ကြိမ်မြောက် မွန်အမျိုးသားနေ့
    မွန်ပြည်သစ်ပါတီ ဌာနချုပ်နယ်မြေ (၆၆) ကြိမ်မြောက် မွန်အမျိုးသားနေ့
    ဂျူရီချိုင်း – မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်က ဦးစီးကျင်းပသော (၆၇)ကြိမ်မြောက် မွန်အမျိုးသားနေ့ စစ်ရေးပြချီတက်ပွဲအခမ်းအနားကို ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့အနီးရှိ ဂျပန်ရေတွင်းကျေးရွာ၌ ကျင်းပမည်ဟု သိရသည်။

    အဆိုပါအခမ်းအနားသဘာပတိအဖြစ် မွန်ပြည်သစ်ပါတီဒုဥက္ကဌ နိုင်ဟံသာက ဦးဆောင်ကျင်းပသွားမည်ဟု အခမ်းအနားဖြစ်မြောက်ရေးတာဝန်ခံ နိုင်ဟံသာဗွန်ခိုင်က ပြောသည်။

    သူက “ဗဟိုအခမ်းအနားလုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းကရိယာတွေ အခမ်းအနား ဆောက် လုပ်ဖို့ရော တာဝန်ခွဲစီစဉ်နေတုန်းပါပဲ” ဟု ပြောသည်။

    အလားတူ မွန်ပြည်သစ်ပါတီထားဝယ်ခရိုင်ဒေသတွင်လည်း မွန်ပြည်သစ်ပါတီဥက္ကဌကြီး နိုင်ထောမွန် သဘာပတိမိန့်ခွန်းတက်ရောက်ပြောကြားမည်ဖြစ်ပြီး မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စုံနံ့သာကျေးရွာအနီးရှိ ကိုရင်လေးဘုရားကျောင်းကွင်း၌ ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

    ထို့အပြင် မော်လမြိုင်ခရိုင်ဌာနချုပ်ရှိရာ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူးနိုင်အောင်မင်းနှင့်ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာအနီးရှိ သထုံခရိုင်ဒေသ၌ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နိုင်ဝင်းလှတို့ သဘာပတိအဖြစ် မိန့်ခွန်းတက်ရောက် ပြောကြားမည်ဖြစ်သည်။

    ယမန်နှစ် မွန်ပြည်သစ်ပါတီ၏ (၆၆) ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားကို မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်အနီး ပနန်းပိန်ကျေးရွာတွင် လည်းကောင်း၊ (၆၅)ကြိမ်မြောက်ကို ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ် အတွင်း၌ လည်း ကောင်း၊ (၆၃) ကြိမ်မြောက်ကို မွန်ပြည်သစ် ဗဟိုဝန်းကျင်ဒေသအနီး ဂျပန်ရေတွင်း ကျေးရွာတွင် လည်းကောင်း ကျင်းပခဲ့ရာ တစ်နှစ်ကို နေရာဒေသတစ်ခုစီ ရွေးချယ်ကျင်းပလာခဲ့ခြင်း ဖြစ်သည်။

    အလားတူ မွန်ပြည်နယ်တစ်ခုလုံး၏ ဗဟိုစင်မြင့်အခမ်းအနားကို မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကမာဝက်ကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

    သမလ၊ ဝိမလ မင်းညီနောင်နှစ်ပါး ဟံသာဝတီမင်းနေပြည်တော်ကို စတင်တည် ထောင် ခဲ့သည့် သာသနာ့သက္ကရာဇ် ၁၁၁၆၊ (အေဒီ ၅၇၃)၊ တပို့တွဲလပြည့်ကျော် ၁ ရက်ကို မွန် အမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks