spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းနိုင်ပန်းသာ၏ “မွန်နိုင်ငံရေးလှုပ်ရှားမှု အတွေ့အကြုံ” စာအုပ်ဖြန့်ချီ

    နိုင်ပန်းသာ၏ “မွန်နိုင်ငံရေးလှုပ်ရှားမှု အတွေ့အကြုံ” စာအုပ်ဖြန့်ချီ

    -

    “ မွန် နိုင်ငံရေးလှုပ်ရှားမှု သမိုင်းအတွေ့အကြုံ ” စာအုပ်(facebook: နိုင်ပန်းသာ)
    “ မွန် နိုင်ငံရေးလှုပ်ရှားမှု သမိုင်းအတွေ့အကြုံ ” စာအုပ်(facebook: နိုင်ပန်းသာ)
    မင်းလုံး – မွန်အမျိုးသားတော်လှန်ရေးခေါင်းဆောင် တစ်ဦးဖြစ်သည့် နိုင်ပန်းသာ ကိုယ်တိုင်ရေးသားခဲ့သော “မွန်နိုင်ငံရေးလှုပ်ရှားမှုသမိုင်း အတွေ့အကြုံ” စာအုပ်ကို ယခုလ ၂၅ ရက်နေ့တွင်စတင်ဖြန့်ချီလိုက်ကြောင်း သိရသည်။

    ယင်းစာအုပ်တွင် အခန်း (၂၀)ခန်း ပါဝင်ပြီး စာမျက်နှာအရေအတွက်အားဖြင့် ၃၄၈ ရွက်ရှိပြီး အင်္ဂလိပ်ကိုလိုနီခေတ် မြန်မာနိုင်ငံလွတ်လပ်ရေးလှုပ်ရှားမှုမှအစ မွန် အမျိုးသားအဖွဲ့များပေါ်ပေါက်လာပုံ၊ မွန်ပြည်သူ့တပ်ဦးနှင့် မွန်ပြည်သစ်ပါတီတို့၏ ပြောင်းလဲမှုဖြစ်စဉ်များအပါအ ဝင် မွန်ပြည်သစ်ပါတီနှင့် မြန်မာစစ်အစိုးရကြား ငြိမ်းချမ်းရေးရရှိရန် ကြိုးစားအားထုတ်ခဲ့ပုံများအထိ ပါရှိသည်။

    နိုင်ပန်းသာ၏ မြေးဖြစ်သူ ကိုသူ က “၂၀ဝ၆ ခုနှစ်ကစပြီး ဒီစာအုပ်ကိုဖြန့်ဝေဖို့ စပြီးလုပ်ဆောင်ခဲ့တယ်၊ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး၊ ကျနော်ကလည်း ကျွမ်းကျွမ်းကျင်ကျင်မလုပ်တတ်တော့ စာအုပ်ထုတ်တဲ့နေရာမှာ အခက်အခဲတွေအများကြီးရှိခဲ့တယ်၊ မိတ်ဆွေတွေရဲ့လမ်းပြမှုကြောင့် ခုလိုမြန်မြန်ဖြန့်ချိနိုင်တာပါ” ဟု ပြောသည်။

    နိုင်ပန်းသာ၏လုပ်ဖေါ်ကိုင်ဖက်များက နိုင်ပန်းသာ မကွယ်လွန်ခင်ကရေးသားခဲ့သည့် လက်ရေးစာမူများကို သိမ်းဆည်းထားပြီး စာအုပ်ထုတ်ရန်အတွက်ပြန်လည်စုစည်းရာတွင် အခက်အခဲများနှင့် အဆင်မပြေမှုများရှိကြောင်း ကိုသူက ဆက်ပြောသည်။

    အဆိုပါစာအုပ်၏ အမှာစာရေးသူများတွင် သံလွင်တိုင်းအယ်ဒီတာနိုင်ချမ်းတွဲ့၊ မွန်ပြည်သစ်ပါတီဝင်ဟောင်း နိုင်လယီထော၊ နိုင်စွမ်းထောင်၊ မင်းချမ်းထိုက်၊ နိုင်ဗညားအောင် တို့ပါဝင်ကြောင်းသိရသည်။

    “ကျနော်ကလည်း ဒီလိုမျိုး စာအုပ်ဖြန့်ချိတာတွေကို တစ်ခါမှမလုပ်ဖူးပါဘူး၊ အခု ပထမအကြိမ်အနေနဲ့ စာအုပ် အရေအတွက် အုတ်ရေ ၁၀ဝ၀ လောက်ထုတ်ထားတယ်” ဟု ကိုသူ က ဆိုသည်။

    နိုင်ပန်းသာသည် မြန်မာပြည်လွတ်လပ်ရေးရသည့် ၁၉၄၈ ဝါခေါင်လပြည့်နေ့တွင် မျိုးချစ်မွန်လူငယ်များအား ဦးဆောင်ပြီး မော်လမြိုင်အနီး ဇာသပြင်ရွာရဲစခန်းမှ လက်နက်များကို သိမ်းပိုက်ကာ မွန်လက်နက်ကိုင်တော် လှန်ရေးကိုစတင်ခဲ့သည့် ခေါင်းဆောင်တစ်ဦးဖြစ်သည်။

    ၁၉၅၈ ခုနှစ်တွင် မွန်ပြည်သူ့တပ်ဦး ဖဆပလအစိုးရထံ လက်နက်အပ်စဉ်ကပါဝင်ခဲ့ပြီး ၁၉၇၁ ခုနှစ်၌ မွန်ပြည်သစ်ပါတီသို့ ပြန်လည်ဝင်ရောက်ကာ ၁၉၉၀ ခုနှစ်ဧပြီလတွင် အသက်အရွယ်ကြီးရင့်လာ၍ မွန်ပြည်သစ်ပါတီဗဟိုအလုပ်မှုဆောင်ကော်မတီအဖြစ်မှ အနားယူခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks