spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းဒုတိယအကြိမ် တိုင်းရင်းမီဒီယာညီလာခံ ကျင်းပရန်စီစဉ်

    ဒုတိယအကြိမ် တိုင်းရင်းမီဒီယာညီလာခံ ကျင်းပရန်စီစဉ်

    -

    ဂျူရီချိုင်း – နိုင်ငံတကာမြန်မာ့သတင်း(Burma News International-BNI) ကကြီးမှူးသော ဒုတိယအကြိမ် တိုင်းရင်းမီဒီယာညီလာခံတစ်ရပ်ကို ရှမ်းပြည်နယ်၊ တောင် ကြီးမြို့၌ လာမည့်မတ်လ ၃ ရက်မှ ၅ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပရန်စီစဉ်နေသည်ဟု သိရသည်။

    ရှမ်းပြည်နယ်အခြေစိုက် သျှမ်းသံတော်ဆင့် ဂျာနယ်၊ ရိုးမအလင်းနှင့်အတူ နိုင်ငံတကာသတင်းအဖွဲ့ Burma News International တို့ပူးပေါင်းကျင်းပခြင်း ဖြစ်ကြောင်း စီစဉ်လှုပ်ရှားနေသူ BNI ဝန်ထမ်း ဦးနေမျိုးအောင်က ပြောသည်။

    BNI အင်တာနက်သတင်းစာမျက်နှာ (IMNA)
    BNI အင်တာနက်သတင်းစာမျက်နှာ (IMNA)
    ဦးနေမျိုးအောင်က “BNI အနေနဲ့ တစ်နှစ်နဲ့တစ်နှစ် တိုင်းရင်းသားဒေသတွေမှာ တစ်ခုပြီးတစ်ခု ရွေးပြီးကျင်းပမှာဖြစ်ပြီး ခရီးသွားရေးနဲ့ လမ်းပမ်းဆက်သွယ်ရေးအဆင်ပြေမယ့် တောင်ကြီးမြို့ကို မနှစ်မော်လမြိုင်ညီလာခံကနေ ဆုံးဖြတ်ရွေးချယ်လိုက်ကြတာပါ” ဟု ပြောသည်။

    အဆိုပါညီလာခံတွင် တိုင်းရင်းသားမီဒီယာလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လွတ်လပ်သော တိုင်းရင်းမီဒီယာ ကွန်ယက်တစ်ရပ် ပေါ်ပေါက်လာစေရေး၊ လွတ်လပ်စွာထုတ်ဖော်ဖွင့်ဟနိုင်ခွင့်နှင့် တိုင်းရင်းမီဒီ ယာ ဖွံ့ဖြိုးရေးဖြစ်စဉ်တွင် အမျိုးသမီးများ၏ ဦးဆောင်မှု အခန်းကဏ္ဍမြင့်မားလာစေရေးတို့ကို ဆွေးနွေးတင်ပြသွားမည်ဟု သူကပြောသည်။

    ယင်းညီလာခံသို့ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသတွင်းရှိနိုင်ငံရေးပါတီများ၊ နိုင်ငံတကာနှင့် ဒေသအတွင်း မီဒီယာပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ စာနယ်ဇင်း ကောင်စီ (ယာယီ)၊ ပြည်တွင်းပြည်ပရှိ မြန်မာ့မီဒီယာအဖွဲ့များ၊ လူထုအခြေပြုလူ့အဖွဲ့အစည်းများနှင့် တိုင်းရင်းသားမီဒီယာအဖွဲ့များ ပါဝင်တက်ရောက်ရန် ဖိတ်ကြားထားသည်ဟု သိရသည်။

    “မီဒီယာတိုးတက်မှုအပိုင်းကတော့ နှစ်ပိုင်းရှိတယ်၊ ပထမကပြည်တွင်းလုပ်ဆောင်နေတဲ့ မီဒီယာတွေကျတော့ တော်တော်လေးကိုလွတ်လွတ်လပ်လပ်ရေးသားနိုင်တာကို တွေ့ ရတယ်၊ သူ့တို့ရေးသားတဲ့အချက်တွေမှာဆိုရင်လဲ နိုင်ငံရေးသုံးသပ်ချက်တွေ ၂၀ဝ၈ အခြေခံ ဥပဒေ ပြန်လည်သုံးသပ်တာမျိုးတွေ နိုင်ငံရေးမှာတပ်မတော်ကနေရာယူထားတဲ့အပေါ်မှာ ဝေဖန်ရေးသားတာမျိုး၊ နောက်ပြီးတော့ တနိုင်ငံလုံးမှာဖြစ်ပျက်နေတဲ့ မြေယာကိစ္စတွေ ပွင့်ပွင့်လင်းလင်း ရေးသားနိုင်တွေ တွေ့ ရတယ်၊ ကျနော်တို့တိုင်းရင်းသား မီဒီယာဘက် တွေပြန်ကြည့်လိုက်မယ်ဆိုရင် အကန့်အသတ်တွေ အများကြီးရှိပါသေးတယ်၊ တိုင်းရင်းသားဘာသာနဲ့ထုတ်ဝေတဲ့ သတင်းဂျာနယ်တွေ ရေဒီယိုလုပ်မရတာ တိုင်းရင်းသားဒေသမှာ တကယ်လိုအပ်နေတဲ့ ရေဒီယိုမီဒီယာမျိုးတွေ အခုထိလုပ်ဆောင်နိုင်စွမ်း မရှိသေးပါဘူး” ဟု BNI အဖွဲ့ဝင်အယ်ဒီတာ နိုင်ကဆော့မွန်က ပြောသည်။

    ပြည်နယ်တိုင်းတွင် မိခင်တိုင်းရင်းသားဘာသာဖြင့် သတင်းစာထုတ်ဝေရန် ဈေးကွက်တွင်မတွင်ကျယ်သေးသဖြင့် ရေရှည်ရပ်တည်ရန်မဖြစ်သေးကြောင်း၊ ထိုသို့ ရေရှည်ရပ်တည် နိုင်ရန်အတွက် နိုင်ငံတကာမှ အကူအညီ လိုအပ်နေသေးကြောင်းလည်း သူက ဆက်ပြောသည်။

    လက်ရှိတွင် မွန်၊ ကရင်၊ ကရင်နီ(ကယား)၊ သျှမ်းသတင်းဌာနများ၏ ပုံနှိပ်မီဒီယာလုပ်ငန်းများကို ပြည်တွင်း၌ တရားဝင်လုပ်ကိုင်လျှက် ရှိသည်။

    BNI သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ သျှမ်းစသည့် တိုင်းရင်းသတင်းမီဒီယာ ၁၂ ဖွဲ့ပါဝင်သည့် မီဒီယာကွန်ယက်တခုဖြစ်သည်။

    ပထမအကြိမ် တိုင်းရင်းမီဒီယာညီလာခံကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ Strand Hotel ၌ ၂၀၁၃ ခုနှစ် ဧပြီလ (၂၅) မှ (၂၇)ရက်နေ့အထိ BNIကကြီးမှူး၍ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts