spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်း၂၀ဝ၈ အခြေခံဥပဒေပြင်ဆင်သွားမည်ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီပြော

    ၂၀ဝ၈ အခြေခံဥပဒေပြင်ဆင်သွားမည်ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီပြော

    -

    ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း၏ ၁၅ ပါတီ၏ကြေညာချက်(NBF)
    ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း၏ ၁၅ ပါတီ၏ကြေညာချက်(NBF)
    ခတ္တာနန်း-၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ပြန်လည်ရေးဆွဲရေးကိစ္စတွင် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း၏ ၁၅ ပါတီ၏ သဘောထားရပ်တည်ချက်အတိုင်း အခြေခံဥပဒေပြင်ဆင်ရန် လုပ်ဆောင်သွားမည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

    “ညီနောင် ၁၅ ပါတီအနေနဲ့ အခြေခံဥပဒေမှာရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ မကိုက်ညီတဲ့ အချက်တွေးအားလုံးကိုပြင်မယ်၊ နောက်တစ်ခုက ဒီမိုကရေစီနဲ့ ဆန့်ကျင်နေတဲ့ အချက်တွေ အားလုံးကို ပြင်မယ်လို့ ဆုံးဖြတ်ထားတယ်” ဟု နိုင်ငွေသိန်းက ပြောသည်။

    ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့က နေပြည်တော်တွင်ကျင်းပခဲ့သော ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း၏ သဘောထားထုတ်ပြန်ကြေညာချက် ၅ ချက်အနက် အပိုဒ် ၂ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈)အား လိုအပ်သည်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် မလိုအပ်သည်များကို ပယ်ဖျက်ခြင်းဖြင့် ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ထောင်ရန် တိုက်တွန်းသည်ဟု ဖေါ်ပြပါရှိသည်။
    နိုင်ငွေသိန်းက “ ကြေညာချက်အတိုင်းဆိုရင် ပြင်ရမယ့်အချက်တွေအားလုံးကို ပြင်လိုက်ရင် အသစ်ရေးသလိုပဲ ဖြစ်နေပါပြီ” ဆက်ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးကလည်း ယခုအချိန်တွင် မိမိတို့ပါတီအနေဖြင့် ၂၀ဝ၈ အခြေခံဥပဒေရှိ ပြင်ဆင်ရမည့်အချက်အလက်များကို ပြုစုလျက်ရှိကြောင်း၊ အချက်အလက်အားလုံး ပြုစုပြီးလျှင် လွှတ်တော်သို့ ဆက်လက်တင်သွင်းသွားမည်ဖြစ်ကြောင်း ပြောသည်။

    “အခုအချိန်မှာ ပြုစုဆဲကာလ ဖြစ်တဲ့အတွက် အချက်ဘယ်နှစ်ချက်လည်းဆိုတာကိုတော့ အတိအကျ ပြောလို့မရနိုင်သေးပါဘူး၊ အားလုံးပြုစုလို့ ပြီးသွားမယ်ဆိုရင်တော့ ကျနော်တို့ ပြောနိုင်မှာပါ” ဟု ဒေါက်တာမင်းနွယ်စိုးက ဆက်ပြောသည်။

    ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအမတ် နှစ်ဦးပါဝင်လျှက်ရှိရာ အဆိုပါ ကော်မတီတွင် သီးသန့်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပါတီကိုယ်စားပြု အနေဖြင့် လည်း သီးသန့်တင်ပြသွားမည်ဟု သိရသည်။

    အလားတူ ဒီမိုကရေစီအဖွဲ့ချူပ် NLD မှလည်း ၂၀ဝ၈ အခြေခံဥပဒေပြင်ဆင်ရေး၊ အသစ်ပြန်လည်ရေးဆွဲရေးနှင့် ပတ်သက်၍လည်း ကော်မတီတစ်ရပ်ဖွဲ့စည်းကာ ပြည်သူလူထု၏ သဘောဆန္ဒအမြင်များ ကောက်ခံလျှက်ရှိပြီး အပြီးသတ်လုပ်ဆောင်မှုများပြီးဆုံးပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ လွှတ်တော်သို့ ဆက်လက်တင်သွင်းသွားမည်ဟု ထုတ်ဖေါ်ပြောကြားခဲ့သည်။

    ၂၀ဝ၈ ​ဖွဲ့စည်းပုံအခြေခံဥပဒေ ​ပြင်ဆင်ရေး ​(သို့မဟုတ်) ​အသစ် ​ပြန်လည်ရေးဆွဲရေးနှင့်ပတ်သက်ပြီး ​NLD ​နှင့် တိုင်းရင်းသား ​ပါတီတို့ ​တွေ့ဆုံ ဆွေးနွေးခဲ့ကြရာ သဘောထား ​မတိုက်ဆိုင်မှုများ တွေ့ရှိခဲ့သည့်အတွက် NLD အနေဖြင့် ​ပြည်သူ့ သဘောထားဆန္ဒခံယူရန် ဆုံးဖြတ်လိုက်ကြောင်း ​ အောက်တိုဘာ ​၁ ​ရက်နေ့တွင် ​NLD ပါတီက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

    မွန်အမျိုးသားဒီမိုကရေစီပါတီ MDP အနေဖြင့် ၂၀ဝ၈ ဖွဲ့စည်းပုံသည် ပြင်ဆင်အလွန်ခက်ခဲသောကြောင့် အသစ်ပြန်လည်ရေးဆွဲရန်အတွက် NLD နှင့် တိုင်းရင်းသားပါတီများ ​ဖွဲ့စည်းပုံအခြေခံဥပဒေ အပတ်စဉ်ဆွေးနွေးပွဲများတွင် တင်ပြခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts