Homeသတင်းမြန်မာ့သယံဇာတကိစ္စ EITI အသင်းဝင်ရန် တိုက်တွန်း

မြန်မာ့သယံဇာတကိစ္စ EITI အသင်းဝင်ရန် တိုက်တွန်း

-

အေမီအောင် – နိုင်ငံတော်အစိုးရ၊ သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ရေးကုမ္ပဏီ ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ သုံးပွင့်ဆိုင်ပါဝင်သောပါဝင်သော မြန်မာနိုင်ငံကိုယ်စားပြု အဖွဲ့အစည်းတစ်ရပ်အနေဖြင့် သယံဇာတထုတ်လုပ်ရေး လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမူရှိစေရေး ကြိုးပမ်းမှု Extractive Industries Transparency Initiative (EITI ) အသင်းဝင်ဖြစ်ရန် ကြိုးပမ်းသင့်ကြောင်း မွန်ဒေသလူမှုဖွံဖြိုးရေးကွန်ယက် MSDN အဖွဲ့ဝင်တစ်ဦးက တိုက်တွန်းလိုက်သည်။

MSDN ဒုတိယညှိနှိုင်းရေးမှူး မင်းမင်းနွယ်က “သဘာဝသံယံဇာတမှရရှိလာတဲ့ အကျိုးမြတ်တွေကို ဘယ်နေရာမှာ ဘယ်လိုသုံးလိုက်သလဲ၊ ဘယ်လောက်အထိသုံးလိုက်သလဲ ဆိုတာ ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာ ဖော်ထုတ်ဖို့အတွက် EITI အသင်းကို ဝင်သင့်ပြီ”ဟု ပြောသည်။

နေပြည်တော် EITI အလုပ်ရုံဆွေးနွေးပွဲမှတ်တမ်း (MMN)
နေပြည်တော် EITI အလုပ်ရုံဆွေးနွေးပွဲမှတ်တမ်း (MMN)
EITI ၏လုပ်ဆောင်ချက်မှာ အစိုးရနှင့်ကုမ္ပဏီများအကြား၊ ရေနံ၊ သဘာဓါတ်ငွေ့၊ ကျောက်မီးသွေးစက်ရုံဆောက်လုပ်သည့်အခါတွင် သဘာဝပတ်ဝန်းကျင်၊ လူနေအိမ်မည်မျှထိခိုက်သွားသည်ကို စောင့်ကြည့်လေ့လာ၍ ရလဒ်အတိုင်း ပွင့်ပွင့်လင်းလင်းဖော်ထုတ်သည့်အဖွဲ့ဖြစ်ပြီး၊ ကမ္ဘာပေါ် တွင် နိုင်ငံပေါင်း ၁၅၃ နိုင်ငံတွင် EITI ဖွဲ့စည်းထားသည်ဟု ဆိုသည်။

မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက “အစိုးရ အနေနဲ့ ကုမ္ပဏီတွေကို အခွန်ကောက်တာ ဘယ်လောက်ရခဲ့သလဲ၊ ကုမ္ပဏီကရော အစိုးရကို မှန်မှန်ကန်ကန်ပေးနေသလားဆိုတာ ပွင့်ပွင့်လင်းလင်း ထုတ်ပြစေချင်တယ်” ဟု ပြောသည်။

ပွင့်လင်းမြင်သာမူရှိလာပါက ဗဟိုချုပ်ကိုင်မှုများကိုလျှော့ချပြီး တိုင်းရင်းသား ဒေသများတွင်ရှိသည့် သယံဇာတရင်းမြစ်များကို ပိုင်ဆိုင်ခွင့်နှင့် စီမံခန့် ခွဲခွင့် အာဏာများ ခွဲဝေစေပြီး ဒေသ ဖွံဖြိုးရေးလုပ်ငန်းများလုပ်စေချင်သည်ဟု သူကဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ရွှေ၊ ပလက်တီနမ်၊ ငွေ၊သတ္တု၊ခဲမဖြူ ၊ခနောင့်စိမ်း၊သွပ်၊ ကြေးနီ၊ တန်စတင်၊ခဲ၊ပတ္တမြား၊ဥဿဖရား၊ပုလဲ၊နီလာ၊ ကျွန်းသစ်အပါအဝင် သစ်အမျိုးမျိုး၊ စိုက်ပျိုးရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊သစ်တောထွက်ကုန်များကို ပြည်ထောင်စုအဆင့် ဗဟိုအစိုးရကသာ ချုပ်ကိုင်ထားခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ၄င်းဘဏ္ဍာမှငွေမည်မျှရ၍ မည်သို့သုံးစွဲကြောင်း မသိရသောကြောင့် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သည်ဟုလည်း ဦးအောင်နိုင်ဦးက ပြောသည်။

နေပြည်တော်၊ တော်ဝင်ကုမုဒြာဟိုတယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၆-၁၈ ရက်နေ့များအတွင်း Myanmar Development Resource Institute (MDRI) က ဦးစီး၍ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်တွင်းသတ္တုတွင်းလုပ်ငန်းရှင်များ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ခံများ၊ ပညာရပ်ပိုင်းဆိုင်ရာလေ့လာ စိတ်ဝင်စားသူများ စုစုပေါင်း တက်ရောက်သူ ၄၀ ခန့် တက်ရောက်ကြပြီး သယံဇာတထုတ်လုပ်ရေး လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမူရှိစေရေး ကြိုးပမ်းမှုအလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ထို့အတူ မြန်မာနိုင်ငံတွင် အဖွဲ့အစည်းဆိုင်ရာ စံနစ်အားနည်းခြင်းနှင့် ကျွမ်းကျင်မှုစံချိန်စံနှုန်းများ နိမ့်ကျခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင် လာဘ်စားမှုများမှာ အကျယ်အပြန့်ဖြစ်ပွားလျှက်ရှိသည်ဟု နိုင်ငံတကာ မြန်မာ့သတင်း BNI မှထုတ်ဝေသော ငြိမ်းချမ်းရေးနှင့်ပဋိပက္ခစစ်ပွဲများဆိုင်ရာ မြန်မာ့စီးပွားရေးအခြေအနေ အစီရင်ခံစာတွင်ဖော်ပြထားသည်။

ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုများအပေါ် ကမ္ဘာလုံးဆိုင်ရာ လေ့လာချက်များအရ မြန်မာနိုင်ငံသည် နိုင်ငံတကာ စံချိန်စံနှုန်းများမှာ ၂၀၁၂ ခုနှစ်စစ်တမ်းကောက်ယူမှုများအရ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၇၆ နိုင်ငံတွင် အဆင့် ၁၇၂ ၌ ရှိသည်ဟု ၄င်းအစီရင်ခံစာတွင်ဖော်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts