spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းဒုတိယအကြိမ်မွန်လူငယ်များနေ့ အခမ်းအနားကျင်းပ

    ဒုတိယအကြိမ်မွန်လူငယ်များနေ့ အခမ်းအနားကျင်းပ

    -

    ခတ္တာနန်း – ဒုတိယအကြိမ်မြောက် မွန်လူငယ်များနေ့အခမ်းအနားကို Mon Youth Forman နှင့် မြို့နယ်အသီးသီးမှ မွန်လူငယ်ကိုယ်စားလှယ်တို့ စုပေါင်း၍ ယခုလ ၂၈ ရက်နေ့တွင် မွန်ပြည်နယ်၊ လမိုင်မြို့နယ်ခွဲ၊ မော့ကနင်ကျေးရွာတွင် ကျင်းပခဲ့သည်။

    မွန်လူငယ်များနေ့ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ မွန်လူငယ်များ တစ်နေရာထဲတွင် စုစည်းနိုင်ရန်သော်လည်းကောင်း၊ မွန်လူငယ်တို့၏ သွေးစည်းညီညွတ်မှုကို ပြသနိုင်ရန်သော်လည်းကောင်း၊ မွန်လူငယ်များအကြား ညီညွတ်ရေးတည်ဆောက်ရန်အတွက်ဖြစ်ကြောင်း MYF အထွေထွေ အတွင်းရေးမှူး နိုင်ညာဏ်သိုက်ရာမာန်က ပြောသည်။

    “ကျနော်တို့ အခမ်းအနားတစ်ခုထဲ လုပ်တာမဟုတ်ပါဘူး ညနေပိုင်းမှာ နယ်အသီးသီးက တက်ရောက်လာတဲ့ လူငယ်တွေနဲ့ နှီးနှောဖလှယ်ပွဲတွေ ဆက်လုပ်သွားမယ်၊ ဟောပြောပွဲတွေကိုလည်း လုပ်သွားမယ်” ဟု နိုင်ညာဏ်သိုက်ရာမာန်က ပြောသည်။

    မွန်လူငယ်များနေ့ အခမ်းအနားကျင်းပခြင်းကြောင့် မွန်လူငယ်များနှင့် နိုင်ငံရေး ခေါင်းဆောင်များအကြား၊ မွန်လူငယ်နှင့် သံဃာပျိုအဖွဲ့များအကြား မည်သို့ ပေါင်းကူးဆက်သွယ်ရမည်ဆိုသည့် ရလာဒ်ကောင်းများကိုလည်းကောင်း၊ ယခုခေတ်လူငယ်များ၏ ကြိုးပမ်းချက်များကိုလည်း တွေ့ရှိနိုင်မည်ဖြစ်ကြောင်း နိုင်ညာဏ်သိုက်ရာမာန်က ဆက်ပြောသည်။

    မွန်လူငယ်များအနေ့ အခမ်းအနားကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီနှင့် အခြား ဖိတ်ကြားထားသည့် ဧည့်သည်စုစုပေါင်း ၁ သောင်းနီးပါးခန့် တက်ရောက်ကြသည်ကို တွေ့ရှိရသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက“လူငယ်တွေဟာ ရဲရင့်တယ်၊ အရာအရာကို စွန့်လွှတ်နိုင်တယ်၊ အတ္တတရားလည်း နည်းတယ်၊ ဇွဲ ဝိရိယလည်းကောင်းပြီး ဘယ်အရာမဆို လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပြီးသားပါ” ဟု မွန်လူငယ်များအနေ့ အခမ်းအနားမိန့်ခွန်တွင် ပြောကြားခဲ့သည်။

    ထို့အပြင် လူငယ်များသည် လူမျိုးအတွက် အမှန်တကယ် လုပ်ဆောင်နိုင်မည်ကို ယုံကြည်ကြောင်း၊ အကြောင်းမှာ လူငယ်များသည် ထက်မြက်ကြပြီး အမှန်တကယ် လုပ်ဆောင်လျှင် အောင်မြင်မည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

    အခမ်အနား တက်ရောက်သူ သံဖြူဇရပ်မြို့နယ် မွန်လူငယ်ကိုဇာနည်ဟိန်းက “ ဒီအခမ်းအနားမှာ မွန်လူငယ်တွေကို တစုတစည်းထဲတွေရတယ်၊ ဒါဟာ အနာဂတ်အတွက် အင်းအားတွေဖြစ်လာနိုင်မယ်လို့ ကျနော့အနေနဲ့ ယုံကြည်တယ်” ဟု ပြောသည်။

    ယမန်နှစ်က ကျင်းပခဲ့သည့် မွန်လူငယ်များနေ့ ပထမအကြိမ်အခမ်းအနားကို ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်ပေါက်ကျေးရွာတွင် ကျင်းပခဲ့ပြီး လူဦးရေ ၃ ထောင်ခန့် တက်ရောက်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks