spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်း၂၀၁၅ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မည်ဟု မွန်ဒီမိုကရေစီပါတီ အတွင်းရေးမှူးပြော

    ၂၀၁၅ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မည်ဟု မွန်ဒီမိုကရေစီပါတီ အတွင်းရေးမှူးပြော

    -

    ဒေါက်တာမင်းစိုးလင်း ဟောပြောနေစဉ်(Facebook)
    ဒေါက်တာမင်းစိုးလင်း ဟောပြောနေစဉ်(Facebook)
    မင်းလုံး – လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတိုင်းအတာဖြင့် မွန်ဒီမိုကရေစီပါတီ(MDP) ဝင်ရောက်ယဉ်ပြိုင်ရန်အဆင်သင့်ဖြစ်နေကြောင်း မွန်ဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက ပြောသည်။

    သူက “ကျနော်တို့ပါတီအနေနဲ့ လာမယ့်ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ပြီးခဲ့တဲ့ မွန်အမျိုးသားကွန်ဖရင့်မှာ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်၊ ကျနော်တို့က ပါတီဟောင်းဖြစ်နေတာဆိုတော့ သိပ်ပြီးတော့ပြင်ဆင်စရာမလိုပဲ ဝင်ပြိုင်ဖို့အဆင်သင့်ပါပဲ” ဟု ပြောသည်။

    မလေးရှားနိုင်ငံရောက် မွန်အဖွဲ့အစည်းအသီးသီးက မွန်ဒီမိုကရေစီပါတီ၏ အထွေထွေ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များကို ဖိတ်ကြား၍ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေများနှင့် MDP ပါတီ၏သဘောထားများကို မလေးရှားရောက်မွန်လူထုများနှင့် တွေ့ဆုံဆွေးနွေးခဲ့စဉ် ထပ်မံပြောကြားခဲ့ခြင်း ဖြစ်သည်။

    ထို့အတူ မွန်ဒီမိုကရေစီပါတီ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်ကျော်ဝင်းက “မြန်မာနိုင်ငံရဲ့လက်ရှိနိင်ငံရေးအခြေအနေအပေါ်မှာ မွန်တိ်ုင်းရင်းသားအပါအဝင် အခြားတိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍတွေရယ်၊ ကျနော်တို့ ပါတီရဲ့ဘဘောထားတွေကို ဆွေးနွေးဖြစ်ခဲ့တယ်” ဟု ပြောသည်။

    MDP ပါတီ၏ မလေးရှားနိုင်ငံရောက်မွန်လူထုများနှင့်ဆွေးနွေးပွဲခရီးစဉ်တွင် MDP အထွေထွေအတွင်းရေး မှူး ဒေါက်တာမင်းစိုးလင်း၊ MDP နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်မင်းကျော်ဝင်းနှင့် မော်လမြိုင်မြို့နယ် အလုပ်မှုဆောင်အဖွဲ့ဝင် မိကွန်ထော တို့ပါဝင်ကြောင်း သိရသည်။

    ပြီးခဲ့သည့် ၁၉ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ပူလန်တန်မြို့ဆွေးနွေးပွဲကျင်းပ၌ မွန်လူဦးရေ တစ်ထောင်ကျော်ခန့်၊ ၂၀ ရက်နေ့တွင် ပီနန်မြို့၌ မွန်လူဦးရေ ၅၀ဝ ကျော် တက်ရောက်ကြသည်တွေ့ရှိရပြီး လာမည့် ၂၂ ရက်နေ့တွင် ကွာလာလမ်ပူမြို့၌ တွေ့ဆုံပွဲဆက်လက်ကျင်းပမည်ဟု နိုင်ကျော်ဝင်းက ဆက်ပြော သည်။

    ယခင် ၁၉၉၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ပြီး အဖျက်သိမ်းခံမွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF က ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲကော်မရှင်ထံ ပြန်လည်မှတ်ပုံတင်၍ မွန်ဒီမိုကရေစီပါတီ MDP အဖြစ် ရပ်တည်လာခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks