spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမွန် ၂ ပါတီပေါင်းစည်းကြောင်း ကြေညာပြီ

    မွန် ၂ ပါတီပေါင်းစည်းကြောင်း ကြေညာပြီ

    -

    မင်းသုတ – ယမန်နေ့ညပိုင်းတွင်ကျင်းပသော ၂၅ နှစ်မြောက် မွန်ဒီမိုရေစီပါတီ၏ ငွေရတုအထိမ်းအမှတ် ညစာစားပွဲ့၌ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်ဒီမိုကရေပါတီ၂ ပါတီပေါင်းစည်းပြီးဖြစ်ကြောင်း နှစ်ဖက်ပါတီခေါင်းဆောင်များ ထုတ်ဖေါ်ပြောကြားခဲ့သည်။

    မွန်ပြည်နယ်၊ မော်လမြိုင်မြို ့မြေနီကုန်းရပ်ရှိ(ဆန်းရှိုင်းဗွီလာ) မြက်ခင်းပြင်တွင် မွန်ဒီမိုရေစီပါတီ(ယခင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF) က မွန်ရိုးရာအဆိုအကများနှင့်အတူ ညစာစားပွဲကျင်းပစဉ် မွန်ဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိမ်း၊ ဒုဥက္ကဌ(၁) နိုင်သက်လွင်၊ ဒုဥက္ကဌ(၂) နိုင်တင်အောင်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိန်း(နိုင်ဂျနူမွန်)၊ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်တလညီတို့ အမှာစကားအသီးသီးပြောကြားစဉ် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

    MDP ငွေရတုညစာစားပွဲ မြင်ကွင်း (Mi Kon Chan)
    MDP ငွေရတုညစာစားပွဲ မြင်ကွင်း (Mi Kon Chan)
    ဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိန်း(နိုင်ဂျနူမွန်)က “ဒီလ ၂၂ ရက်မှာ ကျနော်တို့ မွန် ၂ ပါတီပေါင်းစည်းပြီလို့ ဆုံးဖြတ်ချထားပြီးပြီ၊ မကြာမီ ပေါ်ပေါက်လာမယ့် ပါတီသစ်အတွက်ကိုလည်း အမည်ပေးကြပါ၊ ပါတီသစ်မှတ်ပုံတင်ဖို့ ကျနော်တို့ ပြင်ဆင်ကြပါပြီ” ဟု ပြောသည်။

    ယခုလ ၂၂ ရက်နေ့တွင် မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်ရှိ ဓါတုမာလာ မွန်ဘုန်းတော်ကြီးကျောင်း၌ နှစ်ဖက်ပါတီခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးအပြီး သဘောတူညီရခဲ့ကြခြင်း ဖြစ်သည်။

    မွန်ဒီမိုကရေစီပါတီ ဒုဥက္ကဌနိုင်တင်အောင်က “နှစ်ပါတီပေါင်းစည်းပြီးဆိုပေမယ့် ပါတီမှတ်ပုံတင်ကျဖို့ ဆောင်ရွက်ချက်တွေ ကျန်ရှိသေးတယ်၊ ပါတီသစ်ခွင့်ပြုချက်ကျပြီးတော့မှ လက်ရှိပါတီဟောင်းနာမည်တွေကို ဖျက်သိမ်းဖို့ သက်ဆိုင်ရာကို တင်ပြရပါဦးမယ်” ဟု ပြောသည်။

    မွန်ဒီမိုရေစီပါတီ၏ ငွေရတုအထိမ်းအမှတ် ညစာစားပွဲ့သို့ မွန်ရေးရာစိတ်ပါဝင်စားသူများ တစ်ထောင်ကျော်ခန့် တက်ရောက်အားပေးခဲ့ရာ ထင်ရှားသောမွန်ဂီတအနုပညာများ တက်ရောက်ဖြေဖျော်ကြသည်ဟု မွန်အရေးတက်ကြွလှုပ်ရှားသူ မင်းမင်းနွယ်က ပြောသည်။

    မွန်ဒီမိုကရေစီပါတီသည် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ၌ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF အမည်ဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ၂၀၁၀ ကို လက်မခံသဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိပေ။

    ထို့နောက် လက်ကျန်မွန်နိုင်ငံရေးခေါင်ဆောင်အချို့က မွန်ဒေသလုံးဆိုင်ရာဒီမိုရေစီပါတီ AMDP ဟု မှတ်ပုံတင်ကာ၂၀၁၀ ရွေးကောက်ပွဲတွင် မွန်ကိုယ်စားပြုပါတီအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမတ် ၁၆ နေရာ အနိုင်ရရှိခဲ့သည်။

    တဖက်တွင်လည်း မွန်အမျိုးသားဒီမိုကရေစီအဖွဲ့သည် ၂၀၁၂ ခုနှစ်တွင် မွန်ဒီမိုကရေစီပါတီ MDP အဖြစ်အမည်ပြောင်းလဲပြီး ပြန်လည်မှတ်ပုံတင်လိုက်ခြင်းကြောင့် မွန်နိုင်ငံရေးနှစ်ပါတီ အပြိုင်ဖြစ်ပေါ်လာရသည်ကို တွေ့ရှိရသည်။

    နောက်ပိုင်းတွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့သည် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် မွန်ဒီမိုကရေစီပါတီအမည်သစ်ဖြင့် ပါတီတည်ထောင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks