spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းအသုံးပြုခြင်းမရှိသော ရပ်ကွက်မြေအား စာသင်ကျောင်းဆောက်လုပ်ရန် တောင်းခံ

    အသုံးပြုခြင်းမရှိသော ရပ်ကွက်မြေအား စာသင်ကျောင်းဆောက်လုပ်ရန် တောင်းခံ

    -

    လက်ရှိကာရာအိုကေဆိုင်ဖွင့်ထားသော အော်တိုအိပ်ချိန်းနေရာ(IMNA)
    လက်ရှိကာရာအိုကေဆိုင်ဖွင့်ထားသော အော်တိုအိပ်ချိန်းနေရာ(IMNA)
    မင်းထူးသစ် – မွန်ပြည်နယ်၊ သံဖြူဇရပ်‌မြိုနယ်‌၊ ‌အောင်‌ကုသိုလ်‌ရပ်‌ကွက်ရှိ အနှစ် ၂၀ နီးပါးခန့် လုံးဝအသုံးပြုခြင်းမရှိခဲ့သော ‌မြန်‌့မာဆက်‌သွယ်‌‌ရေးလုပ်‌ငန်‌းမြေ‌ကွက်အား စာသင်ကျောင်းဆောက်လုပ်ရန်အတွက် ဒေသခံများ ပြန်လည်တောင်းခံနေကြသည်။

    သံဖြူဇရပ်-ရေးမော်တော်ကားလမ်းမကြီးနံဘေး မြေ‌ဧရိယာအကျယ်(4.575) ဧက၌ စက်ပစ္စည်းကိရိယာ တပ်ဆင်ထားခြင်းမရှိသော ဆက်‌သွယ်‌‌ရေး‌အော်‌တိုအိပ်‌ချိန်‌းအဆောက်အဦးကို လက်ရှိတွင် Ever Smile ကာရာအိုကေဆိုင်ဖွင့်လှစ်ငှားရမ်းပေးထားခြင်း ဖြစ်သည်။

    ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နိုင်ဦးက “လက်ရှိမြို့ပေါ်အော်တိုအိပ်ချိန်းက သူ့နေရာနဲ့သူရှိနေပြီးသား၊ ဒါကြောင့် ဒီအဆောက်အအုံက အပိုဖြစ်နေတယ်၊ ကာရာအိုကေဆိုင်ငှားဖွင့်ထားပြန်တော့ ရပ်ကွက်မှာလည်း အသံတွေဆူညံနေတယ်၊ အနီးပတ်ဝန်းကျင်မှာ ဘုန်းကြီးကျောင်းတွေ ပတ်လည်ဝိုင်းနေတယ်၊ ရပ်ကွက်မြေတွေပါ၊ ရပ်ကွက်လိုအပ်ချက်အရ လွတ်နေတဲ့မြေနေရာအချို့ကို ခလေး (၂၀ဝ) ကျော်အတွက် စာသင်ကျောင်းဆောက်ဖို့ ရပ်ကွက်သူရပ်ကွက်သားတွေ တောင်းဆိုတာပါ” ဟု ပြောသည်။

    ယင်းကိစ္စရပ်အား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နိုင်ဦးက မွန်ပြည်နယ်လွှတ်တော်သို့ တင်ပြတောင်းဆိုခဲ့သော်လည်း အကြောင်းမထူးခဲ့ပေ။

    ထို့အပြင် သံဖြူဇရပ်မြို့အခြေစိုက် NLD,AMDP,MDP,ပြည်ခိုင်ဖြိုး,တစည ပါတီများပူးပေါင်းပြီး ကာရာအိုကေဆိုင်ဖွင့်လှစ်ထားသော ဆက်သွယ်ရေးမြေနေရာအား မူလတန်းကျောင်းဆောင်ဆောက်လုပ်နိုင်ရန် ဆက်လက်တောင်းဆိုသွားမည်ဟု သိရသည်။

    သံဖြူဇရပ်မြို့နယ် NLD ဥက္ကဌ ဦးဉာဏ်ဟိန်းက “နိုင်ငံတော်ရဲ့ အခြေခံအုတ်မြစ်ဟာ ပညာရေးကဏ္ဍပါ၊ အသုံးပြုခြင်းမရှိတဲ့ ဆက်သွယ်ရေးမြေနေရာကို မူလတန်းကျောင်းဆောင်ဆောက်လုပ်နိုင်ဖို့ အများအကျိုးအတွက် တောင်းဆိုသွားရမှာပဲ” ဟု ပြောသည်။

    ယင်းဆက်သွယ်ရေးမြေဧရိယာကို ၂၀ဝ၅ ခုနှစ်စတင်၍ စင်တင်တေးဂီတနှင့် ကာရာအိုကေစားသောက်ဆိုင်အဖြစ်ငှားရမ်းခဲ့ရာ လက်ရှိတစ်လငွေကျပ် ၇ သိန်းဈေးနှုန်းဖြစ်နေသည်ဟု နီးစပ်သူများထံမှ သိရသည်။

    သံဖြူဇရပ်မြို့ဆင်ခြေဖုန်းနှင့်ထိစပ်နေသော ဝယ်ကဝါကျေးရွာပိုင် ဒေသခံများ၏ ရာဘာခြံကို အာဏာပိုင်များ သိမ်းယူပြီး ၁၉၉၆ ခုနှစ်တွင် မြေနေရာခွဲဝေကာ အောင်ကုသိုလ်ရပ်ကွက်ဟု သတ်မှတ်ခဲ့သည်။

    ယင်းအောင်ကုသိုလ်ရပ်ကွက် ကားလမ်းနံဘေးမျက်နှာစာတွင် ဆက်သွယ်ရေး၊ လဝက၊ စာရင်းစစ်၊ အခွန်ဦးစီးနှင့် သစ်တောဦးစီးဌာနမြေကွက်များအဖြစ် ချထားပေးခဲ့ခြင်း ဖြစ်သည်။

    ယင်းကဲ့သို့ မြေကွက်များခွဲဝေစဉ် ရပ်ကွက်စာသင်ကျောင်းမြေနေရာအတွက် လုံးဝလျာထားခြင်းမရှိဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks