Monday, March 16, 2026
More
    spot_img
    Homeသတင်းဝန်ကြီး ဦးအောင်မင်း နှင့် RCSS/SSA တို့ ချင်းမိုင် တွင်တွေ့ဆုံဆွေးနွေး

    ဝန်ကြီး ဦးအောင်မင်း နှင့် RCSS/SSA တို့ ချင်းမိုင် တွင်တွေ့ဆုံဆွေးနွေး

    -

    ဝန်ကြီးဦးအောင်မင်းနှင့် RCSS/SSA တို့ယနေ့တွေ့ဆုံစဉ် (Nyo Ohn Myit)
    ဝန်ကြီးဦးအောင်မင်းနှင့် RCSS/SSA တို့ယနေ့တွေ့ဆုံစဉ် (Nyo Ohn Myit)
    မင်းလုံး – ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (ခေါ်) ရှမ်းပြည်တောင်ပိုင်းတပ်မတော် (RCSS / SSA) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖောင်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဌ ဝန်ကြီးဦးအောင်မင်း ဦးဆောင် သည့်အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီး ယနေ့တွေ့ဆုံဆွေးနွေး နေကြသည်ဟု သိရသည်။

    ထိုထိပ်သီး တွေ့ဆုံဆွေးနွေးပွဲတွင် RCSS / SSA က တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောထားများ နှင့် KNU ထိန်းချူပ်နယ်မြေ လော်ခီးလာ ဆွေးနွေးပွဲမှ ရရှိလာသည့် သဘောတူညီချက်များကို ပြန်လည်ညှိနှိုင်း သုံးသပ်ခြင်းဖြစ်သည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တောင်ပိုင်းတပ်မတော်မှပြော ရေးဆိုခွင့်ရှိသူ စိုင်လောဝ်ဆိုင်း ကပြောသည်။

    သူက "တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးညှိနှိုင်းမှအဖွဲ့ (NCCT) က ရလာတဲ့ သဘောတူညီချက်မှုကြမ်းကို ဗဟိုအစိုးရထံ တင်ပြပြီး၊ အများက သဘောတူလက်ခံထားတဲ့အတိုင်း တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲများကို မြန်မြန်ဖြစ် မြောက်စေချင်တယ်၊ ကျနော်တို့ RCSS ကိုလည်း NCCT ရဲ့ member မဟုတ်တဲ့အတွက် သီးသန့်ပြောဆိုနေရတာလည်း ရှိပါတယ်” ဟု ပြောသည်။

    ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ မှ ၂၅ ရက်အထိ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချူပ်ရာနယ်မြေ ဗဟိုဌာနချူပ်တည်ရှိရာ လောခီးလာခေါ် လေးဝါးတွင် ကျင်းပခဲ့သော ဒုတိယညီလာခံတွင် တစ်နိုင်ငံလုံးမူးကြမ်းကို တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့က လက်မှတ်ထိုးခဲ့ကြသော်လည်း RCSS က ပါဝင်လက်မှတ်ထိုးခြင်း မရှိခဲ့ကြောင်း သိရသည်။

    "လောခီးလာ ဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေက ဆွေးနွေးနေကြတဲ့ အကြောင်းအရာ ၂ ချက်က အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲမူဘောင်ပဲ ဖြစ်ပါတယ်၊ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးရေး မူဘောင်မှာ နိုင်ငံရေးကိစ္စရပ်နဲ့ပတ်သက်ပြီးတော့ ကြိုတင်ပြီး မူဘောင်ချထားတာကို ကျနော်တို့ပြည်သူလူထုတွေရဲ့ ဆန္ဒသဘောထားတွေ ကိုမသိရပဲနဲ့ ချက်ချင်းကြီး လက်မှတ်ထိုးတာမျိုးတော့ မဖြစ်စေချင်လို့ပါ" ဟု စိုင်းလောဝ်ဆိုင်း က ရှင်းပြသည်။

    ဝန်ကြီးဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီက RCSS ကို အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီမှုလက်မှတ်ရေးထိုးရန် တိုက်တွန်းခဲ့သည်ဟု မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) မှ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေ က ပြောသည်။

    သူက "အားလုံးလဲသတိထားမိမှာပါ လေးဝါးပွဲနဲ့အခြားပွဲတွေမှာ RCSS က အပစ်ရပ်စဲရေးလက်မှတ်မထိုးခဲ့ဘူး၊ အစိုးရဘက်ကလည်း Political dialogue ကိုအမြန်သွားချင်နေတာဆိုတော့ အစိုးရဘက်က လက်မှတ်ရေးထိုးရန် ဆွေးနွေးပွဲမှာတိုက်တွန်းခဲ့တယ်" ဟု ပြောသည်။

    တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ဝန်ကြီးဦး အောင်မင်း၊ ရှေ့နေချူပ် ဦးထွန်းထွန်းဦးနှင့် ဦးလှမောင်ရွှေအပါအဝင် ၁၃ ယောက်တို့သည် ဇန်နဝါရီလ ၂၈ ရက် နေ့ကတည်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ကို ရောက်ရှိနေပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks