Monday, March 16, 2026
More
    spot_img
    Homeသတင်းမုဒိန်းကျူးလွန်ရန်ကြိုးစားသူ ဒုတပ်ကြပ်အား အရေးယူမှုမရှိသေး

    မုဒိန်းကျူးလွန်ရန်ကြိုးစားသူ ဒုတပ်ကြပ်အား အရေးယူမှုမရှိသေး

    -

    မင်းထူးသစ် – မွန်ပြည်နယ် သံဖြူဇရပ်မြို့ ဝဲရက်ကျေးရွာအုပ်စု ရွာသာယာကျေးရွာသူ မွန်တိုင်းရင်းသူတစ်ဦးအား အမှတ်(၃၁၅) အမြောက်တပ်ရင်း ဒုတပ်ကြပ်ရဲလင်းထွန်း အဓမ္မပြုကျင့်ရန်ကြိုးစားခဲ့သည့်အမှုကို သက်ဆိုင်ရာသို့ တိုင်ကြားထားသော်လည်း အရေးယူမှု မရှိသေးဟု သိရသည်။

    “ဖြစ်ဖြစ်ချင်းမနက်မှာပဲ ကျနော်တို့ ကျေးရွာအုပ်ချုပ်ရေးမှုနဲ့ သံဖြူဇရပ်မြို့ ရဲစခန်းကို အသိပေး တိုင်းကြားထားတယ်” ဟု ကာယကံရှင် မိချို(အသက်-၄၃)၏ ခင်ပွန်းဖြစ်သူ ကိုလွန်းက ပြောသည်။

    လွန်ခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့ မနက် ၂နာရီအချိန်တွင် မိချိုသည် ဝယ်ဝင်ကရာကျေးရွာ လမ်းမကြီးရှိ တံတားအနောက်ဘက်ရှိ ရောဘာခြံတွင် အစေးခြစ်ရန် ပြင်ဆင်နေစဉ် ထိုဒုတပ်ကြပ်က အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။

    ကိုလွန်းက “အဲဒီညက သူအစေးခြစ်ဖို့ လုပ်နေတုန် ရဲလင်းထွန်းက သူ့အနီးအနား ကပ်လာတယ်၊ သူလည်း ကြောက်ကြောက်နဲ့ နင်ဘာလိုချင်လို့လဲမေးတော့ ဟိုက မုဒိန်းကျင့်ဖို့ ဝင်လုံးတော့တာပဲ” ဟု ပြောသည်

    ထိုသို့လုံးထွေးရာမှ မချိုသည် ၄င်းဒုတပ်ကြပ်၏ ယောကျာ်အင်္ဂါကို ဖမ်းညစ်သဖြင့် ရဲလင်းထွန်းမှ တုန့်ပြန်ရိုက်နှက်လိုက်ကြောင်း၊ ထိုနောက် မိချိုသည် ရရှိဒဏ်ရာများဖြင့် ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရာ မနက် ၃ နာရီခန့်တွင် နေအိမ်သို့ ရောက်ရှိခဲ့ကြောင်း ကိုလွန်းက ဆက်ပြောသည်။

    ထိုဒုတပ်ကြပ်ဒုတပ်ကြပ်၏ အကြမ်းဖက် ရိုက်နှက်မှုကြောင့် မိချို၏ ဦးခေါင်း၊ မျက်နှာ ဖူးရောင်ဒဏ်ရာများ၊ သွားနှစ်ချောင်းပြုတ်ဒဏ်ရာနှင့် ဘယ်ဘက်လက် တွင်လည်း သွားကိုက်ဒဏ်ရာများ ရရှိခဲ့သည်အတွက် မော်လမြိုင်ပြည်သူ့ဆေးရုံအမျိုးသမီး ခွဲစိတ်ဆောင် (၁) တွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။

    ထိုကိစ္စရပ်နှင့် ပတ်သက်ပြီး အမြောက်တပ်၊ တပ်ရေးဗိုလ်ကြီး ကျော်သက်အောင်က တာဝန်ရှိ လူကြီးများမရောက်ရှိသေးသဖြင့် တစ်ရက်စောင့်ပေးရန်၊ အမှုမဖွင့်ရန်နှင့် ဆေးကုသ ကုန်ကျ စရိတ်အားလုံးကို တာဝန်ယူပေးမည် ဖြစ်ကြောင်း မော်လမြိုင် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် မိချို၏ အမျိုးတော်စပ်သူ လူနာစောင့် မငယ်က ပြောသည်။

    အလားတူ မွန်ပြည်နယ်တွင် လွန်ခဲ့သည့် ဒီဇင်ဘာလက ရေမြို့နယ် ခေါ်ဇာမြို့နယ်ခွဲ ကျူံညဲရွာတွင်လည်း မွန်အမျိုးသမီးငယ်တစ်ဦးအား ခလရ(၃၁) တပ်ရင်းမှ တပ်သားတစ်ဦး၏ မုဒိန်းကျင့်ခံခဲ့ရသော်လည်း မည်သို့ တစုံတရာအရေးယူမှု မရှိခဲ့ပါ။

    မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများတွင် တိုင်းရင်းသားလူမျိုးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်ဖက်မှုများ ရပ်တန့်စေရန် အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အစီရင်ခံစာများ ထုတ်ခြင်း၊ ကမ္ဘာအဝှမ်း နိုဝင်ဘာ၂၅ရက်နေ့ကို ဖဲကြိုးဖြူနေ့ သတ်မှတ်ကာ အမျိုးသမီးများ အကြမ်းဖက်မှုကို တားဆီးနေသော်လည်း နိုင်ငံအဝန်း တိုင်းရင်သား အမျိုသမီးငယ်များ စစ်တပ်၏ အကြမ်းဖက်မှု ခံနေရဆဲ ဖြစ်သည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks