spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းတနင်္သာရီတိုင်းဒေသကြီးတွင် မွန်လူဦးရေစာရင်း စတင်ကောက်ယူ

    တနင်္သာရီတိုင်းဒေသကြီးတွင် မွန်လူဦးရေစာရင်း စတင်ကောက်ယူ

    -

    မွန်လူဦးရေစာရင်း ကောက်ယူရေးအစည်းအဝေးပြုလုပ်စဉ်(IMNA)
    မွန်လူဦးရေစာရင်း ကောက်ယူရေးအစည်းအဝေးပြုလုပ်စဉ်(IMNA)
    ခတ္တာနန်း – ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁၀) မြို့နယ်တွင် နေထိုင်ကြသည့် မွန်လူဦးရေစာရင်း အမှန်အကန်ရရှိရေးအတွက် တနင်္သာရီတိုင်း ရေဖြူမြို့နယ်တွင် စာရင်း စတင် ကောက်ယူနေပြီး ဖြစ်ကြောင်း ကျိုက်မရောမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်အမတ် ‘မင်းစံတင်’ က ပြောသည်။

    မွန်လူဦးရေစာရင်း ကောက်ယူရသည့် အဓိကရည်ရွယ်ချက်မှာ တနင်္သာရီတိုင်းဒေသကြီးတွင် လာမည့် (၂၀၁၅) ရွေးကောက်ပွဲတွင် မွန်တိုင်းရင်းသားဝန်ကြီး တစ်နေရာ ရွေးကောက်တင်မြောက်နိ်ုင်ရန်နှင့် မွန်လူဦးရေစာရင်း အမှန်အကန်ရရှိရန် ဖြစ်သည်။

    မင်းစံတင်က “ ခွင့်ပြုချက်ရတာ တစ်ပတ်လောက်ပဲ ရှိသေးတယ်၊ မနေ့က စပြီး ရေဖြူမြို့နယ်က ရာဖူးကျေးရွာကနေ စပြီး ကောက်ယူနေပါပြီ” ဟု ဆက်ပြောသည်။

    ထိုသို့ မွန်လူဦးရေစာရင်း ကောက်ယူမှု ပြီးဆုံးပါက မိမိတို့ အနေဖြစ် တနင်္သာရီတိုင်းဒေသကြီး အစိုးရ၊ ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့ ပေးပို့သွားမည်ဖြစ်ကြောင်း၊ တနင်္သရီတိုင်းဒေသကြီးတွင် မွန်လူဦးရေ တစ်သိန်းကျော်ခန့် ရှိမည်ဖြစ်ကြောင်း’’s မင်းစံတင်က ဆက်ပြောသည်။

    “၂၀၁၂ ရွေးကောက်ပွဲတုန်းကလည်း ကျနော်တို့ ရေဖြူမြို့နယ်ကို ဆင်းတယ်၊ ရွာတိုင်းကို မကောက်နိုင်တော့ စာရင်း (၃၀ဝ) လောက်ပဲ ကွာတယ် အချိန်မရတာလည်း ပါတယ်၊ ဒါတောင် (၁၀) ရွာလောက်ကို မသွားဖြစ်လိုက်ဘူး” ဟု မင်းစံတင်က ဆက်ပြောသည်။

    ယခု တနင်္သာရီတိုင်းဒေသကြီးတွင် စတင် ကောက်ယူနေသည့် မွန်လူဦးရေ စာရင်းအမှန်ရရှိရေးအတွက် မွန်လူထုအခြေပြုအဖွဲ့အစည်း (၉) ဖွဲ့တို့မှ ဦးဆောင်ပြီး အကောင်အထည်ဖော်လျှက် ရှိကြောင်း၊ စာရင်းစတင် မကောက်ယူမီ အချိန်တစ်လခန့် ကြိုတင် အကြောင်းကြားထားကြောင်း ယခုစတင်ကောက်ယူမှုတွင်လည်း အဆင်ပြေလျှက်ရှိကြောင်း သိရသည်။

    တနင်္သာရီတိုင်းဒေသကြီး မွန်လူဦးရေစာရင်းအမှန် ရရှိရေး ဦးဆောင်ကော်မတီအဖွဲ့ဝင် မိကွန်းချမ်းနွန်က “ဒေသတိုင်းမှာ ဦးဆောင်ကော်မတီအဖွဲ့ဝင်တွေ ရှိတော့ သူတို့တွေပဲ ဦးဆောင်ပြီး ကောက်သွားလိမ့်မယ်၊ စာရင်းကောက်တာ (၂) လ လောက်ဆိုရင် ပြီးနိုင်မယ်လို့ ခန့်မှန်းထားတယ်” ဟု ပြောသည်။

    လုပ်ငန်း ဖော်ဆောင်နိုင်ရေးအတွက် လူထုအခြေပြုအဖွဲ့အစည်းများမှ လှုပ်ရှားသူများ မွန်လူငယ်များ ဝိုင်းဝန်းကူညီလုပ်ဆောင်ကြပြီး၊ ထောက်ပံ့ငွေများကို မိမိတို့အကြားတွင် ကောက်ခံ၍ အကောင်အထည်ဖော်နေကြောင်း မည်သည့် အလှုရှင်ထံမှ မရရှိထားကြောင်း မိကွန်းချမ်းနွန်က ဆက်ပြောသည်။

    တနင်္သာရီတိုင်းဒေသကြီး (၁၀) မြို့နယ်တွင် မွန်လူမျိုးများမှာ ရေဖြူမြို့နယ်တွင် အများစု နေထိုင်ပြီး အခြားသောမြို့နယ်များ ဖြစ်သည့် ပုလော၊ ပုလောက်၊ ထားဝယ်၊ လောင်းလုံ၊ သရက်ချောင်း၊ မြိတ်၊ ကျွန်းစု၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ကော့သောင်း စသည့် မြို့များတွင် နေထိုင်ကြသည်။

    မွန်တိုင်းရင်းသားလူဦးရေ စာရင်းအမှန် ရရှိရေးကော်မတီကို လွန်ခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ (၂၇) ရက်တွင် ကော်မတီအဖွဲ့ဝင် (၁၇) ဦးဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ရှိ ဇောတိကာရာမကျောင်းတိုက်တွင် ပြုလုပ်သည့်  အစည်းအဝေးတွင် ဖွဲ့စည်းခဲ့သည်။

    အလားတူ မွန်တိုင်းရင်းသားလူဦးရေစာရင်း အမှန်ရရှိရေးအတွက် ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးများတွင်လည်း ကောက်ယူလျှက်ရှိကြောင်း ယခုအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းကောက်ယူမှုကို ၂၀၁၄ ခုနှစ်ကုန်အထိ အချိန်တိုးမြှင့်ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts