spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းရွှေဆိုင်လုယက်သူ တပ်မတော်အရာရှိတစ်ဦးအား သက်ဆိုင်ရာတပ်ဖွဲ့သို့လွှဲပြောင်း

    ရွှေဆိုင်လုယက်သူ တပ်မတော်အရာရှိတစ်ဦးအား သက်ဆိုင်ရာတပ်ဖွဲ့သို့လွှဲပြောင်း

    -

    အေမီအောင် – မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်ကျေးရွာရှိ ဦးတင်မြင့်ရွှေဆိုင်အား သထုံအခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦးက လက်နက်ငယ်ဖြင့်ခြိမ်းခြောက်၍ လုယက်မှုတရပ် နိုဝင်ဘာလ ၆ ရက်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ယခုအခါ သက်ဆိုင်ရာတပ်သို့ အပ်နှံလိုက်သည်ဟု သိရသည်။

    ဗိုလ်ကြီးအောင်မင်းခန့်၏ ၉ မမ ပစ္စတို (Facebook)
    ဗိုလ်ကြီးအောင်မင်းခန့်၏ ၉ မမ ပစ္စတို (Facebook)
    ဒေသခံသတင်းထောက်များ ပြောကြားချက်အရ ရွှေဆိုင်လုယက်သူမှာ သထုံအခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ် (လကတ) ၃၀၁၄ (ကြည်း) ၃၇၇၆ ဗိုလ်ကြီးအောင်မင်းခန့် နှင့်အတူ ၉ မမ ပစ္စတိုတစ်လက်၊ ကျည် ၉ တောင့်၊ ဆိုင်ကယ်တစ်စီး၊ ဖုန်း၊ မှတ်ပုံတင်၊ အရာရှိကဒ်ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ဇင်းကျိုက် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    သူက “ ဗိုလ်ကြီးအောင်မင်းခန့် ကို (ပ)၁၁၁/၂၀၁၃ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၉၂ အရ ပေါင်ရဲစခန်းမှာ အမှုဖွင့်ထားတယ်၊ စစ်ကဖြစ်တဲ့အတွက် သက်ဆိုင်ရာ တပ်ကို အပ်ထားပါတယ်” ဟုပြောသည်။

    ၄င်းဖြစ်စဉ်တွင် ရွှေဆိုင်ပိုင်ရှင်အား သေနတ်ထုတ်၍ ချိန်ရွယ်ကာ ရွှေများထုတ်ပေးရန် ပြောဆိုခဲ့ပြီး မှန်ခွဲ၍ရွှေများကောက်ယူနေချိန်တွင် အနီးပတ်ဝန်းကျင်ရှိ အိမ်နီးချင်းများရောက်ရှိကာ ဖမ်းမိခဲ့သည်ဟု ရွှေဆိုင်ပိုင်ရှင် ဦးတင်မြင့်က ပြောသည်။

    ဦးတင်မြင့်က “ သူက ဆိုင်ကယ်နဲ့လာတယ်၊ ရွှေတွေထည့်ခိုင်းတယ်၊ ကျနော်သမီးအိပ်နေတာ ဟိုပြောဒီပြောနဲ့ အလစ်မှာ နောက်ကနေခုံချလိုက်တယ် သမီးလည်းနောက်ဖေးကအော်တယ် ကျနော်အော်တော့ လူတွေရောက်လာပြီး ဖမ်းမိတယ် ” ဟုပြောသည်။
    ယခုအခါ ဦးတင်မြင့်ရွေဆိုင်သည် ပုံမှန်အတိုင်း ဆိုင်ဆက်လက်ဖွင့်နေသည် ဟု သိရသည်။

    ဇင်းကျိုက်ကျေးရွာပြည်သူ့စစ်ခေါင်းဆောင် ဦးဌေးမင်းက “ မှန်ခွဲသံ၊ အော်သံကြားတော့ ကျနော် ရယ် ဦးဝင်းနိုင် ၊ဦးတင်စိုး သူ့ကိုဝင်လုံးတော့ သူ့သေနတ် နဲ့ ကျနော်ကို ထုတယ် လက်ရောင်သွားတယ်၊ သူက ဦးထုပ်ဆောင်း ၊လက်အိပ်ဝတ်ထားတယ်” ဟုပြောသည်။

    ဘော်လုံးပွဲလောင်းကစားလုပ်ရာမှ အကြွေး ၁၁ သိန်း ပေးရန်ရှိသောကြောင့် သဲအိမ်ကျေးရွာရှိ လေကြောင်းရန် ကာကွယ်ရေး ၁၀ဝ၇ တပ်ရင်းသို့ အပြန်တွင် ရွှေဆိုင်တွေ့ကာစိတ်ရိုင်း ဝင်လာပြီး ယင်းကဲ့သို့ကျုးလွန်ခဲ့သည်ဟု ထွက်ဆိုထားသည်ဟု ဇင်းကျိုက်ရွာသားများက ပြောဆိုနေကြသည်။

    ဇင်းကျိုက်ရွာတွင် တပ်မတော်အရာရှိတစ်ဦးက ရွှေဆိုင်လုယက်မှုဖြစ်စဉ်မှာ ယခုပထမဆုံးအကြိမ်ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts