spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမွန်လွှတ်တော်အမတ်အချို့ ဒေသခံသဘောထားအမြင်များ ကောက်ခံ

    မွန်လွှတ်တော်အမတ်အချို့ ဒေသခံသဘောထားအမြင်များ ကောက်ခံ

    -

    ဂျူရီချိုင်း – မွန်ပြည်နယ် ရေးမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လွှတ်တော်ကိုယ် စားလှယ်များက ဦးဆောင်၍ နိုဝင်ဘာလ ၂၄ ရက်နေ့မှစတင်၍ ဒေသရှိကျေးရွာအလိုက် ပြည်သူလူထုတို့၏ လိုအပ်ချက် သဘောထားအမြင်ကောက်ခံမှုများ စတင်ပြုလုပ်နေကြကြောင်း သိရသည်။

    ရေးမြို့နယ်မြေပုံ (IMNA)
    ရေးမြို့နယ်မြေပုံ (IMNA)
    ရေးမြို့နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက “ဒေသဖွံ့ဖြိုးရေး လုပ်ဖို့အတွက် အခုကျနော်တို့ မြို့နယ်မှာရှိတဲ့ကျေးရွာတွေ ပြည်သူတွေရဲ့သ ဘော ထား လိုက် ကောက်နေတယ်၊ လျှပ်စစ်မီးပုံမှန်ရရှိဖို့၊ ရေလုံလုံလောက်လောက်သုံးနိုင်ဖို့ ဘယ်လိုလုပ်ရမှာလဲ၊ ဒီဟာတွေအားလုံးရဲ့ ကုန်ကျစရိတ် မွန်ပြည်နယ် ဝန်ကြီး ချုပ်ထံကို တင်မယ်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်မတတ်နိုင်လို့ရှိရင် ပြည်ထောင်စုလွှတ်တော်က လုပ်ပေး နိုင်ဖို့အထိ ဆက်တင်ပြသွားမယ်” ဟု ပြောသည်။

    ရေးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိမြင့်သန်းလည်း အတူလိုက်ပါ၍ ဆန္ဒသဘောထားအမြင်ကောက်ယူရာတွင် ပြည်သူလူထုများအနေဖြင့် အဓိက ရေ၊ လျှပ်စစ်မီး၊ လမ်းတံတားများ စသည့်လိုအပ်ချက်များ တောင်းဆိုခဲ့ကြ သည်ဟု ဆိုသည်။

    ထို့အပြင် ရေးမြို့နယ်မြောက်ပိုင်းရှိ သောင်ပြင်၊ တောင်ဘုံ၊ ကော့ဒွတ်၊ မော့ကနင်၊ ကုလားကုတ်၊ နှစ်ကရင်စသည့်ကျေးရွာများကို ဆန္ဒသဘောထားကောက်ခံမှုပြုလုပ်ခဲ့ပြီး ကျန်ရှိသည့် ကျေးရွာများကို ဆက်လုပ်ပြုလုပ်သွားမည်ဟု ဒေါက်တာဗညားအောင်မိုးက ပြောသည်။

    ယမန်နေ့က ရေးမြို့နယ် မော့ကနင်ကျေးရွာရှိ ပြည်သူသဘောထားအမြင်ကောက်ခံခဲ့ရာတွင်၂၄ နာရီပတ်လုံးလျှပ်စစ်မီးရရှိရန် တောင်းဆိုခဲ့ကြောင်း ဒေသခံကျေးရွာသားတစ်ဦးက ပြောသည်။
    ထို့အတူ ရေးမြို့အတွင်း လျှပ်စစ်မီတာခ တစ်ယူနစ်ကို ၅၅၀ ကျပ်နှင့် မီတာထိန်းသိန်းခအတွက် တစ်လလျှင် ၅၀ဝ ကျပ်ဖြင့် လစဉ်ပုံမှန်ကောက်ခံနေကြောင်း မြို့ခံ တစ်ဦးက ပြောသည်။

    သူက “အခု ကျနော်သုံးနေတဲ့ပုဂ္ဂလိကလျှပ်စစ်မီးစက်က အကုန်အကျသိပ်များနေတယ်၊ တကယ်လို့ အစိုးရလျှပ်စစ်မီးဆို တစ်ယူနစ်မှ ၅၀ လောက်ပဲပေးရတယ်၊ အဆင်လဲပြေတယ် ကုန်ကျတာလဲ သက်သာမှာပေါ့ ” ဟု ပြောသည်။

    မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက “လောလောဆယ် ကျနော်တို့မြို့နယ်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ဖို့ ပြည်သူတွေနဲ့မတွေ့ဆုံရသေးဘူး၊ ကျနော်တို့ လွှတ်တော်အမတ်တွေအချင်းအချင်း ညှိနှိုင်းပြီးတော့မှပဲ တွေ့ဖြစ်မယ်” ဟု ပြောသည်။

    ဒေသဖွံ့ဖြိုးရေးအသုံးစရိတ်များကို သက်ဆိုင်ရာဒေသရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည် သူ့လွှတ် တော်ကိုယ် စားလှယ်၊ ပြည်နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တို့၏ ဦးဆောင်မှုဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကို ဦးစားပေးအစီအစဉ် ၅ ခုဖြစ်သည့် ရေရရှိရေး၊ ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်ချက်များ အကောင်အထည် ဖော်သွားမည်ဟု သိရသည်။

    ယင်းငွေများကို နိုင်ငံတော်ဘက်ဂျက်ဟုခေါ်သော အစိုးရအသုံးစရိတ်တွင် မပါဝင်ဘဲ ပြည်ထောင်စု လွှတ်တော်က ပြည်သူလူထုအကျိုးအတွက် တိုက်ရိုက်ချထားပေးသည့်ဘက်ဂျက်ဖြစ်သည်။

    လွှတ်တော်က နိုင်ငံတဝန်းလုံးတွင် ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်ရန် ကျပ် ၃၃ ဘီလီယံကို မြို့နယ်ပေါင်း ၃၃၀ အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ မြို့နယ်တစ်ခုစီအလိုက် ကျပ်သိန်းတစ်ထောင် သုံးစွဲရန် ၂၀၁၃ ခု ဧပြီလ၌ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် အတည်ပြုထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks