Tuesday, March 10, 2026
More
    spot_img
    Homeသတင်းမလေးရှားမြန်မာသံရုံးက 6P စီမံချက် ဒု-အကြိမ် ထုတ်ပြန်ကြေညာ

    မလေးရှားမြန်မာသံရုံးက 6P စီမံချက် ဒု-အကြိမ် ထုတ်ပြန်ကြေညာ

    -

    မလေးရှားတွင် 6P အစီအစဉ်လျှောက်သူများ(internet)
    မလေးရှားတွင် 6P အစီအစဉ်လျှောက်သူများ(internet)
    မင်းလုံး – မလေးရှားရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် မြန်မာနှင့်မလေးရှားအစိုးရတို့အကြား တရားမဝင်အလုပ်သမားများအား တရားဝင်ဖြစ်စေရန် ဆောင်ရွက်ပေးမည့် 6P အထူးအစီအစဉ်နှင့်ပတ်သက်ပြီး မြန်မာသံရုံးက ဒုတိယအကြိမ်ထုတ်ပြန်ကြေညာလိုက်ကြောင်းသိရသည်။

    မလေးရှားဥပဒေအရ မှတ်ပုံတင်ခြင်း၊ တရားဝင်အဖြစ် လုပ်ဆောင်ခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း၊ စစ်ဆေးမှုပြုလုပ်ခြင်း၊ အရေးယူခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်းကိစ္စရပ်များတွင် မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနက တရားမဝင် အလုပ်သမားများ တရားဝင်မှတ်ပုံတင်နိုင်ရန် 6P အစီအစဉ်ဖြင့် ဆောင်ရွက်ပေးသည့် အစီအစဉ်ဖြစ်သည်။

    မလေးရှားရောက် မွန်အလုပ်သမားတစ်ဦးက” ဒီ 6P အစီအစဉ်ကိုလုပ်ဖို့ မလေးရှားရောက်အလုပ်သမား အများစုကစောင့်နေခဲ့တာကြာပါပြီး၊ ထိုင်းနဲ့မတူဘူး၊ ပတ်စ်ပို့ရှိပြီး အလုပ်လုပ်ခွင့်မရှိရင် မလေးရှားမှာက လိုက်ဖမ်းတယ်၊ 6P လုပ်ဖို့အကုန်အကျများပေမဲ့ လုပ်မယ့်လူတွေတော်တော်များများရှိနေကြပါတယ်” ဟု ပြောသည်။

    မလေးရှားစီးပွားရေးလုပ်ငန်းရှင်များ၏တောင်းဆိုမှုကြောင့် မလေးရှားပြည်ထဲရေးဝန်ကြီးဋ္ဌာနက ယခင် 6P အစီအစဉ်ကို ၂၀၁၁ သြဂုတ်လမှ ၂၀၁၂ ဧပြီလအထိဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။

    ယင်းအစီအစဉ်တွင် မှတ်ပုံတင်ထားသောသူများမှ ပါမစ်မရသေးသူများအတွက် အလုပ်ပါမစ်လျှောက်ခွင့်ပြုမည့်အစီအစဉ်ကို ယမန်နေ့မှစပြီး ၂၀၁၄ ဇန်နဝါရီလအထိ ၃ လ ကြာဆောင်ရွက်ပေးမည်ဟု မြန်မာသံရုံးထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

    ဆက်လက်၍ မွန်အလုပ်သမားက “တချို့အလုပ်သမားတွေက ပတ်စ်ပိုကိုင်ထားပြီး အလုပ်ကတစ်နေရာ work ပါမစ်ကတစ်နေရာ လုပ်ထားလို့ ဒုက္ခရောက်နေတဲ့ အလုပ်သမားတွေအများကြီးပဲ၊ အရင် ဒီ 6P ကိုလုပ်တော့ ပွဲစားတွေရဲ့ အမြတ်ထုတ်မှုကိုခံရပြီး အလုပ်မဖြစ်တာတွေလည်းအများကြီးပဲ၊ အခုဒုတိယအကြိမ်အစီအစဉ်မှာတော့ အများကြီးအဆင်ပြေလာမယ်လို့ မျှော်လင့်တာပဲ” ဟု ဆက်ပြောသည်။

    ယခင် 6P အစီအစဉ်တွင် ပွဲစားအချို့၏ လိမ်လည်မှု၊ အမြတ်ထုတ်မှု၊ ခေါင်းပုံဖြတ်မှုများရှိခဲ့ခြင်းကြောင့် ယခုအကြိမ်၌ သက်တမ်းရှိနိုင်ငံကူးလက်မှတ်ကိုင်ဆောင် ထားသည့် မြန်မာအလုပ်သမားများကိုယ်စား ၄င်းတို့၏အလုပ်ရှင်က မလေးရှားပြည်ထဲရေးဝန်ကြီးဋ္ဌာနတွင် လျှောက်ထားနိုင်သည်ဟု သိရသည်။

    ယခု 6P စီမံချက်သည် ဒုတိယအကြိမ်ပြုလုပ်ခြင်းဖြစ်၍ ယခင်အလုပ်လုပ်ခွင့်မရရှိခဲ့သည့် အလုပ်သမားများအတွက် အဓိကထားဆောင်ရွက်ပေးမည်ဖြစ်ပြီး ကုန်ကျစရိတ်မှာ ရင်းဂစ် ၃၀ဝ၀ မှ ၄၀ဝ၀ ဝန်းကျင်ရှိကြောင်း မလေးရှားရောက်မြန်မာအလုပ်သမားများအား လူမှုရေးဆိုင်ရာတွင်ကူညီပေးနေသည့် ဦးသီဟမောင်မောင်က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks