spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းဝင်းစိန်တောရကျောင်းဆရာတော်၏ သက်တော် ၉၃ နှစ်ပြည့် မွေးနေ့ပွဲတော် ကျင်းပပြီးစီး

    ဝင်းစိန်တောရကျောင်းဆရာတော်၏ သက်တော် ၉၃ နှစ်ပြည့် မွေးနေ့ပွဲတော် ကျင်းပပြီးစီး

    -

    ဝင်းစိန်တောရ ဆရာတော် (ပုံ- မွန်ပြည်နယ်အလင်း)
    ဝင်းစိန်တောရ ဆရာတော် (ပုံ- မွန်ပြည်နယ်အလင်း)
    ဂျူရီချိုင်း – မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ရှိသည့် အတောင် (၄၀ဝ) ပြည့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော် တည်ဆောက်ခဲ့သည့် ဝင်းစိန်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက ‘ဘဒ္ဒန္တကေသရ’ ၏ သက်တော် (၉၃) နှစ်ပြည့် မွေးနေ့ပွဲတော်ကို ကျင်းပရာ လူသောင်းနှင့်ချီ လာရောက်ခဲ့ကြောင်း သိရသည်။

    ဆရာတော်၏ မွေးနေ့ပွဲကို ဇန်နဝါရီလ (၂၄) ရက်မှ (၂၆) ရက်နေ့အထိ သုံးရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့သည်။

    ဆရာတော်၏ မွေးနေ့ပွဲသို့ သွားရောက်ခဲ့သူ မွန်သံဃာတော်တစ်ပါးက “ဆရာတော်ရဲ့ မွေး နေ့ပွဲတော်မှာ ဘုရားဖူးသူတွေကော ပွဲတော်လာတဲ့သူတွေပါ တော်တော်များများ သွားကြ တာကို တွေ့ရတယ်၊ ဒါပေမယ့် ပွဲတော်မှာ မွန်ပြည်နယ်ဖြစ်ပြီးတော့ မြန်မာဇာတ်သဘင်တွေပဲ ပါတယ် မွန်ဇာတ်သဘင်တွေ မပါတဲ့အတွက် ဦးဇင်းတို့အနေနဲ့ သိပ်ကို အားမရဘူး တစ်ခုခု လျော့နေသလိုဖြစ်နေတယ်” ဟု ပြောသည်။

    မွေးနေ့ ပွဲတော်ရက်အတွင်း မြန်မာ-ထိုင်းလက်ဝှေ့စိန်ခေါ်ပွဲ အပါအဝင် ရန်ကုန်မှ ရုပ်ရှင်ဗီဒီယို သရုပ်ဆောင် စွမ်းဇာနည် ဇာတ်သဘင်နှင့်အတူ ဗီဒီယိုသရုပ်ဆောင်များစွာ ကပြ ဖျော်ဖြေခဲ့ ကြပြီး ဆုမဲပေါင်းများစွာ ပါဝင်သည့် ကား (၄) စီးနှင့် ပဉ္စမဆု ကျပ်ငွေသိန်း (၄၀) ဆုကြီးများ ကံစမ်းမဲ ဖွင့်ပွဲ တို့ကိုလည်း ထည့်သွင်း ကျင်းပသွားခဲ့သည်။

    မွေးနေ့ပွဲတော်တွင် မွန်ပြည်နယ်အတွင်းရှိ ကျောင်းပေါင်း (၁၀ဝ) အား ပ့င်တော်မှုပြီး သံဃာ တော်အပါး (၁၀ဝ၀) ကို ဆွမ်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဧည့်ပရိတ် သတ်များကို စတုဒိတာ ကျွေးမွေးခြင်းဖြင့် လှူဒါန်း ခဲ့သည်ဟု ဘုရားဝေယျာ ဝစ္စလုပ် ကိုင် နေသူ လူငယ်တစ်ဦးက ပြောသည်။

    မွေးနေ့အတွက် နိဗါန်ဈေးစတုဒီသာမဏ္ဍပ်များနှင့် ဘုရားဖူးများအား ကျွေးမွေးရန် လှူဒါန်း ငွေကို အသက်အရွယ်မရွေး လှုဒါန်းနိုင်ပြီး အလှုရှင်များအနေဖြင့် အသက်(၇၅) နှစ်မှ (၈၀) နှစ်ထိ တစ်ဦးလျှင် ငွေကျပ် (၂၀ဝ၀ဝ)၊ အသက် (၈၀) မှ (၈၉) နှစ်ထိ တစ်ဦးလျှင် ငွေကျပ် (၃၀ဝ၀ဝ) နှင့် အသက် (၉၀) နှစ်အထက် တစ်ဦးလျှင် ကျပ် (၁၀ဝ၀ဝ၀) အထိ လှူဒါန်းရန် သတ်မှတ်ထားခဲ့သည်။

    နှစ်စဉ်ဆရာတော်၏ မွေးနေ့ပွဲကို ပြာသိုလဆုတ် ၉၊ ၁၀၊ ၁၁ရက်၊ (၂၄-၁-၂၀၁၄) မှ (၂၆-၁-၂၀၁၄) နေ့များတွင် ပြုလုပ်ကျင်းပလေ့ ရှိပြီး မွန်ပြည်နယ်၏ အစည်းကားဆုံး မွေးနေ့ပွဲ အဖြစ်လည်း ပြောလေ့ရှိသည်။

    ဆရာတော်ဘုရားကြီးသည် ကမ္ဘာ့အကြီးဆုံး အတောင် ၄၀ဝ ပြည့် လျောင်းတော်မူ ဗုဒ္ဓ ရုပ်ပွားတော် ဘုရားကြီးကို ဆရာတော်၏ အစွမ်းအစဖြင့် တည်ဆောက်ခဲ့သောကြောင့် ဆရာတော်ဘုရားမှာ မွန်ဒေသတဝှမ်းတွင် ကျော်ကြားခဲ့ပေသည်။

    ထို့အပြင် ဝင်းစိန်သာသနာ့မြေအတွင်း အတောင် ၇၀ အမြင့်ရှိ ရှင်ဥပဂုတ်မထေရ်မြတ် ရုပ်ပွား တော် တဆူနှင့် ဆရာတော်၏ ဇာတိရွာဖြစ်သည့် မုဒုံမြို့နယ် လက်တက်ကျေးရွာဝင်ဝ တွင် လည်း အတောင် ၁၈၀ ထိုင်တော်မူ ဗုဒ္စရုပ်ပွားတော် တဆူကိုလည်း တည်ထားခဲ့သည်။

    သက်တော် ၉၃ နှစ်ရှိ ဝင်းစိန်ကျောက်တစ်လုံးဆရာတော် ဘဒ္ဒန္တကေသရသည် အထင်ကရ မွန်ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး အကြားအမြင်ပေါက်သည်ဟု ကျော်စောသတင်းရှိသည်။ လွန်ခဲ့သည့် တန်ဆောင်မုန်းလတွင်လည်း ထိုင်းဘုရင်ကိုယ်စား ထိုင်းအမူးအမတ်များမှာ ဆရာ တော်ဘုရားကျောင်းတွင် ကထိန်သင်္ကန်းကပ်လှုပွဲ ကျင်းပခဲ့ပေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks