spot_img
Sunday, January 25, 2026
More
    spot_img
    Homeသတင်းဘန်ကောက်ဆန္ဒပြသူများ ဗုံးထိမှန်ဒဏ်ရာရသူများရှိနေ

    ဘန်ကောက်ဆန္ဒပြသူများ ဗုံးထိမှန်ဒဏ်ရာရသူများရှိနေ

    -

    မင်းလုံး – လတ်တလောထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Bangkok Shutdown ယနေ့မွန်းလွဲပိုင်း အစိုးရဆန့်ကျင်ဆန္ဒပြပွဲတစ်နေရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ရာ ဆန္ဒပြသူ ၃၆ ဦးဒဏ်ရာရှိခဲ့သည်ဟု ထိုင်းမီဒီယာများက ဖေါ်ပြကြသည်။

    ထိုင်းအစိုးရဆန္ဒပြခေါင်းဆောင် မစ္စတာစူထစ် လာရောက်ရာ Banthat Thong Road လမ်းဆုံအနီး၌ ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
    ဘန်ကောက်မြို့နေ ကိုသက်ခိုင်က “ခုဆိုသွေးထွက်သံယိုမှုတွေဖြစ်လာပြီ၊ အရင်ဆန္ဒပြပွဲတွေဆိုရင်လည်း လူအုပ်ထဲ M-79 ပစ်ထည့်တဲ့အထိ ဖြစ်ပေါ်ခဲ့တာဆိုတော့ နောက်ရက်ပိုင်းတွေမှာ ဒီထက်မကပိုဆိုးလာနိုင်တယ်” ဟု ပြောသည်။

    ဗုံးထိမှန်သူများကို သယ်ဆောင်လာစဉ် (Internet)
    ဗုံးထိမှန်သူများကို သယ်ဆောင်လာစဉ် (Internet)
    ယခုလ ဒုတိယအပတ်တွင်လည်း စားသောက်ဆိုင်တွင် အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးအား သေနတ်မှန်ပြီး ဆေးရုံတင်ထားကြောင်း ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအား အကူအညီပေးနေသူ ဆရာတော်ဦးဇောတိက မိန့်ဆိုသည်။

    ဆရာတော်က “ဆန္ဒပြနေကြတဲ့လမ်းတစ်လျှောက်မှ သူတို့သူဌေးကညပိုင်းစားသောက်ဆိုင်ဖွင့်ထားတယ်၊ ဆူ ဆူညံညံဖြစ်လာတော့ အလုပ်သမားတွေက ဆိုင်သိမ်းဖို့သူဌေးကိုပြောတယ်၊ ဆိုင်သိမ်းနေရင်းနဲ့ပဲ နှစ်ဖက် အပြန်အလှန်ပစ်ခတ်နေကြတဲ့အချိန်မှာ သူတို့ကိုလာထိတာပေါ့၊ သူနဲ့အတူတူ မြန်မာနိုင်ငံသားတစ်ယောက်နဲ့ ထိုင်းနှစ်ယောက်ပါတယ်၊ ထိုင်းနှစ်ယောက်က ပွဲချင်းပြီး သေသွားတယ်၊ သူတို့နှစ်ယောက်ကိုတော့ ဆေးရုံ တင်ထားရတာပေါ့၊ နောက်တစ်ယောက်က အများအပြားထိခိုက်မှု မရှိတာကြောင့် ဆေးရုံကနေဆင်းသွားပါ ပြီး”ဟုပြောသည်။

    ထိုသေနတ်မှန်ထားသည့်သူမှာ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကျုံပကိုးကျေးရွာသား ကိုမျိုးမင်း(အသက် ၂၇ နှစ်) သည် ပေါင်တွင်တစ်ချက်၊ လက်မောင်းတွင် တစ်ချက်၊ ဗိုက်တွင်တစ်ချက် စုစုပေါင်း ၃ ချက်မှန်ပြီး ဘန်ကောက်မြို့ရှိ လာမားဆေးရုံသို့ ပို့ဆောင်ခဲ့ရခြင်း ဖြစ်သည်။

    ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအကူအညီပေးနေသူ မင်းဘခက်ကလည်း “သူသေနတ်မှန်ထားတာသူမသိဘူး၊ သူထိပြီးတော့ပြေးလို့နိုင်သေးတယ်၊ နောက်တော့ သေနတ်မှန်တယ်လို့သိတော့ ထိုင်းအဖွဲ့အစည်းတစ်ခုက သူ့ကိုဆေးရုံတင်ပေးလိုက်တယ်၊ ဆေးဖိုးဝါးခတွေတော့မကုန်ဘူးပေါ့၊ အဲဒီအဖွဲ့အစည်းက လိုရင်သုံးဖို့ ဘတ်ငွေတွေလည်းပေးခဲ့တယ်” ဟု ပြောသည်။

    အလားတူ ယခုလ ၈ ရက်နေ့တွင် ဆန္ဒပြပွဲအနီးရှိ မုန့်ဆိုင်တစ်ဆိုင်မှ မြန်မာနိုင်ငံသားကိုထွန်းထွန်းဦးကလည်း ထိုနည်းတူ သေနတ်ပစ်ခတ်ခံလိုက်ရသဖြင့် ဘန်ကောက်မြို့ဆေးရုံတစ်ရုံ၌ အရေးပေါ်ကုသခံခဲ့ရသည်ဟု သိရသည်။

    ထိုသို့ ဆန္ဒပြလူစုဝေးခြင်းတွင်မြန်မာနိုင်ငံသားများပါဝင်ပတ်သက်မှုမရှိရန်နှင့် ဆန္ဒပြပြုလုပ်မည့်နေရာများ သိရှိနိုင်ရန်အတွက် ဒေသဆိုင်ရာသတင်းမီဒီယာများအား မပြတ်လေ့လာကြရန်လည်း ဘန်ကောက်မြန်မာသံရုံးက ကြေညာချက်ထုတ်ပြန်တိုက်တွန်းနှိုးဆော်ထားသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလနောက်ဆုံးပတ် ထိုင်းဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၃၅ ဦး အပါအဝင် လူ ၁၀ဝ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများတွင်ဖေါ်ပြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts