spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းNLD အခြေခံဥပဒေ သဘောထားကောက်ယူရာတွင် မွန်ပြည်နယ်အတွင်း ကန့်သတ်မှုအချို့ရှိ

    NLD အခြေခံဥပဒေ သဘောထားကောက်ယူရာတွင် မွန်ပြည်နယ်အတွင်း ကန့်သတ်မှုအချို့ရှိ

    -

    ခတ္တာနန်း – ၂၀ဝ၈ အခြေခံဥပဒေပြင်ဆင်ရေးနှင့် အသစ်ပြန်လည်ရေးဆွဲရေးဆိုင်ရာ ပြည်သူလူထု ဆန္ဒသဘောထားကောက်ယူမှုကို မွန်ပြည်နယ်အတွင်း လွန်ခဲ့သည့်အောက်တိုဘာလမှစတင် ပြုလုပ်ခဲ့ရာတွင် မြို့နယ်အချို့၌ ကန့်သတ်မှုများရှိခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မော်လမြိုင်ခရိုင် ဒု-ဥက္ကဌ ဦးကိုကိုဇော်က ပြောသည်။

    မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း ပြီးခဲ့သည့်လူထုသဘောသဘောထားဆန္ဒကောက်ယူခဲ့ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်နှင့် အုပ်ချုပ်ရေးမှူးတို့၏ ကန့်သတ်မှုကြောင့် မြို့နယ်တစ်ချို့တွင် NLD ရုံးအတွင်းသာ လုပ်ဆောင်ခဲ့ရသည်ဟု ဆိုသည်။

    ကျိုက်မရောမြို့ အခြေခံဥပဒေ သဘောထားကောက်ယူစဉ် (ကိုကိုဇော်)
    ကျိုက်မရောမြို့ အခြေခံဥပဒေ သဘောထားကောက်ယူစဉ် (ကိုကိုဇော်)
    ဦးကိုကိုဇော်က “ကျနော်တို့ကျယ်ကျယ်ပြန့်ပြန့်လုပ်ချင်ပေမယ့် အကန့်အသတ်တွေက များနေတယ်၊ ချောင်းဆုံနဲ့ ကျိုက်မရောမြို့နယ်ဆိုရင် လုံးဝကို နေရာငှားလို့မရဘူးဆိုတော့ ကိုယ့်ရုံးမှာပဲ လုပ်ရတာ လူက သိပ်အများကြီး တက်လို့မရဘူးဖြစ်သွားတယ်” ဟု ပြောသည်။

    ထိုသို့ ပြည်သူ့သဘောဆန္ဒ ခံယူမှုပြုလုပ်ရန်အတွက် မြို့နယ်ကော်မရှင် (သို့မဟုတ်) အုပ်ချုပ်ရေးမှူးအဖွဲ့ထံ ခွင့်ပြုမိန့်ရရှိရန် (၇) ရက်ကြိုတင် ခွင့်ပြုချက်တောင်းဆိုခဲ့သော်လည်း အကြောင်းပြချက်အမျိုးမျိုးကြောင့် အဟန့်အတားများဖြစ်ပေါ်ခဲ့ကြောင်း သူက ဆက်ပြောသည်။

    ဆက်လက်၍ ဦးကိုကိုဇော်က “ ကော်မရှင်ကလည်း ဒါက အုပ်ချုပ်ရေးအဖွဲ့နဲ့ဆိုင်တယ်ဆိုပြီး အုပ်ချုပ်ရေးကို သွားခိုင်းတယ်၊ အုပ်ချုပ်ရေးကလည်း ကော်မရှင်နဲ့ ဆိုင်တယ်ဆိုပြီး ကော်မရှင်ကို သွားခိုင်းတယ်၊ တစ်ချို့မြို့နယ်တွေကျတော့လည်း ငြိမ်းချမ်းစွာစုဝေးလှည့်လည်ခြင်း ဥပဒေနဲ့ ညိနေတယ်လို့ ဆိုပြန်တယ်၊ သတ်မှတ်တဲ့ရက်ကလွန်နေပြီတဲ့၊ မနက်ဖြန်မှာလုပ်တော့မယ် ဒီနေ့လိုမျိုးမှာ မပေးတော့ဘူး အဲဒီလို အမျိုးမျိုးသောအကြောင်းပြချက်တွေနဲ့ ကန့်သတ်ခံရတာတွေရှိခဲ့တယ်” ဟု ဆက်ပြောသည်။

    အလားတူ ယခုလ ၃ ရက်နေ့တွင် သံဖြူဇရပ်မြို့၊ ကြာကန်ကွင်း၌ ပြုလုပ်သည့် ဆန္ဒသဘောထား ကောက်ယူမှုတွင် အများစုမှာ NLD အဖွဲ့ဝင်များသာ တက်ရောက်ခဲ့ကြောင်း သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။

    “သံဖြူဇရပ်မှာက NLD ရဲ့ ပရိသတ် သိပ်မရှိဘူး၊ နောက်ပြီး လူတွေကလည်း စိတ်ဝင်စားမှု သိပ်မရှိကြဘူး၊ သူ့ပါတီ(NLD)က လူတွေပဲတက်တယ်၊ အပြင်လူသိပ်မရှိဘူး၊ လူ ၃၀ဝ လောက်ပဲ တွေ့ရတယ်” ဟု ၎င်းမြို့ခံက ဆက်ပြောသည်။

    ယင်းကဲ့သို့ ကန့်သတ်မှုများခံခဲ့ရသော်လည်း မွန်ပြည်နယ် ၁၀ မြို့နယ်လုံးတွင် ၂၀ဝ၈ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ပြန်လည်ရေဆွဲရေးဆိုင်ရာ လူထုသဘောဆန္ဒကောက်ယူမှုကို ပြုလုပ်ပြီးစီးသွားပြီဖြစ်ကြောင်း၊ နိုဝင်ဘာ ၄ ရက်နေ့တွင် ဘီးလင်းမြို့တွင် နောက်ဆုံးပြုလုပ်ခဲ့ကြောင်း သိရသည်။

    အဆိုပါပြည်သူသဘောဆန္ဒကောက်ယူမှုတွင် မွန်ပြည်နယ် ၁၀ မြို့နယ်လုံးရှိအနေဖြင့် အခြေခံဥပဒေပြင်ဆင်ရေးကိုသာ တက်ရောက်သည့် လူထုအားလုံး၏ ၉၀ ရာခိုင်နှုန်းကျော် ဆန္ဒပြုကြသည်ဟု NLD ကဆိုသည်။

    ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးဆိုင်ရာ အစီရင်ခံစာ နောက်ဆုံးထားသင်သွင်း ရမည့်ရက်ကို ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်က ရက်ပြောင်းရွေ့သတ်မှတ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks