spot_img
Sunday, January 25, 2026
More
    spot_img
    Homeသတင်းBNI က မြန်မာ့ငြိမ်းချမ်းရေးနှင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

    BNI က မြန်မာ့ငြိမ်းချမ်းရေးနှင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

    -

    BNI အင်တာနက်စာမျက်နှာ
    BNI အင်တာနက်စာမျက်နှာ
    မင်းသုတ – နိုင်ငံတကာမြန်မာ့သတင်း-BNI က “ငြိမ်းချမ်းရေးနှင့် ပဋိပက္ခစစ်ပွဲများဆိုင်ရာ မြန်မာ့ စီးပွားရေးအခြေအနေ” ခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲတရပ်ကို လာမည့်အောက်တိုဘာလ (၂၈)ရက်နေ့ မွန်းလွဲ ၂နာရီတွင် ရန်ကုန်မြို့၊ ကုန်သည်လမ်း ရှိ Myanmar Media Library ၌ ပြုလုပ်မည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

    အောက်တိုဘာ ၂၅ ရက် ၊ နေ့စွဲဖြင့် BNI ၏ အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ အပြောင်းအလဲကာလအတွင်း လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အခြေအနေများ၏ ဆက်စပ်ဖြစ်ပေါ်နေမှုများကို အချက်အလက်စုံလင်အောင် စုစည်းတင်ပြကာ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရန် ရည်ရွယ်၍ အစီရင်ခံစာရေးသားထုတ်ဝေခြင်း ဖြစ်သည်ဟု ဖေါ်ပြပါရှိသည်။

    BNI ဖွဲ့ဖြိုးရေးအရာရှိ နန်းဖောဂေက “အမှန်က မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ် စတင်ကတည်းက အချက်အလက် စုဆောင်းမှုတွေကို ဘီအဲန်အိုင်က လုပ်ဆောင်နေတာပါ။ အဲလိုစုဆောင်းထားတဲ့အထဲက ဒီအစီရင်ခံစာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပြန်ဆွဲထုတ်ရေးသား ထုတ်ဝေတာဖြစ်ပါတယ်” ဟု ပြောသည်။

    မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးပြဿနာသည် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုများနှင့်အတူ ဒွန်တွဲလိုက်ပါလျှက်ရှိရာ အထူးသဖြင့် တိုင်းရင်းသားဒေသများရှိ သဘာဝသယံဇာတများကို ပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲခွင့်အာဏာများနှင့် ပတ်သက်၍ အစိုးရမဟုတ်သည့် လက်နက်ကိုင်အဖွဲ့အစည်းများ တရားဝင် ဆက်လက်ရပ်တည်ရေး၊ လူမှုစီးပွားရေးတွင် တရားမျှတမှုမရှိသည့် လေ့လာတွေ့ရှိချက်များကို ယင်းအစီရင်ခံစာတွင် ဖတ်ရှုရမည် ဖြစ်သည်။

    “ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ ့ အပစ်အခတ်ရပ်စဲရေး နောက်ပိုင်း စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာတာက လက်ရှိ မြန်မာ့နိုင်ငံရေးကို အဟန့်အတားမဖြစ်စေချင်တာမို့ ဖြစ်ပေါ်မှုတွေကို လေ့လာတွေ့ရှိထားတာတွေ ဖော်ထုတ်တင်ပြလိုတဲ့ သဘောပါ။ ဒီအစီရင်ခံစာက အဓိက ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အကျိုးရှိအောင် စီးပွားရေးလုပ်ငန်းစဉ်ကို အဖက်ဖက်က အကျိုးရှိရှိ လုပ်ဆောင်သွားတာမျိုး ဖြစ်စေချင်ပါတယ်” ဟု နန်းဖောဂေက ပြောသည်။

    အဆိုပါသတင်းစာရှင်းလင်းပွဲအတွက် တက်ရောက်မည့်ပရိဿတ်များအားဖိတ်ကြားခဲ့ရာတွင် မီဒီယာအဖွဲ့များကိုသာ သီးသန့်မဟုတ်ဘဲ ပိုကျယ်ပြန့်စေရန် အခြားအသင်းအဖွဲ့များကိုလည်း Online မှတဆင့်ဘိတ်ကြားထားသည့်အတွက် မီဒီယာမဟုတ်သော အဖွဲ့အစည်းများလည်း တက်ရောက်လိမ့်မည်ဟု BNI က မျှော်လင့်ထားကြောင်း သူမက ဆက်ပြောသည် ။

    ယင်းအစီရင်ခံစာတွင် ပါဝင်သည့်အချက်အလက်များနှင့် လေ့လာတွေ့ရှိချက်များသည် မြန်မာ့အရေးကို တစိုက်မတ် မတ် ဆောင်ရွက်နေကြသည့် လူမှုအဖွဲ့အစည်းများ၏ ကြိုးပမ်းမှုများပင်ဖြစ်ပြီး အထူးသဖြင့် လက်ရှိ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးတွင် တရားမျှတရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် ဖြစ်ပေါ်နေသည့် စီးပွားရေး နစ်နာချက်များကို အဖွဲ့အစည်းပေါင်းစုံ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် BNI က ဖော်ထုတ်တင်ပြထားခြင်း ဖြစ်သည်။

    အလားတူ BNI ၏လေ့လာတွေ့ရှိချက်များကို စုစည်း၍ “မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်ခြင်း လမ်းညွှန်အကိုးအကား” အမည်ရှိစာအုပ်ကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ယခုနှစ် ဧပြီလတွင်ပုံနှိပ် ဖြန့်ဝေခဲ့သည်။

    နိုင်ငံတကာ မြန်မာ့သတင်း (BNI) အဖွဲ ့ဝင်များသည် လွတ်လပ်သော သတင်းစာနယ်ဇင်း ကျင့်ဝတ်ကို စွဲကိုင်ကာ လွတ်လပ်စွာ သတင်းထုတ်ဖော်ခွင့်ကိုလည်း မြှင့်တင်သွားမည်ဖြစ်ပြီး တိုင်းရင်းသားဒေသများနှင့် မြန်မာနိုင်ငံအတွင်းရှိ အဖြစ်အပျက်များကို ဘက်လိုက်မှု ကင်းပြီး ညီမျှမှုရှိသော သတင်းများဖြင့် ပြည်တွင်း၊ ဒေသတွင်း နှင့် နိုင်ငံတကာသို့ ရည်ရွယ် ရေးသားထုတ်ဝေနေသည့် သတင်းမီဒီယာ ကွန်ယက်တစ်ခု ဖြစ်သည်ဟု BNI အင်တာနက်သတင်းစာမျက်နှာတွင် ရေးသားဖေါ်ပြထားသည်။

    BNI သတင်းမီဒီယာ ကွန်ယက်တွင် တိုင်းရင်းသားသတင်းဌာနများဖြစ်ကြသော လွတ်လပ်သောမွန်သတင်းအေဂျင်စီ-IMNA၊ ကချင်သတင်းဌာန-KNG၊ ကုလားတန် သတင်းဌာန-KALADAN PRESS၊ ကန္တာရဝတီတိုင်း(မ်) (ကရင်နီ)၊ ရွှေဟင်္သာသတင်းဌာန၊ ကေအိုင်စီ(ကရင်)၊ ခိုနူမ်းထုန် သတင်းဌာန(ချင်း)၊ မဇ္ဈိမသတင်းဌာန၊ နိရဉ္စရာ သတင်းဌာန(ရခိုင်)၊ သတင်းနှင့်မီဒီယာကွန်ယက်၊ သျှမ်းသံတော်ဆင့်သတင်းနှင့် သံလွင်တိုင်း(မ်) စသည့် သတင်းဌာန ၁၂ ခုတို့ ပါဝင်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts