spot_img
Sunday, January 25, 2026
More
    spot_img
    Homeသတင်းတရားမဝင်အလုပ်သမာများအား မလေးရှားတွင် ဖမ်းဆီးနေ

    တရားမဝင်အလုပ်သမာများအား မလေးရှားတွင် ဖမ်းဆီးနေ

    -

    ဂျူရီချိုင်း – မလေးရှားနိုင်ငံအတွင်း အလုပ်လုပ်နေကြသည့် တရားမဝင်အလုပ်သမားများကို အာဏာပိုင်များက ဖမ်းဆီးနေသည်ဟု သိရသည်။

    ဇန်နဝါရီလ ၂၁ ရက်နေ့မှစတင်၍ လာမည့်ဇူလိုင်လအထိ တရားမဝင် မြန်မာအလုပ်သမားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအားလုံးကို ဖမ်းဆီးပြီးသက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဟု မလေး ရှားအာဏာပိုင်တို့က အသိပေးအကြောင်းကြားထားပြီးဖြစ်သည်။

    တရားမဝင်အလုပ်သမာများဖမ်းဆီးခံထားရပုံ (Internet)
    တရားမဝင်အလုပ်သမာများဖမ်းဆီးခံထားရပုံ (Internet)
    မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် မွန်အလုပ်သမားတစ်ဦးက “မနေ့ကဆို ဖမ်းဖို့သတ်မှတ်ထားတဲ့မြို့ပေါ် တစ်မြို့လုံးကိုလိုက်ဖမ်းနေတာ၊ မွန်အလုပ်သမားတွေပါမပါတော့ မသိဘူး၊ ဘာအထောက်အထားမှ မရှိတဲ့ အလုပ်သမားတွေ တောမှာသွားပုန်းနေကြတယ်” ဟု ပြောသည်။

    အော်ပရာစီ စီမံချက်စတင်သည့် ယမန်နေ့ညပိုင်းတွင် တရားမဝင် နေထိုင်နေသည့် နိုင်ငံသားပေါင်းစုံတို့မှ တရားမဝင် နိုင်ငံသား စုစုပေါင်း ၁၆၆၅ ဦးဖမ်းဆီးရမိပြီး မြန်မာနိုင်ငံသား ၁၇၀ ကျော် ဖမ်းဆီးခဲ့ကြောင်း မလေးရှားနိုင်ငံ သတင်းဌာန Malaysia TV တွင် ဖော်ပြထားသည်။

    ယခု ဖမ်းဆီးမှုသည် မလေးရှားနိုင်ငံတဝန်းတွင် ဒုတိယအကြိမ်ပြုလုပ်သည့် 6P Integrated Operation (Ops Sepadu)ဖြစ်၍ ဖမ်းဆီးခံရသူများသည် မလေးရှားနိုင်ငံသို့ နောက်တစ်ကြိမ် ပြန်ဝင်ခွင့်မပြုရန် ဇီဝဗေဒဆိုင်ရာ အချက်အလက် (Biometric database)များ ယူထားသည်ဟုလည်း ယင်းသတင်းဌာနတွင် ဆက်လက်ဖော်ပြသည်။

    ယခုဖမ်းဆီးမိသူများအား ခုနှစ်ရက်အတွင်း သက်ဆိုင်ရာ မိခင်နိုင်ငံများသို့ ပြန်ပို့မည်ဖြစ်ပြီး ထိုသို့ မိမိနိုင်ငံသို့ပြန်ရန် ပို့ဆောင်ခများကို တရားမဝင်အဖမ်းဆီးခံရသူများ အကုန်အကျခံပေးဆောင်ရမည်ဟု သိရသည်။

    “ဖမ်းတာက အတော်ကိုဖမ်းတယ် UN ကဒ်ရှိသူတွေလဲဖမ်းတယ်၊ ဖမ်းပြီတော့ ပြန်လွှတ်ပေး တာရှိတယ် တစ်ချို့ ပြန်မလွှတ်တာလဲရှိတယ်၊ အခု အပြင်ထွက် သွားလာဖို့ သိပ်မရှိကြဘူး” ဟု ပီနန်မြို့တွင် အလုပ်လုပ်နေသော မွန်အလုပ်သမား ကိုမင်းက ပြောသည်။
    ယမန်နေ့ည စစ်ဆင်မှုတွင် လဝကဌာန၊ Rela (အရပ်ဖက်ဝန်ထမ်း)၊ ရဲ၊ မှတ်ပုံတင်ဌာနနှင့် လာဘ်စားမှုတိုက်ဖျက်ရေး ကော်မစ်ရှင်ဝန်ထမ်းတို့ပါဝင်ကြောင်း သိရသည်။

    မလေးရှားရှိ မြန်မာသံရုံးက ယခုဖမ်းဆီးမည့်သတင်း မြန်မာနိုင်ငံသားများအား ထုတ်ပြန်အသိပေးထားပြီး တရားဝင်အထောက်အထာက်လက်မှတ်မရှိသူ မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံပြန်လိုပါက အကူအညီပေးနေသည်ဟု အလုပ်သမားရေးရာသံမှူး ဦးစိုးဝင်းက သတင်းဌာနများသို့ ထုတ်ဖေါ်ပြောဆိုခဲ့ပြီး ဖြစ်သည်။

    မလေးရှား ဗီဇာသက်တမ်းကျော်လွန်သူများနှင့် အလုပ်လုပ်ကိုင်ခွင့်ပါမစ်သက်တမ်းကုန်သူများသည် လဝက ဥပဒေ ၁၉၅၉/၆၃ ၊ ပါတ်စပို့ဥပဒေ ၁၉၆၆ လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်း ၁၉၆၃ နှင့် လူကုန်ကူးခြင်းနှင့် တရားမဝင် နေထိုင်ခြင်းဥပဒေ ၂၀ဝ၇ (ပြင်ဆင် ၂၀၁၀)အရ တရားမဝင်များဖြစ်ခြင်းကြောင့် ယခု နှစ်ကုန်သည်အထိ တပ်ပေါင်းစုအေဂျင်စီများက ဆက်လက်ဖမ်းဆီးသွားမည်ဟု မလေးရှား သတင်းဌာနများတွင် ဖော်ပြပါရှိသည်။

    မလေးရှားတွင် တရားမဝင်အလုပ်သမားများမှာ အင်ဒိုနီးရှား၊ မြန်မာ၊ ဘင်္ဂလားဒေ့၊ နီပေါ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ တရုတ်၊ နိုက်ဂျီးရီးယားနှင့် ထိုင်းနိုင်ငံသား များပါဝင်ကြသည်။

    ၂၀၁၃ စာရင်းဇယားအရ မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်သူဦးရေအများဆုံးမှာ အင်ဒိုနီးရှား နိုင်ငံသားဖြစ်၍ ဒုတိယအများဆုံးမှာ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ၇ သိန်းခန့်ရှိပြီး ၈၀ ရာခိုင်နှုန်းမှာ တရားမဝင်အလုပ်သမားများဖြစ်သည်ဟု သတင်းများတွင်ရေးသားဖော်ပြကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts