spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းပါတီပေါင်းစည်းလိုသူများ မွန်အမျိုးသားပါတီအဖြစ် မှတ်ပုံတင်ရန်ကြိုးပမ်းနေ

    ပါတီပေါင်းစည်းလိုသူများ မွန်အမျိုးသားပါတီအဖြစ် မှတ်ပုံတင်ရန်ကြိုးပမ်းနေ

    -

    မွန်အမျိုးသားပါတီရှင်းလင်းပွဲ(အဇ္ဇမန်)
    မွန်အမျိုးသားပါတီရှင်းလင်းပွဲ(အဇ္ဇမန်)
    ခတ္တာနန်း – မွန်ဒီမိုကရေစီပါတီနှင့် ဥက္ကဌနိုင်ငွေသိန်းခေါင်းဆောင်သော မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီမှ ၂ ပါတီပေါင်းစည်းရေးလိုလားသူများ မွန်အမျိုးသားပါတီအဖြစ် ပါတီသစ်မှတ်ပုံတင်နိုင်ရန်အတွက် ဆက်လက်ကြိုးပမ်းနေကြောင်း ပါတီပေါင်းစည်းရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမင်းစိုးလင်း ကပြောသည်။

    “မွန်အမျိုးသားပါတီ နာမည်နဲ့ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်နိုင်ဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေအတွက် ဆက်လက်ဆွေးနွေးနေတုန်းပဲ” ဟု သူကပြောသည်။

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သာသနာ ၂၅၀ဝ ကျောင်း၌ ဇန်နဝါရီ ၂၆ ရက်နေ့က ကျင်းပခဲ့သည့် “မွန်အမျိုးသားပါတီ” နှင့် ပတ်သက်သော ရှင်းလင်းပွဲတစ်ရပ်တွင် ပါတီနှစ်ဖက်ခေါင်းဆောင်များ ပေါင်းစည်းရေးသဘောတူညီမှုရရှိခဲ့ပြီဟု သိရသည်။

    “ကျနော်တို့ဘက်က ၂၁ ဦးရှိပြီးသားပဲ၊ မွန်ဒေသဘက်က ၂၁ ဦးဖြည့်ပေးလိုက်တော့ ၄၂ ဦးပါဝင်တဲ့ ဗဟိုကော်မတီဖွဲ့စည်းလိုက်တယ်၊ အခုစောစောပိုင်းမှာ ဒီလူတွေပဲ ဆက်လက်အကောင်အထည်ဖော် သွားမယ်” ဟု ဒေါက်တာမင်းစိုးလင်းက ဆက်ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတွင် ပေါင်းစည်လိုသူများရှိသကဲ့သို့ မပေါင်းစည်းလိုသူများလည်း ရှိနေကြောင်း၊ ယင်းပေါင်းစည်းမှုတွင် မပါဝင်သူများသည် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအမည်ဖြင့် ၂၀၁၅ ရွေးကောက်ပွဲပြီးဆုံးသည်အထိ လက်ရှိအတိုင်း ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း သိရသည်။

    ပါတီပေါင်းစည်းရေးတွင်မပါဝင်သူ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ တွဲဖက်အတွင်းရေးမှူး (၁) မင်းစံတင်က “နိုင်ငံရေးအခြေအနေတွေရယ်၊ ပါတီအခြေခံမူဝါဒတွေ ကွဲပြားမှုရှိနေတာတွေ၊ လက်ရှိကာလမှာ ပေါင်းစည်းလို့ မဖြစ်နိုင်သေးတဲ့ အနေအထားတွေ အမျိုးမျိုးရှိနေတော့ ကျနော်တို့ အနေနဲ့ မပေါင်းစည်းနိုင်သေးဘူး” လို မွန်သတင်းအေဂျင်စီသို့ ပြောခဲ့သည်။

    ယခုလ ဇန်နဝါရီ ၅ ရက်နေ့တွင်လည်း နှစ်ပါတီပေါင်းစည်းရေးမပါဝင်သူ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်တွင် လက်ရှိပါတီအမည်အတိုင်း (၂၀၁၅) ရွေးကောက်ပွဲဝင်သွားမည်ဖြစ်ကြောင်းနှင့် ဖွဲ့စည်းပုံးအခြေခံစည်းမျဉ်နှင့်အညီ ဆက်လက်ရပ်တည်သွားမည် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲနှင့်တကွ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

    အလားတူ ချင်းတိုးတက်ရေးပါတီ CPP မှ ပူးပေါင်းရေးလိုလားသူများနှင့် ချင်းအမျိူးသားပါတီ CNP ခေါင်းဆောင်းတို့ ပြီးခဲ့သည့်နိုဝင်ဘာ ၁၅ ရက်နေ့တွင် ဟားခါးမြို့ကာဆင်ခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ရာ Chin National Progressive Party-CNPP ချင်းအမျိူးသားတိုးတက်ရေးပါတီအဖြစ် ပူးပေါင်းရန်သဘောတူ ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts